“လံုး၀လက္ေလွ်ာ့လုိက္ရတဲ့ ကင္ဆာေ၀ဒနာရွင္ ဒူးရင္းၾသဇာျဖင့္ အသက္ရွင္ခြင့္ရ”

ေဆးလိပ္အလြန္အမင္းေသာက္ေသာအက်ိဳးႏွင့္စိတ္ႀကြေဆးျပားwyသံုးသည့္တန္ခိုးေႀကာင့္ ေနာက္ဆံုးတြင္သူငယ္ခ်င္း အဆုပ္ကင္ဆာျဖစ္ေတာ့သည္။

သို႔ေသာ္ထိုသူငယ္ခ်င္းတြင္ ထူးျခာေသာစိတ္တစ္ခုရွိသည္။ထိုစိတ္က စိတ္ဓာတ္မက်တတ္ျခင္းပင္။

“မင္းအခုဘာေဆးစားလဲ”

“ဒူးရင္းႀသဇာရြက္ပဲျပဳတ္ေသာက္တယ္”

“သက္သာလားသူငယ္ခ်င္း”

“သက္သာလို႔ မေသေသးလို႔မင္းနဲ႔ေတြ႕တာေပါ့”

ဟုခပ္ေနာက္ေနာက္ျပန္ေျပာေလသည္။

“မင္းအဆုပ္ကင္ဆာက မေပ်ာက္ေတာ့ဘူးလား”

“ကင္ဆာျဖစ္ျပီဆိုထဲကသိျပီေလ လူဘဝမွာႀကာႀကာေနဖို႔ပဲႀကိဳးစားရေတာ့မယ္ဆိုတာ ကင္ဆာေပ်ာက္ဖို႔ဆိုတာလက္ရိွေခတ္မီေဆးေတြနဲ႔ေတာင္မေပ်ာက္ျကေသးတာ”

သူငယ္ခ်င္းမွာ ဒူးရင္းျသဇာရြက္ကိုဒူးရင္းၾသဇာ ကို ေန႕စဥ္ျပဳတ္က်ိဳျပီေသာက္ခဲ့သည္မွာ(2)ႏွစ္ပင္ ေက်ာ္ျပီဟုဆိုပါသည္။

ကင္ဆာရွင္တို႕၏ဒူးရင္းျသဇာ

ကမၻာတစ္၀ွမ္းက သိလာၾကေလျပီ။ ေၾကာက္ဖြယ္လလိ ကပ္ဆိုးၾကီးကိုေတာ္လွန္ အျမစ္ျဖတ္ဖို႔ ကမၻာေဆးပညာရွင္တို႔ နည္းလမ္း အသြယ္သြယ္ျဖင့္ သုေတသနျပဳသည့္အထဲတြင္ ဒူးရင္းၾသဇာလည္း အဓိကဇာတ္ေကာင္ အျဖစ္ပါေနခဲ႔သည္။

သူ႔အမည္ႏွင့္မူလဇာတိ

အဂၤလိပ္လို Soursop ဟုေခၚပါသည္။ ေနာက္ပိုင္းလူသိမ်ားေသာ အမည္မွာ Graviola ေပၚတူဂီစကားျဖစ္သည္။အျမဲစိမ္းေနေသာ ဒူးရင္းၾသဇာ၏ မူရင္းဇာတိမွာမက္ဆီကိုနိုင္ငံ၊ အေမရိကန္ တိုက္အလယ္ပိုင္း၊ကာရီဘီယံ၊ေတာင္ အေမရိက၏ ေျမာက္ပိုင္းေဒသတို႔ျဖစ္ျပီး။ျမန္မာနိုင္ငံတြင္လည္းရွိပါသည္။

