အသက္ ၁၅ ႏွစ္ကတည္းက မိဘကို လုပ္ေကြၽးခဲ့တာဆိုတဲ့ ခင္ဇာျခည္ေက်ာ္

ခင္ဇာျခည္ေက်ာ္ဟာ ငယ္စဥ္ကတည္းက မိဘကို လုပ္ေကြၽးျပဳစုခဲ့သူျဖစ္တာေၾကာင့္ အခုခ်ိန္မွာ သားသမီးရ ကံေကာင္းသူ တစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ အႏုပညာေလာကမွာ အရမ္းကို ေအာင္ျမင္ခဲ့တဲ့ မင္းသမီးတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္က လိမၼာတဲ့ သားသမီး ႏွစ္ေယာက္ကို ပိုင္ဆိုင္ခြင့္ရတဲ့ မိဘျဖစ္တာေၾကာင့္ ဝမ္းသာေပ်ာ္႐ႊင္လို႔ေနပါတယ္။ ဒါကလည္း သူမကိုယ္တိုင္ မိဘအေပၚ သိတတ္ခဲ့တဲ့ အက်ိဳးေတြျဖစ္တယ္လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

‘’ကိုယ္လည္း မိဘေတြကို အသက္ ၁၅ ႏွစ္ကတည္းက လုပ္ေကြၽးခဲ့တဲ့ ဂုဏ္ေက်းဇူး၊ ဒီေန႔အခ်ိန္ထိ ေမေမဆိုရင္လည္း အစ္မဘဝမွာ နံပါတ္ ၁ ထားၿပီးေတာ့၊ အခုခ်ိန္ထိလည္း ေမေမ့ကို အၿမဲတမ္း ဦးစားေပးၿပီးေတာ့ေနတဲ့ သမီးတစ္ေယာက္ျဖစ္တဲ့အတြက္ အဲဒီအက်ိဳးေတြက အစ္မကို ျပန္ၿပီးေတာ့ တန္ျပန္သက္ေရာက္တယ္လို႔ပဲျမင္ပါတယ္’’ ဆိုၿပီးေတာ့ ၾသဂုတ္လ ၂၅ ရက္ေန႔က Wine အသစ္ မိတ္ဆက္ပြဲကို တက္ေရာက္ရင္းေျဖဆိုခဲ့တာပါ။

သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္(Khin Zar Chi Kyaw)မွာေတာ့ အရမ္းကိုေခ်ာေမာၿပီး ခ်စ္စရာေကာင္းလြန္းၾကတဲ့ သားႀကီး ဘုန္းမင္းေနလနဲ႔ သမီးငယ္ေလး ထင္သစၥာ တို႔ကို ပိုင္ဆိုင္ထားတဲ့ မိခင္တစ္ေယာက္ျဖစ္ပါတယ္။ သားႀကီး ဘုန္းမင္းေနလကေတာ့ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြ ရဲ႕ အသဲစြဲမင္းသားေလးတစ္ေယာက္ျဖစ္ပါတယ္။ သမီးငယ္ေလး ထင္သစၥာကေတာ့ လက္ရွိေက်ာင္းပညာေရးကိုဘဲ အဓိက ဦးစားေပးေန တယ္လို႔ သိရပါတယ္။

ခင္ဇာျခည္ေက်ာ္ရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၃၀ ေက်ာ္ဝန္းက်င္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ တစ္ေခတ္တစ္ခါက လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးေခ်ာေတြၾကားမွာ ခင္ဇာျခည္ေက်ာ္ကလည္း တစ္ဦး အပါအဝင္ပါ။ သူမဟာ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြ၊ ႐ုပ္ရွင္ကားႀကီးမ်ားစြာကိုလည္း ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ႐ိုက္ကူးခဲ့ဖူးသူျဖစ္ပါတယ္။ သူမဟာ ၂၀၀၂ ခုႏွစ္တုန္းက ‘’ငါ သူတစ္ပါး ေယာက်္ား၊ မိန္းမ’’ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိပိုင္ဆိုင္ခဲ့ပါတယ္။

CRD-Cele yatkwat

UNICODE

ခင်ဇာခြည်ကျော်ဟာ ငယ်စဉ်ကတည်းက မိဘကို လုပ်ကျွေးပြုစုခဲ့သူဖြစ်တာကြောင့် အခုချိန်မှာ သားသမီးရ ကံကောင်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

သရုပ်ဆောင်ခင်ဇာခြည်ကျော်က လိမ္မာတဲ့ သားသမီး နှစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ မိဘဖြစ်တာကြောင့် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ ဒါကလည်း သူမကိုယ်တိုင် မိဘအပေါ် သိတတ်ခဲ့တဲ့ အကျိုးတွေဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုယ်လည်း မိဘတွေကို အသက် ၁၅ နှစ်ကတည်းက လုပ်ကျွေးခဲ့တဲ့ ဂုဏ်ကျေးဇူး၊ ဒီနေ့အချိန်ထိ မေမေဆိုရင်လည်း အစ်မဘဝမှာ နံပါတ် ၁ ထားပြီးတော့၊ အခုချိန်ထိလည်း မေမေ့ကို အမြဲတမ်း ဦးစားပေးပြီးတော့နေတဲ့ သမီးတစ်ယောက်ဖြစ်တဲ့အတွက် အဲဒီအကျိုးတွေက အစ်မကို ပြန်ပြီးတော့ တန်ပြန်သက်ရောက်တယ်လို့ပဲမြင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က Wine အသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။

ခင်ဇာခြည်ကျော်ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောတွေကြားမှာ ခင်ဇာခြည်ကျော်ကလည်း တစ်ဦး အပါအဝင်ပါ။ သူမဟာ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်ရှင်ကားကြီးများစွာကိုလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ သူမဟာ ၂၀၀၂ ခုနှစ်တုန်းက ‘’ငါ သူတစ်ပါး ယောကျ်ား၊ မိန်းမ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။