သမီးလေးရောက်လာတော့မှာမို့ သားသားအဝတ်တွေ ရှင်းနေရပြီ ဆိုတဲ့ သင်ဇာနွယ်ဝင်း ရုပ်သံ

Zawgyi






ရုပ်သံ


Unicode

သမီးလေးရောက်လာတော့မှာမို့ သားသားအဝတ်တွေ ရှင်းနေရပြီ ဆိုတဲ့ သင်ဇာနွယ်ဝင်း

အိမ်ထောင်ကျပြီးနောက်မှာ အနုပညာ အလုပ်တွေကို ရပ်နားပြီး မိသားစုကို အချိန်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကို ရရှိထားတဲ့သူ တစ်ယောက်ဖြစ်တဲ့ သင်ဇာနွယ်ဝင်း ကတော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အိမ်ထောင်ရေး ကံကောင်းလို့ ပရိသတ်တွေ အားကျနေရတဲ့ အနုပညာရှင်တွေထဲ တစ်ယောက် အပါအဝင်ဖြစ်တဲ့ မင်းသမီးချော သဇင်နွယ်ဝင်းကတော့ ခင်ပွန်းဖြစ်သူ ရဲ့ အချစ်တွေနဲ့ အေးချမ်းပျော်ရွှင်နေတဲ့ အိမ်ထောင်သက်တမ်း မကြာသေးခင် မှာပဲ သားလေး တစ်ယောက် ရခဲ့ပါတယ်။

သူမရဲ့ ချစ်စရာကောင်းတဲ့ သားလေးကလည်း ပရိသတ်တွေရဲ့ အသဲကျော်လေး ဖြစ်လို့နေပါတယ်နော်။ သူမကတော့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရပြီး သမီးလေး ဖြစ်နေတဲ့ အတွက်လည်း ပျော်ရွှင်နေ ပါသေးတယ်။

မကြာမီ မိသားစု ဘဝလေးထဲကို သမီးလေး ရောက်ရှိလာတော့မှာ ဖြစ်သည့် အတွက် သားသာလေး Peach ရဲ့ အဝတ်အစားတွေ ရှင်းနေတုန်း လိုက်ရှုပ်နေတဲ့ သားသားလေးရဲ့ ပုံရိပ်လေးတွေကို “သမီးလေး ရောက်မလာခင် သာသား အင်္ကျီတွေ ရှင်းနေတာ လာဆော့နေတဲ့ အသဲတုံးလေး Peach Lay” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဗီဒီယိုလေးတွေနဲ့ အတူ ဖော်ပြထားတာကို ပရိသတ်ကြီးအတွက် မျှဝေလိုက် ပါတယ်။

Source: Thinzar Nwewin , CRD_DarDar-CeleGabar