ျမန္မာ႔ေဆးဖက္ဝင္ ႏြားေျမရင္းပင္( ေခၚ ) ၀က္ျမက္ညိဳပင္

ျမန္မာေဆးက်မ္း မ်ားအလို အရ ႏြားေျမရင္း သည္ စပ္ဖ်ဥ္းဖ်ဥ္း ႐ွိ၏။ ဖန္၏။ ေအး၏။ သလိပ္ ကုိ ေၾကေစသည္။ သည္းေျခနာ၊ အဖ်ားေရာဂါ၊ ၀မ္းေရာဂါ တို႕ကုိ ေပ်ာက္ကင္း ေစ၏။ ႏႈတ္မၿမိန္ျခင္း၊ ေရငတ္ျခင္း၊ ပူေလာင္ျခင္း၊ ပန္းနာ ရင္က်ပ္ မ်ား ကင္းေ၀း ေစႏုိင္၏။ ေခၽြးထြက္ေစ တတ္ေသာ၊ ဆီး႐ႊင္ေစ တတ္ေသာ၊ ဓာတ္ခ်ဳပ္ေစ တတ္ေသာ အစြမ္း သတၱိ မ်ား႐ွိ၏။

ဥျမစ္ေခါင္းအသံုးျပဳပံု

၁။ ႏြားေျမရင္း ေခါင္းကို သလိပ္ပုပ္ ေရာဂါ၊ ဆီးပုပ္ ေရာဂါ တို႕၌ သံုး၏။

၂။ ႏြားေျမရင္း ေခါင္းကုိ ေသြး၍ လွ်ာကို ပြတ္ေပး ပါက လွ်ာရင္းတြင္ ႐ွိေသာ အဖု အပိမ့္ မ်ားေပ်ာက္ ၏။

၃။ ႏြားေျမရင္း ကုိ လွ်ာပြတ္ေဆး အျဖစ္ လည္းေကာင္း ၊ သူငယ္နာ ေဆး အျဖစ္ လည္းေကာင္း သံုး၏။

၄။ ႏြားေျမရင္း ေခါင္းကုိ ေသြးလိမ္းက ကိုယ္လက္ ေရာင္ရမ္းျခင္း၊ ယားယံျခင္း ႏွင့္ ႏူနာ ျဖစ္စေရာဂါ ေရယုန္၊ ၀ဲစို ၀ဲေျခာက္ ေရာဂါ တို႕ ေပ်ာက္၏။

၅။ ႏြားေျမရင္း ေခါင္းကုိ ေသြး၍ ဆားအနည္း ငယ္ထည့္ေသာက္ ပါက အဆိပ္ေရာဂါ၊ အစားမွား ေဆးမွား ေရာဂါ တုိ႕ကို ေပ်ာက္ေစ၏။

၆။ ေျမြႏွင့္ ဂ်က္ကုိက္ျခင္း အတြက္ ႏြားေျမရင္း ေခါင္းကုိ ေသြး၍ တိုက္ျခင္း လိမ္းျခင္းျဖင့္ ေပ်ာက္ကင္း ေစႏုိင္၏။

၇။ ႏြားေျမရင္းေခါင္း ကုိ ေသြးေသာက္ ျခင္းျဖင့္ အစာအိမ္ ေရာဂါ၊ အစာအိမ္ အခ်ဥ္ေပါက္ ေရာဂါ မ်ား ေပ်ာက္၏။

၈။ ႏြားေျမရင္းေခါင္း ကုိ ေသြးကာ သူငယ္စာ ငွက္ေပ်ာသီး တြင္ သုတ္လိမ္း၍ မီးကင္ၿပီး ကေလးမ်ား အား ေကၽြးပါက သူငယ္နာ တက္ျခင္း၊ မ်က္ျဖဴလန္ျခင္း ႏွင့္ ေျမြကင္းကုိက္၍ အဆိပ္တက္ျခင္း မ်ား ေပ်ာက္၏။

၉။ ႏြားေျမရင္း ကို ျပဳတ္ေသာက္ ပါက ေညာင္းက် ေရာဂါ ေပ်ာက္၏။

၁၀။ ဥပသကာ ႏွင့္ ျပဳတ္ေသာက္ ပါက ဆစ္ဖလစ္ ေရာဂါ ေပ်ာက္၏။

၁၁။ ႏြားေျမရင္း ကို ေသြးေသာက္ ပါက ေအာ့အန္ ျခင္း ေပ်ာက္၏။ အမႈန္႕ ကုိ ေသာက္က ကင္းဆိပ္ က်ဆင္း ေစ၏။