ဘာေၾကာင့္လူသိမ်ားပါသလဲ

ကင္ဆာေရာဂါကို ကုသနိုင္မည္႔ ဓာတ္သတၱိစြမ္းပကားမ်ား ဒူးရင္းၾသဇာ တြင္ပါ ၀င္ေနသည့္ဆိုေသာ ေမ်ွာ္လင့္ခ်က္ေၾကာင့္ျဖစ္ သည္။ထိုေၾကာင့္လည္း ကမၻာ အႏွံ႔အၾကီး အက်ယ္သုေတသနျပဳေနၾကသည္။

တကယ္ေရာ ကင္ဆာႏွင့္ဒူရင္းၾသဇာဆက္ႏြယ္ေနပါသလား

ကင္ဆာဆဲလ္မ်ားအေပၚ ပ်က္စီးေစနိုင္မည့္ စြမ္းပကား ဒူးရင္းၾသဇာတြင္ရွိသလားဆိုေသာ ေလ႔လာမွဳကို ၁၉၇၀ခုႏွစ္က စတင္ခဲ႔သည္။ ကင္ဆာကုသနိုင္မွဳ ရွိ/မရွိ အလားအလာေပၚ အမ်ိဳးသား ကင္ဆာအင္စတီက်ဳ႕က ၁၉၇၆ တြင္ပထမအၾကိမ္ သိပၸံနည္း က်သုေတသနျပဳခဲ႔သည္။ဆက္ႏြယ္မွဳေတာ့ရွိ ေနပါသည္။

သုေတသီတို႔ရေသာအေျဖ

ဒူးရင္းၾသဇာပင္၏အရြက္၊ညွာတံ၊ရိုးတံမ်ားသည္ကင္ဆာဆဲလ္မ်ား တိုက္ခိုက္ေခ်မွဳန္းရာတြင္ အေတာ္ ထိေရာက္ေၾကာင္းကို ဓာတ္ခဲြခန္း(၂၀) ေက်ာ္မွ သက္ေသျပနိုင္ခဲ႔သည္။

သဘာ၀ထုတ္ကုန္ဂ်ာနယ္ႏွင့္ ေတာက္ကိုရီးယား၏ေလ႔လာမွဳ

ဒူးရင္းၾသဇာတြင္ပါ၀င္ေသာ ဓာတုပစၥည္း တစ္မ်ိဳး သည္ အူမၾကီးကင္ဆာဆဲလ္မ်ားကို ေရြးခ်ယ္ျပီး သတ္ျဖတ္နိုင္စြမ္းရွိ သည္ ဟုဆိုပါသည္။ယင္း၏ အစြမ္းသတၱိသည္ Adriamycin ထက္ အဆေပါင္း တစ္ေသာင္းနီးပါးပို၍ အားေကာင္း ေနျခင္းျဖစ္ သည္ဆိုသည္။

အံ႔ဖြယ္ထူးျခားခ်က္

ေရာဂါကုသမွဳႏွင့္ပတ္သက္ျပီး စိတ္၀င္စားအံ႔ဖြယ္အခ်က္မွာ အႏၱရာယ္ေပးေသာ ကင္ဆာဆဲလ္မ်ားကိုသာ သီးသန္႔ပစ္မွတ္ထား ေခ်မွဳန္း ျပီး ဆဲလ္ေကာင္းမ်ားအား ဘာမွ်ထိခိုက္ မွဳမရွိေစျခင္းျဖစ္သည္။ထိုေၾကာင့္ဒူး ရင္းၾသဇာသည္ က်န္းမာေသာဆဲလ္ေကာင္းမ်ားကို အႏၱရာယ္ မျပဳေပ။

ေဘးထြက္ဆိုးက်ိဳးမရိွျခင္း

ဒူးရင္းၾသဇာသည္ကုသခံလူနာအား ဓာတုကုထံုးတြင္ေတြ႔ရတတ္သည့္ ျပင္းျပင္းထန္ထန္ပ်ိဳ႕ျခင္း၊ဆံပင္ကြ်တ္ျခင္း၊ကိုယ္အေလးခ်ိန္ က်ျခင္း၊ရုပ္ပ်က္ဆင္းပ်က္ အသားအေရေျပာင္းလဲျခင္းစသည့္ ေဘးထြက္ဆိုးက်ိဳးမ်ားကို ကင္းလြတ္ေစသည္။

