You are here
Home > အနုပညာ > ခင်ပွန်း မွေးနေ့နဲ့သားလေး ကျောင်းပိတ်ရက်ကို ရွေးပြီး မိသားစုဆွမ်းလောင်းအလှူကို ပြုလုပ်ခဲ့တဲ့ ဆုပန်ထွာ





Source : Supan Htwar
ချစ်သဲမေ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“ခင်ပွန်း မွေးနေ့နဲ့သားလေး ကျောင်းပိတ်ရက်ကို ရွေးပြီး မိသားစုဆွမ်းလောင်းအလှူကို ပြုလုပ်ခဲ့တဲ့ ဆုပန်ထွာ”

ပရိသတ်တွေ လေးစားအားကျရလောက်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ သရုပ်ဆောင်ပိုင်းမှာရောအဆိုပိုင်းမှာပါ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။မကြာသေးခင်ကမှ” သေလောက်အောင်ချစ်တယ်”ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိအောင်မြင်ထားတာဖြစ်ပြီးတော့ အခွေတွေကို Order မှာယူရလောက်တဲ့ အထိ ပရိသတ်အားပေးကြမ်းတာကို ခံခဲ့တဲ့ အဆိုတော်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

လတ်တလောမှာတော့ ဆုပန်ထွာက ပရိသတ်တွေအားကျစေလောက်ရတဲ့ မိသားစုလေးကို ချစ်စရာကောင်းတဲ့ သားဦးလေးတစ်ယောက်နဲ့အတူ ပိုင်ဆိုင်ရရှိထားတာဖြစ်ပြီး သားလေးက ခုဆိုရင်တော့ မူကြိုတောင် စတက်နေပြီပဲဖြစ်ပါတယ်။ သူတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးဟာဆိုရင် အပတ်စဉ် ကြာသပတေးနေ့တိုင်း မိသားစုဆွမ်းလောင်းကုသိုလ်ကို ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆုပန်ထွာက ကြာသပတေးနေ့က သားသားလေး ကျောင်းတက်ကမှာဖြစ်လို့မိသားစုဆွမ်းလောင်းအလှူကို တနင်္ဂနွေနေ့ကို ပြောင်းလိုက်ရပါတယ် ဆိုတဲ့ အကြောင်းကို “သူတော်ကောင်းများနဲ့သာတွေ့ရဆုံရပါလို၏။ဤကုသိုလ်ကောင်းမှူလေးတွေကြောင့်ဘဝမှာစိတ်အေးချမ်းသာယာစွာနေရပါလို၏ဘုရား” Roar Roar လေးကျောင်းတက်ရတော့ ကြာသပတေးနေ့သူမရှိတာမို့ မိသားစုဆွမ်းလောင်းကုသိုလ်လေးကို သူရှိမယ့်ရက်၊ ကိုဥက္ကာမွေးနေ့လေးမို့ “တနင်္ဂနွေနေ့” ပြောင်းပြီးဆွမ်းလောင်းဖြစ်ပါတယ်”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်…..။

Source : Supan Htwar
ချစ်သဲမေ CeleGabar

Top
//sotchoum.com/4/3018672