ရှားရှားပါးပါး အတူတူပွဲတက်လာကြတဲ့ ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့  ညီအစ်မ





credit – momolay
Unicode

နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေသူ တစ်ဦးပါ။ အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ ဝတ်မှုံရွှေရည်က အခုအသက်အရွယ်ထိ အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုနဲ့သာ အတူတကွ ပျော်ရွှင်စွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ နွေးထွေးပြီး အေးဆေးတည်ငြိမ်တဲ့ ဝတ်မှုံရွှေရည်တို့ မိသားစုလေးကလည်း ပရိသတ်တွေ အားကျစရာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ(၃၀) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က Stella Collections ရဲ့ The Original concepts moonsoon2019 ပွဲလေးကို ညီမဖြစ်သူ Beauty Blogger နဒီရွှေရည် @ Kay နဲ့ အတူတူ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မနှစ်ယောက်က ပွဲအခမ်းအနားတွေကို အတူတကွ တွဲတက်တာ ရှားပါးတာမို့ ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်တို့ ညီအစ်မနှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နဒီရွှေရည်က အရင်ကတော့ အစ်မဖြစ်သူ ဝတ်မှုံရွှေရည်ရဲ့ ရှုတင်တွေ၊ ရိုက်ကွင်းတွေကို လိုက်တတ်တာကို တွေ့ရပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အစ်မဖြစ်သူနဲ့ အနည်းငယ် အလှမ်းဝေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သံယောဇဉ်ကြီးလွန်းတဲ့ ညီအစ်မနှစ်ယောက်ကတော့ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတာပဲနော်။