You are here
Home > အနုပညာ > အရမ်းပင်ပန်းလို့ ညီးတွားနေရှာတဲ့ ထူးအောင်

အရမ်းပင်ပန်းလို့ ညီးတွားနေရှာတဲ့ ထူးအောင်

ပရိသတ်တွေကြားမှာ နာမည်ကြီးကျော်ကြားလှတဲ့ Body မိုက်ပြီး ပျိုပျိုမေတို့ အားကိုးချင်ကြတဲ့ သရုပ်ဆောင်ထူးအောင်ဟာ ယနေ့မှာတော့ သူပင်ပန်းနေကြောင်းကို ညီးတွားပြောဆိုလာပါတယ်။ သူဟာ လက်ရှိမှာ စစ်ကားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေပြီး စစ်ကားဆိုတဲ့အတိုင်း မရိုက်ကူးခင်ထဲက ပင်ပန်းကြီးစွာ ကြိုးစားအားထုတ် နေကြတာလဲဖြစ်ပါတယ်။ ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေက သဏ္ဍန်လုပ် သရုပ်တူအောင်ကြိုးစား လာကြတာတွေကို တွေ့ရပါတယ်။

ဒါကြောင့်လဲ အရည်အသွေးပြည့်မှီတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးရကြိုးနပ်လာခဲ့ပါပြီ။ ယခုအခါမှာလဲ စစ်ကားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး ၊ ကျော်ကျော်ဗို၊ ရွှေထူး နဲ့ ထူးအောင်တို့က ကြိုးစားရိုက်ကူးနေကြတာဘဲ ဖြစ်ပါတယ်။

သူက ယခုအခါမှာတော့ ရိုက်ကွင်းပေါ်က ပုံလေးတစ်ပုံနဲ့အတူ ” တစ်ခါတစ်လေ……ပင်ပန်းတဲ့စိတ်နဲ့အရာအားလုံးကိုလွှတ်ချမိချင်တယ်။ ဒါပေမဲ့လဲ……အရာအားလုံးအဆင်ပြေပါတယ်” လို့ဆိုကာ ပင်ပန်းနေတဲ့စိတ်ကို ပြန်လည်ဖြေသိမ့်နေရှာပါတယ်။

ထူးအောင်ကို ပုဂံမြို့သူရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်တွေ စတင်သတိထားမိလာတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ သူကိုယ်တိုင်လဲရုပ်ရှင်ကားတွေများစွာ ရိုက်ကူးလာခဲ့ပြီး မကြာသေးခင်ကမှလဲ သူပါဝင် ရိုက်ကူးထားတဲ့ ဂျင်ပါတီ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – htoo aung

Top
//grunoaph.net/4/3018672