ကုစားနိုင္မွဳ

ကင္ဆာအမ်ိဳးအစား(၁၂)မ်ိဳးနီးပါးကို ကုစားနိုင္သည္ဆိုပါသည္။ယင္းထဲတြင္

(၁) အူမၾကီးကင္ဆာ

(၂) ရင္သားကင္ဆာ

(၃) အဆုပ္ကင္ဆာ

(၄) ပန္ကရိယကင္ဆာ

(၅) ပရိုစတိတ္ကင္းဆာ တို႔ပါ၀င္သည္။

ဒူးရင္းၾသဇာ အႏွစ္ရွည္( The Extracts of Grraviola)သည္ ဓာတုကုထံုးျဖင့္ မပ်က္ဆီးနိုင္သည့္ အသည္းကင္ဆာဆဲမ်ားကို သတ္ပစ္နိုင္သည္ဆို ပါသည္။ ဓာတုကုထံုးျဖင့္ကုသေနစဥ္ဒူးရင္းၾသဇာသည္ ဓာတ္ကုထံုး၏အက်ိဳးဆက္ျဖင့္ ထိခိုက္ျခင္းမျဖစ္ရေအာင္ ခႏၶာကိုယ္၏ ေရာဂါျပီး စနစ္ကို အကာ အကြယ္ေပးေၾကာင္း အခိုင္အမာေျပာဆိုျခင္းရွိ ေလသည္။

တိတိက်က် ေပ်ာက္ကင္းနိုင္ေၾကာင္းမဆိုနိင္ေသး

ဒူးရင္းၾသဇာျဖင့္ ကင္ဆာကို ေပ်ာက္ကင္းေအာင္ ကုသေကာင္းမွကုသနိုင္ေပလိမ္႔မည္။ကင္ဆာကုသရာတြင္ ေကာင္းစြာ အေထာက္ အကူျပဳနိုင္သည္ေတာ့အမွန္ပင္။ မည္သည့္သဘာ၀နည္းမဆိုကင္ဆာေပ်ာက္ေအာင္ ္မကုသနိုင္သည့္တိုင္ ကင္ဆာအက်ိဳးဆက္မ်ားေရာ့နည္း သြားေစရန္၊ ေရာဂါမတိုးေစရန္ ၾကိဳးစားရေပမည္။

သတိထားဖြယ္ဒူးရင္းၾသဇာ

ဒူးရင္းၾသဇာကို ကင္ဆာျဖည့္စြက္ကုထံုးတစ္ခုအျဖစ္ အလြန္အကြ်ံမသံုးမိေစဖို႔လိုပါသည္။အလြန္အကြ်ံစား သံုးျခင္းျဖင့္ Partinsonေရာဂါႏွင့္ အလားသ႑ာန္တူသည့္ ဦးေႏွာက္ထိခိုက္မွဳကို ျဖစ္ေစနိုင္ေသာေၾကာင့္ျဖစ္ သည္။ထိုေၾကာင့္ သဘာ၀ကုထံုးမ်ားျဖင့္ မကုသမီ နားလည္တတ္ကြ်မ္းေသာဆရာ၀န္ႏွင့္တိုင္း ပင္သင့္လွပါသည္။

ျမန္မာေဆးျမီးတိုမ်ား

(၁)အရြက္ကိုက်ိဳ၍ေသာက္ျခင္း

ကင္ဆာေ၀ဒနာရွင္တို႔ အရြက္ကို ေရျဖင့္က်ိဳျပီး(၃) ခြက္(၁)ခြက္တင္ေသာက္ျခင္းျဖင့္ေငြကုန္အက်သက္သာျပီး အသက္ရွင္ခြင့္ကိုရေစသည္ဟုဆိုၾကသည္။