၁၂။ အခၽြဲ အက်ိ မ်ားကို က်ဆင္း၍ ၀မ္းကိုက္ျခင္း၊ ေသြးစ ေသြးနႏွင့္ ၀မ္းသြား ျခင္းတို႕ အတြက္ ႏြားႏို႕၊ ေရႏွင့္ ႏြားေျမရင္း တို႕ကုိ ထည့္က်ိဳ၍ ႏို႕သက္ သက္ က်န္ေသာ အခါ မွ ေသာက္ပါက ေရာဂါ ေပ်ာက္၏။

Credit ျမန္မာ့ေဆးဖက္ဝင္ အပင္မ်ား

ေဆးဖက္ဝင္ ႏြားျမက္ရင္း ပင္

ႏြားျမက္ရင္းကို ေသြး၍ လွ်ာကို ပြတ္ေပး ပါက လွ်ာ၌ ရွိေသာ အဖုအပိမ့္ မ်ားကုိ ေပ်ာက္ကင္း ေစသည္။ႏြားျမက္ရင္းကုိ လွ်ာပြတ္ေဆး၊ သူငယ္နာ ေဆးအျဖစ္ အသုံးျပဳသည္။ ႏြားျမက္ရင္းကုိ ေသြးကာ သူငယ္စာ ငွက္ေပ်ာသီးတြင္ သုတ္လိမ္း၍ မီးကင္ၿပီး ကေလး မ်ားအား ေကၽြးပါက သူငယ္နာ တက္ျခင္း၊ မ်က္ျဖဴလန္ျခင္းႏွင့္ သာမာန္ အဆိပ္ ရွိေသာ သတၱ၀ါ မ်ားေၾကာင့္ အဆိပ္ တက္ျခင္းကုိ ေပ်ာက္ကင္း ေစသည္။

ႏြားျမက္ရင္း ေသြးရည္ ေကာ္ဖီဇြန္း ၁ ဇြန္း ေသာက္ပါက ေအာ့အန္ ေရာဂါကို ေပ်ာက္ကင္း ေစသည္။ႏြားျမက္ရင္း ေခါင္းကုိ ေသြး၍ ဆား အနည္းငယ္ ထည့္ေသာက္ပါက အစာမွားျခင္း၊ ေဆးမွားျခင္း တုိ႔ကုိ သက္သာ ေပ်ာက္ကင္း ေစသည္။ႏြားျမက္ရင္း ေခါင္းကုိ ေသြး၍ ေသာက္ျခင့္ျဖင့္ အစာအိမ္ ေရာဂါ၊ အစာအိမ္ အခ်ဥ္ေပါက္ ေရာဂါမ်ားကုိ ေပ်ာက္ကင္း ေစပါသည္။ႏြားျမက္ရင္း ေခါင္းကို ေသြးလိမ္းပါက ကုိယ္လက္ ေရာင္ရမ္းျခင္း၊ ယားယံျခင္းႏွင့္ ႏူနာျဖစ္စ ေရာဂါ၊ ေရယုန္၊ ၀ဲစုိ၊ ၀ဲေျခာက္ ေရာဂါမ်ားကုိ ေပ်ာက္ကင္း ေစႏုိင္ ပါသည္။

(ေရႀကိဳက္ပင္ ျဖစ္သည့္ အေလ်ာက္ ေရစပ္၊ ကမ္းစပ္ တုိ႔တြင္ ေပါက္ေရာက္သည္။ သဘာ၀ အေလ်ာက္ ေပါက္ေရာက္သည္။
အပင္သည္ အပင္ငယ္မ်ိဳး ျဖစ္သည္။ အျမင့္ ၃ ေပခန္႔ ရွိသည္။ ပင္စည္ သုံးေျမာင့္ပုံရွိ၍ ေခါင္းပြပုံ ျဖစ္ၿပီး ေသးငယ္ ေျပာင္ေခ်ာ သည္။ တပင္တည္း ကဲ့သို႔ စုၿပဳံ၍ ေဖာ္ၿပပါပုံအတုိင္း ေပါက္သည္။ မွတ္စု)

source – (Mg Mandalay)
Thura Htayaung

Unicode

မြန်မာ့ဆေးဖက်ဝင် နွားမြေရင်းပင် ခေါ် ၀က်မြက်ညိုပင်နွားမြက်ရင်း

မြန်မာဆေးကျမ်း များအလို အရ နွားမြေရင်း သည် စပ်ဖျဉ်းဖျဉ်း ရှိ၏။ ဖန်၏။ အေး၏။ သလိပ် ကို ကြေစေသည်။ သည်းခြေနာ၊ အဖျားရောဂါ၊ ၀မ်းရောဂါ တို့ကို ပျောက်ကင်း စေ၏။ နှုတ်မမြိန်ခြင်း၊ ရေငတ်ခြင်း၊ ပူလောင်ခြင်း၊ ပန်းနာ ရင်ကျပ် များ ကင်းဝေး စေနိုင်၏။ ချွေးထွက်စေ တတ်သော၊ ဆီးရွှင်စေ တတ်သော၊ ဓာတ်ချုပ်စေ တတ်သော အစွမ်း သတ္တိ များရှိ၏။

