ထူးအိမ္သင္နဲ႔ လြမ္းစရာအမွတ္တရေတြ အေၾကာင္းကို ေျပာျပလာတဲ့ Rဇာနည္

ျမန္မာႏိုင္ငံမွာ အစားထိုးလို႔မရသလို ေနာက္ထပ္တစ္ေယာက္ထပ္ရဖို႔ ႐ွားပါးတဲ့ ဂီတသမားတစ္ေယာက္ ျဖစ္တဲ့ ထူးအိမ္သင္ကို အားလံုး သတိရလြမ္းဆြတ္ေနၾကမယ္ ထင္ပါတယ္ ။ ထူးအိမ္သင္ န႔ဲ အမွတ္တရေတြကို Myanmar Celebrity နဲ႔ Rဇာနည္ က အင္တာဗ်ဴးမွာ ေျပာျပသြားတဲ့ အေၾကာင္းေတြကုိ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ ေျပာျပေပးလိုက္ပါတယ္ ။

Rဇာနည္က “ အၿမဲသတိရ လြမ္းဆြတ္ေနပါတယ္ ။ ကုိငွက္ႀကီးကိုေလ က်ေနာ္တို႔ကေတာ့ စိတ္ထဲမွာ အၿမဲတမ္းရိွေနတာပါ ဒီကိစၥက သူ႔ကိုအၿမဲတမ္းလြမ္းဆြတ္ေနပါတယ္ ။ သူ႔ကိုရိွေစခ်င္ေသးတယ္ ။ ကုိယ့္ကို သီခ်င္းတစ္ပုဒ္ပဲ ေရးေပးဖူးတယ္။ သူေရးေပးတဲ့ ကိုယ္ပိုင္သီခ်င္း ကို္ယ္ဆိုဖူးတာေပါ့ က်န္တာေတာ့ သူေရးထားတဲ့ တျခားသီခ်င္းေတြလည္း ဆိုျဖစ္ပါတယ္ ။

အမွတ္တရကေတာ့ အစ္ကိုတို႔ဆရာ တပည့္လို ညီလို အစ္ကိုလိုေပါင္းျဖစ္ၾကတယ္ ။ တရက္မွာ အစ္ကိုက ထံုးစံအတိုင္း အားလံုးလည္းသိမွာပါ ျပႆနာတက္ၿပီးေတာ့ ေဆး႐ံုေရာက္သြားတဲ့အခ်ိန္မွာ အစ္ကို႔ကို လာဆူတယ္ ။ေတာ္ေတာ္ေလးဆူတယ္ေပါ့ေနာ္ အဲ့ဒါေလးကေတာ့ အစ္ကိုဘဝမွာ အၿမဲတမ္းအမွတ္တရေပါ့ေနာ္ ။ သူက ေဂၚလို႔ရတယ္ ကဲလို႔ရတယ္ ။ မဆိုးရဘူး မမိုက္ရဘူးဆိုတဲ့ ပံုစံမ်ိဳးေျပာျပထားတာေပါ့ ။

သီခ်င္းပတ္သက္လို႔ အျပန္လွန္ Sharing မလုပ္ရဘူး အစ္ကုိက လုပ္ခြင့္လည္းမရိွဘူး ။ အစ္ကိုက ဆရာသမၻာ အဲ့ဒီလိုမ်ိဳးေတြကြာတဲ့အခါက်ေတာ့ သူ႕ကိုပဲ တခ်ိန္လံုးအစ္ကို ေတာက္ေလွ်ာက္ေလ့လာေနရတာ။ သူရဲ႕လႈပ္ရွားမႈေတြအားလံုးက ကိုယ့္အတြက္ျမင္ဆရာ သင္ဆရာလို ျဖစ္ေနတဲ့ ပံုစံမ်ိဳးက်ေတာ့ သူစီစဥ္ခ်မွတ္ေပးတဲ့ အတိုင္းပဲ သြားျဖစ္တာမ်ားတယ္ ။ သူနဲ႔ ပတ္သက္လာလို႔႐ိွရင္လည္းေလ။ က်ေနာ္က သီခ်င္းေတြအကုန္လံုးကို ႀကိဳက္တယ္။ ဒါေပမယ့္ တစ္ခုခုေမးလိုက္ရင္ ေျပာျဖစ္တဲ့ သီခ်င္းက အခါလြန္မိုး အဲ့ဒါကိုႀကိဳက္တယ္ ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

