ဦးကျော်သူ တို့ ဇနီးမောင်နှံအတွက် ဘုရားဆင်းတုတော် လက်ဆောင်ပေးခဲ့တဲ့ ဒေါင်း

ပရိသတ်တွေချစ်ကြတဲ့ ညှို့အားပြင်းတဲ့ သရုပ်ဆောင်ဒေါင်းဟာ ပရိသတ်တွေ လက်ထဲကို ရုပ်ရှင်ကားတွေ အနည်းငယ် သာ ချပြနိုင်သေးပေမယ့် သူ့ရဲ့သရုပ်ဆောင်မှုတွေက ဝါရင့်တစ်ယောက်လို့ ထင်ရတယ် ဆိုကာ ချီးကျူးခံထားရတဲ့ အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။

သူဟာ လတ်တလောမှာလဲ ရုပ်ရှင်ကားကြီးတွေရိုက်ကူးဖို့ ပြင်ဆင် နေပြီး နောက်ထပ်ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားတွေလဲများစွာရှိနေပါတယ်။

သူက ယနေ့မှာတော့ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ဇီးကွက်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်ပြီး အဲ့ဒီအတွက် ဒေါင်းက အမှတ်တရလက်ဆောင်လေးပေးခဲ့ပါတယ် အဲ့လိုပေးခဲ့တဲ့ အကြောင်းကို ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူရေးသားခဲ့တာကတော့ ” ဒေါင်း ရဲ့ (၃၈)နှစ်ပြည့်ကျွန်တော်တို့ဇနီးမောင်နှံအတွက်မင်္ဂလာလက်ဆောင်။ ပန်းစည်း၊ သလင်းကျောက်ဆင်းတုတော်၊ ဆိုင်ကယ်စီးအဖိုးအဖွား စားပွဲတင်အရုပ်လေး ” လို့ ဆိုကာ ပုံလေးတွေနဲ့ အတူရေးသားဖော်ပြခဲ့ပါတယ်။