credit- ယမင်းဖြူ
Unicode Version
နှလုံးသွေးကြောကျဉ်းသူများအတွက်အသက်ကယ်ဆေး [အစွမ်းထက်တဲ့ ဆင်ငိုမြက်]
မြက်တကာမြက်ထဲတွင်ဆင်ငိုမြက်မှာအင်အားအကြီးဆုံးဖြစ်သည့်အလျှောက်နှလုံးသွေးအားနည်းရင်တုန်မူးဝေအိပ်မပျော်သူများအတွက်အလွန်ဆေးစွမ်းထက်ပါသည်။
ဆင်ငိုမြက်လို့ခေါ်တဲ့ ဒီအပင်ကလေကိုနှလုံးသွေးကြောကျဉ်းသူတွေအတွက်၎င်းပဉ္စငါးပါးကိုပြုတ်သောက်ရပါတယ်
ဆင်ငိုမြက်ဟာမြစ်ကမ်းဘေးမှာပေါက်တဲ့ထီးရိုးမြက်နဲ့မတူပါဘူး
တောင်ထီးရိုးမြက်ဟာအပင်မကြီးပါအမွေးလည်းမရှိပါ
အမြင့်ဆုံးတပေထက်မကျော်ပါဒီဆေးပင်ဟာ ဒေသတိုင်းမှာပေါက်ပါတယ်
ဆင်ငိုမြက်ပဉ္စငါးပါး လက်တစုပ်ကိုရေစင်အောဆေးပြီးသုံးခွက်တစ်ခွက်တင်ပြုတ်ပြီး တရက်ကိုတစ်ခွက်သောက်ပေးရပါသည်
တပတ်ကြာလျှင်ထူးခြားစွာဖြင့်နှလုံးရောဂါသက်သာပျောက်ကင်းကြောင်းသိမြင်ရပါလိမ်မြည်။ ။
ဆေးရုံတက်လို့မပျောက်တဲ့ရောဂါကို ဒီဆေးလေးလက်တွေ့ပျောက်ကင်းချမ်းသာပါတယ်
ပျောက်ကင်းသူတွေအများအပြားတွေ့ရလို့စေတနာဖြင့်မျှဝေပေးလိုက်ပါတယ်
ဒေသ အလိုက် မြက်မုန်ညင်း ဆင်ငိုမြက်
ဒေါင်းမုတ်ဆိတ်မြက် အမျိုးမျိုး ကွဲပြားခေါ်ဝေါ်ကြကြောင်း သိရပါတယ်
ဆင်ငိုမြက်ဂုဏ်နှင့် စွမ်းရည်
ဆင်ငိုမြက်ပြုပ်ရည်ကို ကလေးများ တက်သောအခါ၌ တိုက်ရ၏
တပင်လုံး အထူးသဖြင့်အမြစ်ကို ချွေးထုတ်ဆေးအဖြစ်၎င်း ကိုယ်ပူကျဆေးဖြစ်၎င်း အသုံးပြုရ၏
၎င်းအပြင် အဆုတ်နှင့်ပတ်သတ်သော ရောဂါတို့၌ များစွာ အသုံးပြုရ၏
ချွေးအောင်းရာ၌ ဆင်ငိုမြက်တစ်ပင်လုံးကိုထည့်၍အသုံးပြုခြင်းသည် များစွာအကျိုးရှိ၏
ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
credit- ယမင်းဖြူ