ကျီးပေါင်းရောဂါ လက်တွေ့ပျောက်တဲ့ ဆေးဘက်ဝင်တဲ့ “ဝါးမင်း”
Credit: khine khine
ကျမ ကျီးပေါင်းဖြစ်တာကို သက်သာလာတဲ့ကြောင်း ကျမ Postတင်လိုက်တာပါ။
ကျမ ကျီးပေါင်းဖြစ်နေမှန်း တကယ်လည်း အစပိုင်းက မသိခဲပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျမ ခါးအမြဲနာတယ်။ ခါးနာတာကို ကျမ စိုးရိမ်မိတယ် နောက်ပိုင်း
ကျမ ကာယကုနဲ့ ကုကြည့်တယ် ခဏလေးနဲ့ပျောက်ပြီး ပြနိပြန်ဖြစ်လာပါတယ်ရှင်။ နောက်ပိုင်း အခုနှစ်မှာ ကျမ တော်တော် ဆိုးလာပါတယ်။ ကျမ နေမကောင်းလည်း အမြဲ တက်ကြွအောင် နေသူပါ။
အလုပ်မပျက်အောင် ဆေးသောက်ပြီး နေထိုင်ကြည့်တယ်။ လွန်ခဲ့တဲ့ ၂ လလောက်မှာ ကျမ ရုတ်တရက် မူးမိုက်ပြီး လဲကျသွားတယ် အာ့မှာကျမ သွေးတိုးတဲ့အချိန်တိုး သွေးပေါင်ကျလိုကျ စိတ်နဲ့လူ မကယ်အောင်ဖြစ်တာပါ။အာ့နဲ့ကျမ ဆေးစစ်တော့ လည်ပင်ကျီးပေါင်းဖြစ်တယ်။ မနေနိုင်ဘူး။ လမ်း မလျောက်နိုင်ဘူး။ ခါးလဲ ဆွဲချထားသလို နှစ်လတိတိ တော်တော်ခံစားရတယ်
အလုပ်တဘက်နဲ့ ကျမစိတ်ကျသလို ဖြစ်ခဲ့တယ် တိုင်းရင်းဆေး ကျပ်ထိုးလည်းမထူးဘူး။ အခု ကျမ ဒီဝါးမင်းနဲ့ တွေ့မှ သိသိသာသာ သက်သာ လာပါတော့တယ်ရှင်။
ဒူးနာတာလည်း လိမ်းတယ် တနေ့သုံးကြိမ် လိမိးတယ်။ ဝါးမင်းကို သွေးပြီး လိမ်းရမှာပါ။ နာတဲ့နေရာ ကျီးပေါင်းဖြစ်တဲ့ နေရာတွေကို လိမ်းပေးရတာပါ။ အခု ဆိုင်ကယ်တောင် စီးနိုင်နေပါပြီ ကျမ ဒီpostတင်တာ ပျောက်ကင်း စေချင်တဲ့ ဆန္ဒတစ်ခုရယ်ပါ။
ကျမနည်းတူ ကျီးပေါင်းဖြစ်သူတွေကို ခံစား နားလည်ပြီး ကျမနိုင်သလောက် ရှင်းပြလိုက်တာပါ။ ကျမ လိုခံစားနေရသူများ သက်သာလာအောင် စေတနာမေတ္တာ ထားပြီး ပြောပြတာဖြစ်ပါတယ်။ တစ်ချိူ့နေရာမှာ ဒီဝါးမင်းက ရှိတယ်။ တစ်ချိူ့နေရာမှာ မရှိပါဘူး ရှားပါတယ် တစ်ချိူ့ ပျိူးဥယာဉ်ဆိုင် တွေမှာလည်းရနိုင် ပါတယ်ရှင်။
အားလုံး ကျန်းမာပါစေ ဆန္ဒဖြင့် ကုသိုလ်ပြုရင်း
Credit: khine khine