“ဖိုက္တင္ဇာတ္ဝင္ခန္းေတြအတြက္ ဒဏ္ရာရတာကို မမႈဘဲ ဇာတ္ရုပ္ပီျပင္ေအာင္ သရုပ္ေဆာင္ခဲ႕တဲ႕ ျမတ္သူသူဇင္”

ၾသဂုတ္လ (၃၀)ရက္ ေန႕ကစလို႔ MRTV -4ရုပ္သံလိုင္းကထုတ္လႊင္႕ျပသေနတဲ႕ “တတိယေျမာက္ ဆံုမွတ္”ဇာတ္လမ္းတြဲ ၾကီး ကေတာ႕ ပထမဆံုး ျပသတဲ႕ အပိုင္း (၁)မွာ တင္ ပရိသတ္ေတြနဲ႕ အားေပးမႈကို အျပည္႕အဝရရွိေနတာပဲျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲၾကီးမွာ နာမည္ၾကီး ဝါရင္႕ သရုပ္ေဆာင္ေတြပါဝင္သရုပ္ေဆာင္ထားတာျဖစ္တဲ႕ အျပင္ လတ္တေလာမွာ ပရိသတ္ေတြရဲ႕ အားေပးဝန္းရံျခင္းကို အျပည္႕အဝရရွိေနတဲ႕ MRTV-4က ေျမေတာင္ေျမွာက္ေပးလိုက္တဲ႕တက္သစ္စ သရုပ္ေဆာင္ေတြလည္း ပါဝင္ပါေသးတယ္။

ပရိသတ္ေတာ္ေတာ္မ်ားမ်ား ၾကိဳက္နွစ္သက္ျပီးအားေပးၾကတဲ႕ ဒီဖိုက္တင္ဇာတ္လမ္းတြဲမွာ ပါဝင္တဲ႕ သရုပ္ေဆာင္ေတြကလည္း ထိခိုက္ဒဏ္ရာေတြရရွိခဲ႕တာကိုေတာင္မမႈပဲ ဇာတ္ရုပ္ကိုပီျပင္ေအာင္သရုပ္ေဆာင္ခဲ႕ၾကတာျဖစ္ျပီး ဇာတ္လမ္းတြဲထဲမွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႕ ပါဝင္သရုပ္ေဆာင္ခဲ႕တဲ႕ ျမတ္သူသူဇင္ကလည္း ဇာတ္လမ္းရဲ႕ ပထမဆံုး အပိုင္းရိုက္ကူးမႈမွာတင္ ထိခိုက္ဒဏ္ရာေတြရရွိခဲ႕တာပဲျဖစ္ပါတယ္။

ဒီလို ထိခိုက္ဒဏ္ရာ ရရွိတာေတြနဲ႕ ပတ္သက္လို႕ ျမတ္သူသူဇင္ဟာ “အပိုင္း (၁)ရဲ႕ အမွတ္တရေလးမ်ား တင္ပါရေစေနာ္။ဘန္ေကာက္မွာ ရတဲ့အမွတ္တရေတြ အေတြ႕အၾကံဳေတြအားလံုးကို တကယ္ေက်နပ္ပါတယ္။အဲ့အတြက္ ပိုအားေပးရေအာင္ တန္ေအာင္အၿမဲႀကိဳးစားပါ့မယ္။”လို႕ ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၁)ကို ထုတ္လႊင္႕ျပသခ်ိန္မွာ ရိုက္ကူးခ်ိန္က အမွတ္တရေလးေတြကို ေဖာ္ျပခဲ႕ျပီး ဒဏ္ရာေတြရခဲ႕ေပမဲ့လည္း ေက်နပ္ပီတိျဖစ္မိေၾကာင္းနဲ႕ ပရိသတ္ေတြအားေပးရက်ိိဳးနပ္ေအာင္ ဆက္လက္ၾကိဳးစားသြားမွာျဖစ္တဲ႕ အေၾကာင္းကို ေျပာၾကားထားပါေသးတယ္။CeleGabarပရိသတ္ၾကီးေရ ျမတ္သူသူဇင္ေလးကို “ယြန္းေမခ”အေနနဲ႕ အားရေက်နပ္မႈရွိရဲ႕လား။

Source : Myat Thu Thu Zin
Chilli – CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္။

“ဖိုက်တင်ဇာတ်ဝင်ခန်းတွေအတွက် ဒဏ်ရာရတာကို မမှုဘဲ ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ခဲ့တဲ့ မြတ်သူသူဇင်”

သြဂုတ်လ (၃၀)ရက် နေ့ကစလို့ MRTV -4ရုပ်သံလိုင်းကထုတ်လွှင့်ပြသနေတဲ့ “တတိယမြောက် ဆုံမှတ်”ဇာတ်လမ်းတွဲ ကြီး ကတော့ ပထမဆုံး ပြသတဲ့ အပိုင်း (၁)မှာ တင် ပရိသတ်တွေနဲ့ အားပေးမှုကို အပြည့်အဝရရှိနေတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကြီးမှာ နာမည်ကြီး ဝါရင့် သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့ အပြင် လတ်တလောမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိနေတဲ့ MRTV-4က မြေတောင်မြှောက်ပေးလိုက်တဲ့တက်သစ်စ သရုပ်ဆောင်တွေလည်း ပါဝင်ပါသေးတယ်။

ပရိသတ်တော်တော်များများ ကြိုက်နှစ်သက်ပြီးအားပေးကြတဲ့ ဒီဖိုက်တင်ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာကိုတောင်မမှုပဲ ဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဇာတ်လမ်းတွဲထဲမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မြတ်သူသူဇင်ကလည်း ဇာတ်လမ်းရဲ့ ပထမဆုံး အပိုင်းရိုက်ကူးမှုမှာတင် ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီလို ထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ ပတ်သက်လို့ မြတ်သူသူဇင်ဟာ “အပိုင်း (၁)ရဲ့ အမှတ်တရလေးများ တင်ပါရစေနော်။ဘန်ကောက်မှာ ရတဲ့အမှတ်တရတွေ အတွေ့အကြုံတွေအားလုံးကို တကယ်ကျေနပ်ပါတယ်။အဲ့အတွက် ပိုအားပေးရအောင် တန်အောင်အမြဲကြိုးစားပါ့မယ်။”လို့ ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ကို ထုတ်လွှင့်ပြသချိန်မှာ ရိုက်ကူးချိန်က အမှတ်တရလေးတွေကို ဖော်ပြခဲ့ပြီး ဒဏ်ရာတွေရခဲ့ပေမဲ့လည်း ကျေနပ်ပီတိဖြစ်မိကြောင်းနဲ့ ပရိသတ်တွေအားပေးရကျိုးနပ်အောင် ဆက်လက်ကြိုးစားသွားမှာဖြစ်တဲ့ အကြောင်းကို ပြောကြားထားပါသေးတယ်။CeleGabarပရိသတ်ကြီးရေ မြတ်သူသူဇင်လေးကို “ယွန်းမေခ”အနေနဲ့ အားရကျေနပ်မှုရှိရဲ့လား။

Source : Myat Thu Thu Zin
Chilli – CeleGabar