ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ စက်တင်ဘာလကို ကြိုဆိုလိုက်တဲ့ ဖွေးဖွေး

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးက အနုပညာလောကမှာတော့ အအောင်မြင်ဆုံး မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ထူးချွန်တဲ့ အနုပညာစွမ်းရည်ကြောင့် ကျရာဇာတ်ရုပ်အတိုင်းကို ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူမရဲ့ အနုပညာသက်တမ်း (၁ဝ) နှစ်ကျော်အတွင်းမှာတင် အကယ်ဒမီဆု သုံဆုတိတိ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဖွေးဖွေးက ဒီတစ်ခေါက်မှာတော့ သူမရဲ့ နွေးထွေးတဲ့ အပြုံးလေးတွေနဲ့ စက်တင်ဘာလကို ကြိုဆိုထားတာ တွေ့ရပါတယ်။
ဖွေးဖွေးက “Dear September….. Pls Treat us well .. ” ဆိုပြီး နှုတ်ဆက်ထားပါတယ်။

ဖွေးဖွေးက လက်ရှိမှာ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မကြာခင်မှာလည်း ဒေါင်း၊ မိုးဟေကိုတို့နဲ့အတူ “Love Equations” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ အဲ့လိုချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖွေးဖွေးရဲ့ ပုံရိပ်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
RowenaSource: Phway Phway’s fb