ပရိသတ်တွေပေးတဲ့ လက်စွပ်တွေများလာရင် ဘုရားမှာ ဌာပနာလုပ်မယ်ဆိုတဲ့ ထက်ယံ


ထက်ယံကတော့ ပရိသတ်တွေ သူ့ကို လက်ဆောင် အနေနဲ့ လက်စွပ်တွေ ပေးကြတဲ့ အပေါ်မှာတော့ “လက်စွပ်လား နောက်မှစုံအောင်ဝတ်ခဲ့မယ် ဖန်တွေကလက်စွပ်တွေပေးတယ် အရင်ကအရုပ်တွေပေးတာ ကျွန်တော်က မိဘမဲ့ကလေးတွေ သွားလှူလိုက်တော့ ဖန်တွေက ရွှေတွေဘဲပေးတော့တယ် ကြွယ်သလိုဖြစ်သွားလား နောက်ထက်၂ကွင်း အိမ်မှာရှိသေးတယ် စုစုပေါင်း၎ကွင်း တချို့ဟာတွေကမဝတ်ဖြစ်ဘဲ သိမ်းထားတာပေါ့နော် ပရိသတ်တွေကပေးတဲ့ လက်ဆောင်တွေပါ”




“ကျွန်တော်ဖန်တွေက ထုးဆန်းတယ်နဲနဲ ကျွန်တော်အနုပညာပေါ်မှာ ရှုးသွပ်သလိုမျိုး သူတို့ကလဲ ကျွန်တော်အပေါ် နဲနဲလေးတော့သူများထက် ရှုးသွပ်တယ်တင်တယ် ဒါပေမဲ့လဲအားတက်တာပေါ့နော် အာ့ဒါကြောင့် ကျွန်တော်လုပ်ရမဲ့အလုပ်တွေတိုင်းမှာ ပရိတ်သတ်တွေအတွက် အမြဲတမ်းကြည့်ပေးတယ် ပရိသတ်တွေအပေါ်မှာ စိတ်ကိုအရှည်ဆုံးထားပြီး အကောင်းဆုံးဖြစ်အောင် သူတို့အပေါ်ဆက်ဆံပေးတယ်”


CRD-Nanmalgyi

Unicode

လူငယ်ကြိုက်သီချင်း ခပ်မြူးမြူးလေးတွေနဲ့ ပရိသတ်တွေ အမှန်အကန် အားပေးကြတဲ့ အဆိုတော် ထက်ယံကတော့ သူ့ကို သူ့ရဲ့ ပရိသတ်တွေက အမှတ်တရ လက်ဆောင်အနေနဲ့ လက်စွပ်တွေ ပေးတဲ့ အကြောင်းကို ပြောကြားလာခဲ့ပါတယ်။ ထက်ယံကတော့ လူငယ်ပရိသတ်တွေလည်း အားပေးသလို ခပ်မိုက်မိုက်စတိုင်လ် တွေကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဖြစ်ပါတယ်။

ထက်ယံကတော့ ပရိသတ်တွေ သူ့ကို လက်ဆောင် အနေနဲ့ လက်စွပ်တွေ ပေးကြတဲ့ အပေါ်မှာတော့ “လက်စွပ်လား နောက်မှစုံအောင်ဝတ်ခဲ့မယ် ဖန်တွေကလက်စွပ်တွေပေးတယ် အရင်ကအရုပ်တွေပေးတာ ကျွန်တော်က မိဘမဲ့ကလေးတွေ သွားလှူလိုက်တော့ ဖန်တွေက ရွှေတွေဘဲပေးတော့တယ် ကြွယ်သလိုဖြစ်သွားလား နောက်ထက်၂ကွင်း အိမ်မှာရှိသေးတယ် စုစုပေါင်း၄ကွင်း တချို့ဟာတွေကမဝတ်ဖြစ်ဘဲ သိမ်းထားတာပေါ့နော် ပရိသတ်တွေကပေးတဲ့ လက်ဆောင်တွေပါ”

“ရွှေမှမဟုတ်ဘူး အကုန်ကြိုက်တယ် ရွှေမကြိုက်တဲ့လူ မရှိဘူးလေနော် အကုန်ကြိုက်ပါတယ် ဒါပေမဲ့ ပရိသတ်ပေးတာဆိုတော့ သူတို့က ဝတ်တာမြင်ချင်တယ်ဆိုတော့ အမြတ်တနိုးနဲ့ ဝတ်ပေးထားတာပါ။ သူတို့မှန်းတာဖြစ်မယ် သူတို့ပေးတဲ့လက်စွပ်က ကွက်တိဘဲ လက်သန်းကြွယ် မဟုတ်ရင်လက်ညှိုးမှာ ဝတ်လို့ရတယ်အမြဲတမ်း ပရိသတ်တွေက ကျွန်တော်လက်ကို မှန်းတာတော်တယ်ပေါ့။ တခြားကွင်းတွေက မောင်းကွင်းတွေဘဲ ကျွန်တော်ဖန်ထဲ တစ်ယောက်ကပေးတာ HY ဆိုပြီးပေးတာ ကောင်မလေး ဒီကမဟုတ်ဘူး မြစ်ကြီးနားကဘဲ လက်ဆောင်ပို့ပေးတာ”

