
၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ (အာ႐ွဇုန္) ဒုတိယအဆင့္အုပ္စု (စ) ပြဲစဥ္အျဖစ္ယွဥ္ၿပိဳင္မည့္ မြန္ဂိုလီးယားအသင္းႏွင့္ ျမန္မာ့လက္ေရြးစင္အသင္းတုိ႔၏ ပြဲစဥ္ကို ႐ုပ္သံလိုင္းမွတိုက္႐ိုက္ျပသႏိုင္ရန္ႀကိဳးပမ္းေနေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ တာ၀န္႐ွိသူတစ္ဦးက ေျပာၾကားခဲ့သည္။
´´ မြန္ဂိုလီးယားအသင္းနဲ႔ပြဲကို ႐ုပ္သံကေနတိုက္႐ိုက္ျပသႏိုင္ဖို႔ သူတို႔ဆီကေန ႐ုပ္သံအဖြဲ႔ေတြနဲ႔ ညႇိႏိႈင္းမႈေတြလုပ္ေနပါတယ္ သူတို႔႐ုပ္သံကေန ဒီကျပန္ဖမ္းၿပီးလႊင့္ႏိုင္ေအာင္ ႀကိဳးပမ္းေနပါတယ္ အခုထိေတာ့ေသခ်ာေပါက္ေျပာလို႔မရေသးဘူး သိရတာနဲ႔ သတင္းထုတ္ျပန္ေပးပါ့မယ္ ” ဟု ၎ကေျပာၾကားခဲ့သည္။
သတင္း Credit ျမ၀တီ
မြန္ဂိုလီးယားႏွင့္ပြဲတြင္ ရလဒ္ေကာင္းရ႐ွိရန္ေမ်ွာ္မွန္းထားေၾကာင္း ျမန္မာ့လက္ေရြးစင္အသင္း ေနာက္တန္းကစားသမား ေဇာ္မင္းထြန္းေျပာၾကား
ျမန္မာ့လက္ေရြးစင္အသင္းႏွင့္ ေခ်ာင္ဘူရီအသင္းေနာက္တန္းကစားသမား ေဇာ္မင္းထြန္း မြန္ဂိုလီးယားအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည့္ ကမာၻ႔ဖလား ဒုတိယအဆင့္ေျခစစ္ပြဲ (အာ႐ွဇုန္) တြင္ ရလဒ္ေကာင္းရ႐ွိရန္မ်ွာ္မွန္းထားေၾကာင္းေျပာၾကားခဲ့သည္။
ျမန္မာ့လက္ေရြးစင္အသင္း ကမာၻ႔ဖလား ဒုတိယအဆင့္ေျခစစ္ပြဲ (အာ႐ွဇုန္) ပြဲစဥ္အျဖစ္ လာမည့္ စက္တင္ဘာလ (၅) ရက္တြင္ အေ၀းကြင္း၌ မြန္ဂိုလီးယားအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။
“မြန္ဂိုလီးယားနဲ႔ ကြၽန္ေတာ္တို႔ကစားဖူးပါတယ္ ကမာၻ႔ဖလားေျခစစ္ပြဲ အဖြင့္ပြဲစဥ္ျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ ရမွတ္ (၃) မွတ္ရ႐ွိဖို႔ ေမ်ွာ္မွန္းထားပါတယ္ မြန္ဂိုလီးယားနဲ႔ ပြဲမတိုင္ခင္ အသင္းရဲ႕အားနည္းခ်က္ေတြကိုျပင္ဆင္ၿပီး အဖြင့္ပြဲမွာရလဒ္ေကာင္းရ႐ွိဖို႔ ႀကိဳးစားသြားမွာပါ ” ဟု ေဇာ္မင္းထြန္းကေျပာၾကားခဲ့သည္။
သတင္း Credit Tips Channel
MFFG
Unicode ဖြင့်ဖတ်ပါ
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်အုပ်စု (စ) ပွဲစဉ်အဖြစ်ယှဉ်ပြိုင်မည့် မွန်ဂိုလီးယားအသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ပွဲစဉ်ကို ရုပ်သံလိုင်းမှတိုက်ရိုက်ပြသနိုင်ရန်ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
´´ မွန်ဂိုလီးယားအသင်းနဲ့ပွဲကို ရုပ်သံကနေတိုက်ရိုက်ပြသနိုင်ဖို့ သူတို့ဆီကနေ ရုပ်သံအဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေလုပ်နေပါတယ် သူတို့ရုပ်သံကနေ ဒီကပြန်ဖမ်းပြီးလွှင့်နိုင်အောင် ကြိုးပမ်းနေပါတယ် အခုထိတော့သေချာပေါက်ပြောလို့မရသေးဘူး သိရတာနဲ့ သတင်းထုတ်ပြန်ပေးပါ့မယ် ” ဟု ၎င်းကပြောကြားခဲ့သည်။
သတင်း Credit မြဝတီ
မွန်ဂိုလီးယားနှင့်ပွဲတွင် ရလဒ်ကောင်းရရှိရန်မျှော်မှန်းထားကြောင်း မြန်မာ့လက်ရွေးစင်အသင်း နောက်တန်းကစားသမား ဇော်မင်းထွန်းပြောကြား
မြန်မာ့လက်ရွေးစင်အသင်းနှင့် ချောင်ဘူရီအသင်းနောက်တန်းကစားသမား ဇော်မင်းထွန်း မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ (အာရှဇုန်) တွင် ရလဒ်ကောင်းရရှိရန်မျှာ်မှန်းထားကြောင်းပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ (အာရှဇုန်) ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာလ (၅) ရက်တွင် အဝေးကွင်း၌ မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
“မွန်ဂိုလီးယားနဲ့ ကျွန်တော်တို့ကစားဖူးပါတယ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ရမှတ် (၃) မှတ်ရရှိဖို့ မျှော်မှန်းထားပါတယ် မွန်ဂိုလီးယားနဲ့ ပွဲမတိုင်ခင် အသင်းရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီး အဖွင့်ပွဲမှာရလဒ်ကောင်းရရှိဖို့ ကြိုးစားသွားမှာပါ ” ဟု ဇော်မင်းထွန်းကပြောကြားခဲ့သည်။
သတင်း Credit Tips Channel
MFFG