ကင်ဆာဖြစ်နေတဲ့အချိန် ယောကျာ်းဖြစ်သူ ရဲ့ အနစ်နာခံနှစ်သိမ့်အားပေးမှုတွေကို ပြောလာတဲ့ မီးမီးခဲ

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။

ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် ကင်ဆာရောဂါဝေဒနာ ကို ခံစားနေရတဲ့ မီးမီးခဲ က သူမ ကျန်းမာရေး မကောင်းတဲ့ အချိန် ခင်ပွန်းဖြစ်သူ ရဲ့ အနစ်နာခံမှုတွေကို ပြောပြထားတဲ့အကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်နော်။

မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။

မီးမီးခဲက လက်ရှိမှာ ရင်သားကင်ဆာ အဆင့်၎ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြထားပါသေးတယ်။

ဒီတစ်ခါမှာတော့ မီးမီးခဲ က သူမ ကင်ဆာဖြစ်နေတဲ့အချိန် ယောကျာ်းဖြစ်သူ ရဲ့ အနစ်နာခံနှစ်သိမ့်အားပေးမှုတွေ ကို ခုလိုပြောထားပါတယ်။

” Happy Father’s Day Eh
Australia ရဲ့ အဖေများနေ ဟာ ဒီနေ့ ပါနော်ရောဂါဝေဒနာဆိုးတွေကြားရုန်းကန်ချိန် ဘေးက ဘဝအဖော်ဟာ လဲ အလွန်မှအရေးပါလှပါတယ်။သူကသာ အားပေးနှစ်သိမ့် မှုတွေ ဆုတောင်းပေးမှူတွေ မရှိခဲ့ဘူးဆိုရင် ကျွန်မလဲ စိတ်ပိုင်းဆိုင်အားနည်းချက်များ ရှိလာနိုင်ပြီး ကျန်းမာရေးပါ

ထိခိုက်လာနိုင်မှာပါအိမ်အကူမရှိတဲ့ ဒီလို နိုငိငံမှာ ကလေးနှစ်ယောက်လုံးကို မိခင်နေရာမှာ ဝင်ပြီး ကလေးတွေစားဖို့ အတွက် အဝတ်လျှော်တာတွေ ချီးသေးမှ အစ သနိ့ ရှင်းရေး အဆုံး ကျွန်မ မကျန်းမာစဉ် ဆေးရုံတတ်နေရချိန်တွေ

အိမ်မှာနေစဉ် အိပ်ယာထဲကနေတောင် မထနိုင်အောင် အားနည်းစဉ် ကာလမှစ့ ဒီနေ့ အထိ တာဝန်သိတတ် ပြီး ကူညီဖြည့်စွမ်းပေးတဲ့ ဘုရားပေးတဲ့ ဘဝ အဖော် လှပတဲ့နှလုံးသား လေးပိုင်ဆိုင်တဲ့ကျွန်မရဲ့ မျက်ဝန်းညိုရေ God Bless Youနော်” ဆိုပြီးပြောထားပါတယ်။

မီးမီးခဲ ပြောပြထားတဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;the real mee mee khel