“ကျွန်တော်ကို ပရိသတ်တွေပေးတဲ့ လက်စွပ်လေးကွင်း သေးသေးလေးနဲ့ဆို ငါကွင်းရှိပြီ ဒီသေးသေးလေးက ကောင်လေးတစ်ယောက်ပေးတာ နယ်မှာသွားဆိုတုန်းက ကောင်လေးတစ်ယောက်က ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး ကျွန်တော်လဲရိုက်ပေါ့ ဓာတ်ပုံရိုက်ရင်းသူလက်က လက်စွပ်လေးချွတ်ပြီး ဒါလေးအစ်ကိုယူသွားပေးပါနော် ဆိုပြီးလက်မှာစွပ်ပေးသွားတာ ယောကျာ်းလေးပေးတာ ကျန်တဲ့သုံးကွင်းက မိန်းကလေးတွေပေးတာ အရမ်းများလာရင်တော့ ကျွန်တော်အဲ့ဒါတွေ အားလုံးပေါင်းပြီး ဘုရားမှာဌာပနာတည်လိုက်မယ်လို ကျွန်တော် စိတ်ကူးထားတယ် တန်ဖိုးလဲထားပါတယ် လောလောဆယ်တော့ ဝတ်ထားတာသူတို့မြင်စေချင်တော့ ဝတ်ထားပါတယ်”

“အလှည့်ကျဝတ်ပေးဖြစ်တယ် အကုန်လုံးဝတ်ထားရင်လဲ အရှုးလိုဖြစ်နေမယ် အာ့ကြောင့်အလှည့်ကျဝတ်ဖြစ်တယ်။ တချို့ကွင်းတွေက အမေဆီမှာ ကျွန်တော်ဆီထားရင် ပျောက်မှာဆိုးလို့ ဒီမှာကျွန်တော်ဆီရှိတာလေး ဝတ်ထားတာပါ နောက်ပြီးအရုပ်တွေကျတော့ သွားပြီးလှူလိုက်တော့ ဖန်တွေကလက်စွပ်ကျ ကျွန်တော် မလှူမှန်းသိတယ်လေ သူတို့ကရွှေပေးမယ်ဆိုပြီး အတွေးရပြီးပေးတာဖြစ်ပါလိမ့်မယ်”

“ကျွန်တော်ဖန်တွေက ထုူးဆန်းတယ်နဲနဲ ကျွန်တော်အနုပညာပေါ်မှာ ရှုးသွပ်သလိုမျိုး သူတို့ကလဲ ကျွန်တော်အပေါ် နဲနဲလေးတော့သူများထက် ရှုးသွပ်တယ်တင်တယ် ဒါပေမဲ့လဲအားတက်တာပေါ့နော် အာ့ဒါကြောင့် ကျွန်တော်လုပ်ရမဲ့အလုပ်တွေတိုင်းမှာ ပရိတ်သတ်တွေအတွက် အမြဲတမ်းကြည့်ပေးတယ် ပရိသတ်တွေအပေါ်မှာ စိတ်ကိုအရှည်ဆုံးထားပြီး အကောင်းဆုံးဖြစ်အောင် သူတို့အပေါ်ဆက်ဆံပေးတယ်”

“အမှတ်တရ လက်ဆောင်တွေက နားကြပ်တွေရှိတယ် အရင်တုန်းကတော့ အရုပ်အကြီးကြီးတွေ ပေးဖူးတာပဲ ရှိတယ် ထူးထူးဆန်းဆန်းဆို hand made လုပ်ထားတာလေးတွေပေးတယ် အဲ့လိုမျိုးတွေကျ ကျွန်တော်မပေးဖြစ်ဘူး အိမ်ထဲမှာဘဲသိမ်းထားတယ် တချို့လဲတော်တော်အပင်ပန်းခံပြီးပေးကျတယ် စိတ်ရှည်ရှည်နဲ့ ကျွန်တော်အတွက်တော်တော် အချိန်ပေးထားတာဘဲဆိုတာ သိလိုက်ရတဲ့အတွက် ရင်ထဲမှာပီတီဖြစ်တယ်ပေါ့နော်” ဆိုပြီး ပရိသတ်တွေ သူ့ကို လက်ဆောင်ပေးတာနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။