
UNICODE
ဒီကနေ့ သြဂုတ်လ(၃၁) ရက်နေ့ကတော့ နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီများရှင် စိုးမြတ်သူဇာနဲ့ နိုင်ငံကျော် အဆိုတော် နီနီခင်ဇော်တို့ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာနဲ့ နီနီခင်ဇော်တို့အတွက် သူမတို့ရဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းတွေ အသီးသီး ဆုတောင်းပေးခဲ့ကြတာကိုလည်း ပျော်ရွှင်ဖွယ် တွေ့ရပါတယ်။
ဒီနေ့မှာတော့ စိုးမြတ်သူဇာနဲ့ နီနီခင်ဇော်နဲ့ နေခြည်ဦးတို့က ရန်ကုန်မြို့ မြန်မာပလာဇာမှာ ကျင်းပပြုလုပ်တဲ့ “Freeplus Myanmar Brand Lauching” ပွဲလေးကို တက်ရောက်ခဲ့ကြပါတယ်။ ထိုပွဲလေးမှာ နီနီခင်ဇော်နဲ့ စိုးမြတ်သူဇာအတွက် ကိတ်လေးခွဲပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြတာကို တွေ့ရပါတယ်။
နေခြည်ဦးကလည်း သူမရဲ့ စီနီယာမမတွေအတွက် Happy Birthday မကြီးစိုးနဲ့ မနီနီ ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။ ပရိသတ်ကြီးအတွက် နေခြည်ဦး၊ စိုးမြတ်သူဇာ၊ နီနီခင်ဇော်တို့ရဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို မျှဝေပေးလိုက်ပါတယ်နော်။
စိုးမြတ်သူဇာနဲ့ နီနီခင်ဇော်အတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နေခြည်ဦး
နေခြည်ဦးကတော့ မကြီးစိုးနဲ့ နီနီခင်ဇော်ရဲ့ မွေးနေ့လေးမှာ တော်တော်လေး ပျော်နေပုံပါပဲ။ ပရိသတ်ကြီးလည်း စိုးမြတ်သူဇာနဲ့ နီနီခင်ဇော်တို့အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦးနော်။
CRD-Rowena,Source: Nay Chi Oo’s fb