(၂)အျခားနည္းတစ္ခုအရြက္ႏွစ္ဆယ္ကို ေရ(၆)ခြက္(၇) ခြက္ျဖင့္ မီးေအးေအးတြင္(၂)နာရီၾကာေအာင္တည္၍ တစ္ရက္လွ်င္(၃)ၾကိမ္(၂)ခြက္ေသာက္ၾကသည့္ ေဒဝနာရွင္မ်ားလည္းရွိပါသည္။

စာကိုး(ကင္ဆာႏွင့္အစားအစာမွထုတ္နုတ္တင္ျပသည္)

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

ဓာတ္ပံုမူရင္း credit

လုံးဝလက်လျှော့လိုက်ရတဲ့ ကင်ဆာဝေဒနာရှင် ဒူးရင်းသြဇာဖြင့် အသက်ရှင်ခွင့်ရ

ဆေးလိပ်အလွန်အမင်းသောက်သောအကျိုးနှင့်စိတ်ကြွဆေးပြားwyသုံးသည့်တန်ခိုးကြောင့် နောက်ဆုံးတွင်သူငယ်ချင်း အဆုပ်ကင်ဆာဖြစ်တော့သည်။

သို့သော်ထိုသူငယ်ချင်းတွင် ထူးခြာသောစိတ်တစ်ခုရှိသည်။ထိုစိတ်က စိတ်ဓာတ်မကျတတ်ခြင်းပင်။

“မင်းအခုဘာဆေးစားလဲ”

“ဒူးရင်းသြဇာရွက်ပဲပြုတ်သောက်တယ်”

“သက်သာလားသူငယ်ချင်း”

“သက်သာလို့ မသေသေးလို့မင်းနဲ့တွေ့တာပေါ့”

ဟုခပ်နောက်နောက်ပြန်ပြောလေသည်။

“မင်းအဆုပ်ကင်ဆာက မပျောက်တော့ဘူးလား”

“ကင်ဆာဖြစ်ပြီဆိုထဲကသိပြီလေ လူဘဝမှာကြာကြာနေဖို့ပဲကြိုးစားရတော့မယ်ဆိုတာ ကင်ဆာပျောက်ဖို့ဆိုတာလက်ရှိခေတ်မီဆေးတွေနဲ့တောင်မပျောက်ကြသေးတာ”

သူငယ်ချင်းမှာ ဒူးရင်းသြဇာရွက်ကိုဒူးရင်းသြဇာ ကို နေ့စဉ်ပြုတ်ကျိုပြီသောက်ခဲ့သည်မှာ(2)နှစ်ပင် ကျော်ပြီဟုဆိုပါသည်။

ကင်ဆာရှင်တို့၏ဒူးရင်းသြဇာ

ကမ္ဘာတစ်ဝှမ်းက သိလာကြလေပြီ။ ကြောက်ဖွယ်လလိ ကပ်ဆိုးကြီးကိုတော်လှန် အမြစ်ဖြတ်ဖို့ ကမ္ဘာဆေးပညာရှင်တို့ နည်းလမ်း အသွယ်သွယ်ဖြင့် သုတေသနပြုသည့်အထဲတွင် ဒူးရင်းသြဇာလည်း အဓိကဇာတ်ကောင် အဖြစ်ပါနေခဲ့သည်။

သူ့အမည်နှင့်မူလဇာတိ

အင်္ဂလိပ်လို Soursop ဟုခေါ်ပါသည်။ နောက်ပိုင်းလူသိများသော အမည်မှာ Graviola ပေါ်တူဂီစကားဖြစ်သည်။အမြဲစိမ်းနေသော ဒူးရင်းသြဇာ၏ မူရင်းဇာတိမှာမက်ဆီကိုနိုင်ငံ၊ အမေရိကန် တိုက်အလယ်ပိုင်း၊ကာရီဘီယံ၊တောင် အမေရိက၏ မြောက်ပိုင်းဒေသတို့ဖြစ်ပြီး။မြန်မာနိုင်ငံတွင်လည်းရှိပါသည်။