CRD-Nanmalgyi

Unicode

မြန်မာနိုင်ငံမှာ အစားထိုးလို့မရသလို နောက်ထပ်တစ်ယောက်ထပ်ရဖို့ ရှားပါးတဲ့ ဂီတသမားတစ်ယောက် ဖြစ်တဲ့ ထူးအိမ်သင်ကို အားလုံး သတိရလွမ်းဆွတ်နေကြမယ် ထင်ပါတယ် ။ ထူးအိမ်သင် နဲ့ အမှတ်တရတွေကို Myanmar Celebrity နဲ့ Rဇာနည် က အင်တာဗျူးမှာ ပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

Rဇာနည်က “ အမြဲသတိရ လွမ်းဆွတ်နေပါတယ် ။ ကိုငှက်ကြီးကိုလေ ကျနော်တို့ကတော့ စိတ်ထဲမှာ အမြဲတမ်းရှိနေတာပါ ဒီကိစ္စက သူ့ကိုအမြဲတမ်းလွမ်းဆွတ်နေပါတယ် ။ သူ့ကိုရှိစေချင်သေးတယ် ။ ကိုယ့်ကို သီချင်းတစ်ပုဒ်ပဲ ရေးပေးဖူးတယ်။ သူရေးပေးတဲ့ ကိုယ်ပိုင်သီချင်း ကိုယ်ဆိုဖူးတာပေါ့ ကျန်တာတော့ သူရေးထားတဲ့ တခြားသီချင်းတွေလည်း ဆိုဖြစ်ပါတယ် ။

အမှတ်တရကတော့ အစ်ကိုတို့ဆရာ တပည့်လို ညီလို အစ်ကိုလိုပေါင်းဖြစ်ကြတယ် ။ တရက်မှာ အစ်ကိုက ထုံးစံအတိုင်း အားလုံးလည်းသိမှာပါ ပြဿနာတက်ပြီးတော့ ဆေးရုံရောက်သွားတဲ့အချိန်မှာ အစ်ကို့ကို လာဆူတယ် ။တော်တော်လေးဆူတယ်ပေါ့နော် အဲ့ဒါလေးကတော့ အစ်ကိုဘဝမှာ အမြဲတမ်းအမှတ်တရပေါ့နော် ။ သူက ဂေါ်လို့ရတယ် ကဲလို့ရတယ် ။ မဆိုးရဘူး မမိုက်ရဘူးဆိုတဲ့ ပုံစံမျိုးပြောပြထားတာပေါ့ ။

သီချင်းပတ်သက်လို့ အပြန်လှန် Sharing မလုပ်ရဘူး အစ်ကိုက လုပ်ခွင့်လည်းမရှိဘူး ။ အစ်ကိုက ဆရာသမ္ဘာ အဲ့ဒီလိုမျိုးတွေကွာတဲ့အခါကျတော့ သူ့ကိုပဲ တချိန်လုံးအစ်ကို တောက်လျှောက်လေ့လာနေရတာ။ သူရဲ့လှုပ်ရှားမှုတွေအားလုံးက ကိုယ့်အတွက်မြင်ဆရာ သင်ဆရာလို ဖြစ်နေတဲ့ ပုံစံမျိုးကျတော့ သူစီစဉ်ချမှတ်ပေးတဲ့ အတိုင်းပဲ သွားဖြစ်တာများတယ် ။ သူနဲ့ ပတ်သက်လာလို့ရှိရင်လည်းလေ။ ကျနော်က သီချင်းတွေအကုန်လုံးကို ကြိုက်တယ်။ ဒါပေမယ့် တစ်ခုခုမေးလိုက်ရင် ပြောဖြစ်တဲ့ သီချင်းက အခါလွန်မိုး အဲ့ဒါကိုကြိုက်တယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Unicode