ဖခင် Medical Check Up လုပ်ဖို့ ငွေသာကန်တော့လိုက်နိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ပိုင်တံခွန်




CRD-Momolay

UNICODE

နိုင်ငံကျော် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ကြံခိုင်သန်စွမ်းတဲ့ ခန္ဒာကိုယ်နဲ့ စွဲဆောင်မှုရှိတဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက် ခံနေရသူ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိ ထိုင်းနိုင်ငံမှာလည်း အောင်မြင်နေတာဖြစ်ပြီး ထိုင်းအနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ ပိုင်တံခွန်က မိဘတွေအပေါ် သိတတ်လိမ္မာတဲ့ သားလိမ္မာလေး တစ်ယောက်လဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်က သူ့အဖေအတွက် တာဝန်မကင်းသလို ခံစားနေရကြောင်း ရင်ဖွင့်လာပါတယ်။ပိုင်တံခွန်က သူ့အဖေအတွက် Medical Check Up လုပ်ပေးဖို့ သူက ခရီးထွက်ရမှာမို့ လူကိုယ်တိုင် မလိုက်နိုင်ပဲ ငွေသာ ကန်တော့နိုငိခဲ့လို့ စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူအောင်မြင်လာတာနဲ့ အမျှ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ပြီး မိဘတွေကို လိုလေသေးမရှိ ဖြည့်စည်းပေးနေတဲ့ သားလိမ္မာလေးပဲ ဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ သူရဲ့ ဖေဖေအတွက် အကောင်းဆုံးတွေချည်းပဲ ဖြည့်စည်းပေးချင်သူ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ သားအဖရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ပြီး ကြည်နူးနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။