ဘာကြောင့်လူသိများပါသလဲ

ကင်ဆာရောဂါကို ကုသနိုင်မည့် ဓာတ်သတ္တိစွမ်းပကားများ ဒူးရင်းသြဇာ တွင်ပါ ၀င်နေသည့်ဆိုသော မျှော်လင့်ချက်ကြောင့်ဖြစ် သည်။ထိုကြောင့်လည်း ကမ္ဘာ အနှံ့အကြီး အကျယ်သုတေသနပြုနေကြသည်။

တကယ်ရော ကင်ဆာနှင့်ဒူရင်းသြဇာဆက်နွယ်နေပါသလား

ကင်ဆာဆဲလ်များအပေါ် ပျက်စီးစေနိုင်မည့် စွမ်းပကား ဒူးရင်းသြဇာတွင်ရှိသလားဆိုသော လေ့လာမှုကို ၁၉၇၀ခုနှစ်က စတင်ခဲ့သည်။ ကင်ဆာကုသနိုင်မှု ရှိ/မရှိ အလားအလာပေါ် အမျိုးသား ကင်ဆာအင်စတီကျု့က ၁၉၇၆ တွင်ပထမအကြိမ် သိပ္ပံနည်း ကျသုတေသနပြုခဲ့သည်။ဆက်နွယ်မှုတော့ရှိ နေပါသည်။

သုတေသီတို့ရသောအဖြေ

ဒူးရင်းသြဇာပင်၏အရွက်၊ညှာတံ၊ရိုးတံများသည်ကင်ဆာဆဲလ်များ တိုက်ခိုက်ချေမှုန်းရာတွင် အတော် ထိရောက်ကြောင်းကို ဓာတ်ခွဲခန်း(၂၀) ကျော်မှ သက်သေပြနိုင်ခဲ့သည်။

သဘာဝထုတ်ကုန်ဂျာနယ်နှင့် တောက်ကိုရီးယား၏လေ့လာမှု

ဒူးရင်းသြဇာတွင်ပါ၀င်သော ဓာတုပစ္စည်း တစ်မျိုး သည် အူမကြီးကင်ဆာဆဲလ်များကို ရွေးချယ်ပြီး သတ်ဖြတ်နိုင်စွမ်းရှိ သည် ဟုဆိုပါသည်။ယင်း၏ အစွမ်းသတ္တိသည် Adriamycin ထက် အဆပေါင်း တစ်သောင်းနီးပါးပို၍ အားကောင်း နေခြင်းဖြစ် သည်ဆိုသည်။

အံ့ဖွယ်ထူးခြားချက်

ရောဂါကုသမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားအံ့ဖွယ်အချက်မှာ အန္တရာယ်ပေးသော ကင်ဆာဆဲလ်များကိုသာ သီးသန့်ပစ်မှတ်ထား ချေမှုန်း ပြီး ဆဲလ်ကောင်းများအား ဘာမျှထိခိုက် မှုမရှိစေခြင်းဖြစ်သည်။ထိုကြောင့်ဒူး ရင်းသြဇာသည် ကျန်းမာသောဆဲလ်ကောင်းများကို အန္တရာယ် မပြုပေ။

ဘေးထွက်ဆိုးကျိုးမရှိခြင်း

ဒူးရင်းသြဇာသည်ကုသခံလူနာအား ဓာတုကုထုံးတွင်တွေ့ရတတ်သည့် ပြင်းပြင်းထန်ထန်ပျို့ခြင်း၊ဆံပင်ကျွတ်ခြင်း၊ကိုယ်အလေးချိန် ကျခြင်း၊ရုပ်ပျက်ဆင်းပျက် အသားအရေပြောင်းလဲခြင်းစသည့် ဘေးထွက်ဆိုးကျိုးများကို ကင်းလွတ်စေသည်။

