ကြည့်နေရင်းနဲ့ အသည်းယားပြီး ချစ်သွားစေမယ့် Liam လေးရဲ့ ဗီဒီယိုလေး




Source – May Thu Facebook,CRD-Myanmarload

UNICODE

ဖိုးဖိုး၊ဖွားဖွားတွေရဲ့ အချစ်တွေကို အပြည့်အဝရရှိနေသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားရတနာ လွင်ထက်ပဲ ဖြစ်ပါတယ်။ သားလေးဟာ ပါးလေးဖောင်းဖောင်းလေးနဲ့အရမ်းကို ချစ်ဖို့ကောင်းနေတာပါ။

သားလေးရဲ့ ဆော့ကစားနေတဲ့ဗီဒီယိုလေးကိုလည်း အဖွားဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှလေ့ရှိတာပါ။ Liam လေးရဲ့ လှုပ်ရှားမှုတိုင်းဟာလည်း အသည်းယားလွန်းပြီး ချစ်စရာကောင်းလွန်းတာပါ။

အခုတစ်ခေါက်မှာလည်း White board ပေါ်ထိ တက်ထိုင်ကာ စာတွေ အော်ပြီးရေးနေတဲ့ ဗီဒီယိုလေးကို အဖွားဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် Liam လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက် ရပါတယ်နော်။