ဥမြစ်ခေါင်းအသုံးပြုပုံ

၁။ နွားမြေရင်း ခေါင်းကို သလိပ်ပုပ် ရောဂါ၊ ဆီးပုပ် ရောဂါ တို့၌ သုံး၏။

၂။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။

၃။ နွားမြေရင်း ကို လျှာပွတ်ဆေး အဖြစ် လည်းကောင်း ၊ သူငယ်နာ ဆေး အဖြစ် လည်းကောင်း သုံး၏။

၄။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ၀ဲစို ၀ဲခြောက် ရောဂါ တို့ ပျောက်၏။

၅။ နွားမြေရင်း ခေါင်းကို သွေး၍ ဆားအနည်း ငယ်ထည့်သောက် ပါက အဆိပ်ရောဂါ၊ အစားမှား ဆေးမှား ရောဂါ တို့ကို ပျောက်စေ၏။

၆။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

၇။ နွားမြေရင်းခေါင်း ကို သွေးသောက် ခြင်းဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါ များ ပျောက်၏။

၈။ နွားမြေရင်းခေါင်း ကို သွေးကာ သူငယ်စာ ငှက်ပျောသီး တွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေးများ အား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်း နှင့် မြွေကင်းကိုက်၍ အဆိပ်တက်ခြင်း များ ပျောက်၏။

၉။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။

၁၀။ ဥပသကာ နှင့် ပြုတ်သောက် ပါက ဆစ်ဖလစ် ရောဂါ ပျောက်၏။

၁၁။ နွားမြေရင်း ကို သွေးသောက် ပါက အော့အန် ခြင်း ပျောက်၏။ အမှုန့် ကို သောက်က ကင်းဆိပ် ကျဆင်း စေ၏။

၁၂။ အချွဲ အကျိ များကို ကျဆင်း၍ ၀မ်းကိုက်ခြင်း၊ သွေးစ သွေးနနှင့် ၀မ်းသွား ခြင်းတို့ အတွက် နွားနို့၊ ရေနှင့် နွားမြေရင်း တို့ကို ထည့်ကျို၍ နို့သက် သက် ကျန်သော အခါ မှ သောက်ပါက ရောဂါ ပျောက်၏။

Credit မြန်မာ့ဆေးဖက်ဝင် အပင်များ

ဆေးဖက်ဝင် နွားမြက်ရင်း ပင်

နွားမြက်ရင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာ၌ ရှိသော အဖုအပိမ့် များကို ပျောက်ကင်း စေသည်။နွားမြက်ရင်းကို လျှာပွတ်ဆေး၊ သူငယ်နာ ဆေးအဖြစ် အသုံးပြုသည်။ နွားမြက်ရင်းကို သွေးကာ သူငယ်စာ ငှက်ပျောသီးတွင် သုတ်လိမ်း၍ မီးကင်ပြီး ကလေး များအား ကျွေးပါက သူငယ်နာ တက်ခြင်း၊ မျက်ဖြူလန်ခြင်းနှင့် သာမာန် အဆိပ် ရှိသော သတ္တဝါ များကြောင့် အဆိပ် တက်ခြင်းကို ပျောက်ကင်း စေသည်။

နွားမြက်ရင်း သွေးရည် ကော်ဖီဇွန်း ၁ ဇွန်း သောက်ပါက အော့အန် ရောဂါကို ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ ဆား အနည်းငယ် ထည့်သောက်ပါက အစာမှားခြင်း၊ ဆေးမှားခြင်း တို့ကို သက်သာ ပျောက်ကင်း စေသည်။နွားမြက်ရင်း ခေါင်းကို သွေး၍ သောက်ခြင့်ဖြင့် အစာအိမ် ရောဂါ၊ အစာအိမ် အချဉ်ပေါက် ရောဂါများကို ပျောက်ကင်း စေပါသည်။နွားမြက်ရင်း ခေါင်းကို သွေးလိမ်းပါက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်းနှင့် နူနာဖြစ်စ ရောဂါ၊ ရေယုန်၊ ၀ဲစို၊ ၀ဲခြောက် ရောဂါများကို ပျောက်ကင်း စေနိုင် ပါသည်။

(ရေကြိုက်ပင် ဖြစ်သည့် အလျောက် ရေစပ်၊ ကမ်းစပ် တို့တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်သည် အပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၃ ပေခန့် ရှိသည်။ ပင်စည် သုံးမြောင့်ပုံရှိ၍ ခေါင်းပွပုံ ဖြစ်ပြီး သေးငယ် ပြောင်ချော သည်။ တပင်တည်း ကဲ့သို့ စုပြုံ၍ ဖော်ပြပါပုံအတိုင်း ပေါက်သည်။ မှတ်စု)

source – (Mg Mandalay)
Thura Htayaung