ကုစားနိုင်မှု

ကင်ဆာအမျိုးအစား(၁၂)မျိုးနီးပါးကို ကုစားနိုင်သည်ဆိုပါသည်။ယင်းထဲတွင်

(၁) အူမကြီးကင်ဆာ

(၂) ရင်သားကင်ဆာ

(၃) အဆုပ်ကင်ဆာ

(၄) ပန်ကရိယကင်ဆာ

(၅) ပရိုစတိတ်ကင်းဆာ တို့ပါ၀င်သည်။

ဒူးရင်းသြဇာ အနှစ်ရှည်( The Extracts of Grraviola)သည် ဓာတုကုထုံးဖြင့် မပျက်ဆီးနိုင်သည့် အသည်းကင်ဆာဆဲများကို သတ်ပစ်နိုင်သည်ဆို ပါသည်။ ဓာတုကုထုံးဖြင့်ကုသနေစဉ်ဒူးရင်းသြဇာသည် ဓာတ်ကုထုံး၏အကျိုးဆက်ဖြင့် ထိခိုက်ခြင်းမဖြစ်ရအောင် ခန္ဓာကိုယ်၏ ရောဂါပြီး စနစ်ကို အကာ အကွယ်ပေးကြောင်း အခိုင်အမာပြောဆိုခြင်းရှိ လေသည်။

တိတိကျကျ ပျောက်ကင်းနိုင်ကြောင်းမဆိုနိင်သေး

ဒူးရင်းသြဇာဖြင့် ကင်ဆာကို ပျောက်ကင်းအောင် ကုသကောင်းမှကုသနိုင်ပေလိမ့်မည်။ကင်ဆာကုသရာတွင် ကောင်းစွာ အထောက် အကူပြုနိုင်သည်တော့အမှန်ပင်။ မည်သည့်သဘာဝနည်းမဆိုကင်ဆာပျောက်အောင် ်မကုသနိုင်သည့်တိုင် ကင်ဆာအကျိုးဆက်များရော့နည်း သွားစေရန်၊ ရောဂါမတိုးစေရန် ကြိုးစားရပေမည်။

သတိထားဖွယ်ဒူးရင်းသြဇာ

ဒူးရင်းသြဇာကို ကင်ဆာဖြည့်စွက်ကုထုံးတစ်ခုအဖြစ် အလွန်အကျွံမသုံးမိစေဖို့လိုပါသည်။အလွန်အကျွံစား သုံးခြင်းဖြင့် Partinsonရောဂါနှင့် အလားသဏ္ဍာန်တူသည့် ဦးနှောက်ထိခိုက်မှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ် သည်။ထိုကြောင့် သဘာဝကုထုံးများဖြင့် မကုသမီ နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်တိုင်း ပင်သင့်လှပါသည်။


မြန်မာဆေးမြီးတိုများ

(၁)အရွက်ကိုကျို၍သောက်ခြင်း

ကင်ဆာဝေဒနာရှင်တို့ အရွက်ကို ရေဖြင့်ကျိုပြီး(၃) ခွက်(၁)ခွက်တင်သောက်ခြင်းဖြင့်ငွေကုန်အကျသက်သာပြီး အသက်ရှင်ခွင့်ကိုရစေသည်ဟုဆိုကြသည်။

(၂)အခြားနည်းတစ်ခုအရွက်နှစ်ဆယ်ကို ရေ(၆)ခွက်(၇) ခွက်ဖြင့် မီးအေးအေးတွင်(၂)နာရီကြာအောင်တည်၍ တစ်ရက်လျှင်(၃)ကြိမ်(၂)ခွက်သောက်ကြသည့် ဒေဝနာရှင်များလည်းရှိပါသည်။

စာကိုး(ကင်ဆာနှင့်အစားအစာမှထုတ်နုတ်တင်ပြသည်)

ရဲမျိုးသူ(ဗောဓိမြိုင်)

ဓာတ်ပုံမူရင်း credit