You are here
Home > Health > “​ခေါင်းမှာ ​ဘောက်​​တွေ ဂျွတ်​စွဲ​လောက်​​အောင်​ ထ ချင်​သ​လောက်​ထ၊ စိတ်​ညစ်​စရာ မလို​တော့ပါ”


Zawgyi ဖြင့်ဖတ်၇န်





Ye Lin Kyaw
Unicodeဖြင့်ဖတ်ရန်

​​ခေါင်​းမှာ ​ဘောက်​​တွေ ဂျွတ်​စွဲ​လောက်​​အောင်​ ထ ချင်​သ​လောက်​ထ၊ စိတ်​ညစ်​စရာ မလို​တော့ပါ…

ကျနော် ဘောက် ဖြစ်နေတာကြာပြီးဗျား ဘောက်ပျောက်ခေါင်းလျှော်ရည်အစုံသုံးကြည့်ပါတယ် ရှောက်နူသီး/သံပုရာသီးစသည်နည်းလမ်းများဖြစ် လုပ်ကြည့်ပေမယ့် တစ်ဖက်နိုင်ငံရောက်ကတည်းကနေပူမိုးရွှာမရှောင် ပန်ရံအလုပ်ဖြစ်နှစ်နှစ်တာတာလုပ်ကာ ဂျွတ်စွဲနေသည်ကျွန်တော် ခေါင်းကဘောက်တွေက မပျောက်ခဲ့ဘူး။

ကျွန်တော်အရမ်းစိတ်ညစ်ခဲ့တာပေါ့ ဒါနဲ့ကတုံးခနခနတုံး နေရတာပေါ့ ကတုံးတုံးပြီးဆေးနည်းအစုံသုံးကြည့်သော်လည်း ဆံပင်ပြန်ပေါက်တာနဲ့ပြန်ထနေတာလေး …တစ်ည ဘောက်ပျောက်နည်းဆိုပြီး ကျနော်ရိုက်ကာရှာတော့ မိတ်ဆွေတစ်ယောက်တင်ထားတဲ့ ရွက်ယိုသီးနည်းလေးသိခဲ့သည်မို့အထူးအဆန်းလေးမို့ကျွန်တော် လုပ်ကြည့်တော့ ပထမတစ်လုံးမှာ ဘောက်တွေထ လာသည်မို့ယုံကြည်မှု့နည်းလာသောကျွန်တော် ဒုတိယ တစ်လုံးနဲ့လျှော်ပြီး နောက်နေ့အရာက် ကျနော်
ခေါင်းက ဂျွတ်တွေလို စွဲနေတဲ့ဘောက်ဖက် အထစ်အဖုလေးတွေ မရှိတော့ပေ။

နောက်တစ်ဖြည်းဖြည်းနဲ့ ကြွေကျကာ ဘောက်ကင်စင်သွားသည်ကိုတွေ့ရတော့ပြန်မျှဝေချင်လာတယ်လေး လုပ်နည်းလေးကဒီလိုပါ။
(ဆားနဲ့ခေါင်းအနှံ့ပွတ်ပါ ပြီး မှည်နေတဲ့ရွက်ယိုသီးကို ဦးရေပြားအနှံ့ပွတ်လိမ်းပေးပါ တစ်လုံးအကုန် အနည်းငယ်တော့ စပ်ပေမယ့် ခံနိုင်ပါတယ်။

ပြီး 30ဝက်ခန့် နှပ့်ထားပြီး ခေါင်းလျှော်လိုက်ပါ)အနံ့ကတစ်အားနံလို့ အကင်းပျောက်ချင်ရင် ဘောက်ပျောက်ခေါင်းလျှော်ရည်ကိုခေါင်းလျှော်ချိန်အသုံးပြုနိုင်ပါသည်)

အားလုံးအဆင်ပြေပါစေဗျာ ကျနော်အရမ်းပျော်လို့ စာရှည်သွားရင်ခွင့်လွှတ်ပါဗျာစကားမစပ် ရွက်ယိုသီးတစ်ပင်လောက်စိုက်အုံးမှ တစ်ပင်လုံးအသုံးဝင်တယ်တဲ့။
Credit :Ye Lin Kyaw

Top
//dukingdraon.com/4/3018672