မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ “မြမြ” နေရာကနေ သရုပ်ဆောင်မယ့် သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်မှုအပေါင်း သရဖူဆောင်းထားသူ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ဝတ်ပုံစားပုံတွေကလည်း ပရိသတ်တွေ သဘောကျစေတဲ့ အချက်လေးတစ်ချက် ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က အခုအသက်အရွယ်ထိ အိမ်ထောင်မပြုသေးပဲ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

လတ်တလောမှာ ပွဲတက်တွေ၊ ကြော်ငြာတွေသာ အရိုက်များနေလို့ ရုပ်ရှင်မရိုက်တော့ဘူးလားလို့ ပရိသတ်တွေ ထင်နေကြတဲ့ သင်ဇာဝင့်ကျော်က မကြာခင်မှာပဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကား အသစ်ကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် ” မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“မြမြ” ရုပ်ရှင်ဇာတ်ကားက ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံမြို့နယ် မွေ့ယာစက်ရုံမှ မြမြဆိုတဲ့ မိန်းကလေး မုဒိန်းကျင့် သတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မြမြနေရာကနေ ဘယ်လို သရုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးကို အခု စက်တင်ဘာလအတွင်းမှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ပါတယ်။

crd,momolay