You are here
Home > အနုပညာ > မုန့်ဖက်ထုပ်သည် သားအမိကို မြင်လိုက်ရပြီး ကိုယ့်ကိုကိုယ် ရှက်မိကြောင်းဝန်ခံခဲ့တဲ့ ချစ်သုဝေ

မုန့်ဖက်ထုပ်သည် သားအမိကို မြင်လိုက်ရပြီး ကိုယ့်ကိုကိုယ် ရှက်မိကြောင်းဝန်ခံခဲ့တဲ့ ချစ်သုဝေ

နိုင်ငံကျော် အနုပညာရှင် တစ်ဦးဖြစ်တဲ့ ချစ်သုဝေက ရိုးရှင်းပြီး လှပတဲ့ မျက်နှာလေး ကို ပိုင်ဆိုင် ထားသူ တစ်ဦးပါ။ လူလေးလှသလို စိတ်ထားလေးလည်း နူးညံသိမ်မွေ့တဲ့ ချစ်သုဝေကို ပရိသတ်တွေက မချစ်ပဲနဲ့ မနေနိုင်ပါဘူး။ ဒီနေ့မှာတော့ စိတ်ထားလေး နူးညံ့ပျော့ပြောင်းတဲ့ ချစ်သုဝေက မုန့်ဖက်ထုပ် သည် သားအမိကို တွေ့လိုက်ရပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အခုလိုပဲ မျှဝေ ထားပါတယ်။

“မနေ့ညက သမီးလေးတွေသိပ်ပြီးတော့မုန့်ဖက်ထုပ် စားချင် လာပါရော။ ယောကျာ်းကရှာဝယ်ပေးမယ်ဆိုပြီး နေတဲ့ သင်္ဃန်းကျွန်းကနေ နေရာစုံ နောက်ဆုံးတရုတ်တန်းလသာထိ ရှာတယ်ပေါ့လေ..မတွေ့..ဒီနေ့ နေ့လည်ကျ သူကမကျေပွဲ..ကိုယ့်ရှေ့ မုန့်ဖက်ထုပ် ပူပူလေး ရောက်လာတယ်။”

“မုန့်ဖက်ထုပ် ပူပူလေး..” အမျိုးသမီးတစ်ယောက်အသံ,,(ဪ ငါ့နဲ့နော်..စဉ်းစားလို့မဆုံးခင်လေး..)နောက်ထပ် အသံတစ်ခု နောက်ကလိုက်လာတယ်။ “မုန့်ဖက်ထုပ်ပူပူလေး..” ၅နှစ်လောက်လို့ခန့်မှန်းရတဲ့ကလေးအသံလေး နဲ့’

“တံခါးကိုဖွင့် လမ်းပေါ်လှမ်းကြည့်မိတော့ မုန့်ဖက်ထုပ်တောင်းလေးကိုခေါင်းမှာရွက် သားလေးကိုလက်ကတစ်ဖက်တွဲ သားအမိ၂ယောက်ကို ကျွန်မမြင်တော့ မျက်ရည်ဟာအလိုလိုစီးကျလာတယ် ကျွန်မလိပ်ပြာကကိုယ့်ကိုယ်ကိုရှက်စေတယ်။”

“”မုန့်ဖက်ထုပ်ပူပူလေး…”” အသံက ဝေးသထက်ဝေး….ကျွန်မအတွေးတွေက ကျယ်သထက်ကျယ်…သေချာတာကတော့ ကျွန်မပင်ပမ်းတယ် အနာဂတ်အတွက်တွေးပူတယ်ဆိုတာမျိုးတွေညည်းတွားဖို့ ရှက်တတ်သွားပြီ။”

“လူဆိုတာ ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် ဘဝကို အရှုံးမပေးပဲ ရုန်းကန်နေရတာ မှ ဘဝအစစ်🙏ကလေးလေးတွေ အားလုံးရဲ့ဘဝတွေဟာ တူညီနေရင် သိပ်ကောင်းမယ်။” ဆိုပြီး သူမ ရဲ့ အတွေးတစ်စွမ်းတစ်စကို ဝေမျှထားပါတယ်။

လူတွေဆိုတာ ကိုယ့်ဘဝ ရဲ့ တစ်နေ့တာကို ဖြတ်သန်းရင်း ဘဝရဲ့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြရပါတယ်။ ဒါပေမယ့် ကိုယ် ရရှိလာတဲ့ဘဝကို အရှုံးမပေးပဲ ကြိုးစားဖြတ်သန်းရင်း တစ်နေ့မှာ အကောင်းဆုံး အနေအထားကို ရောက်ရှိမှာ သေချာပါတယ်။

crd : momolay

Top
//waufooke.com/4/3018672