
Source:Lin Zarni Zaw’s Facebook,CRD-Myanmarload
UNICODE
ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကတော့ တစ်ခေတ်တစ်ခါတည်းက ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။လင်းဇာနည်ဇော်ဟာဆိုရင် အနုပညာလောကမှာ ဆံနွယ်ရှည်ရှည်လေးကိုပိုင်ဆိုင်ထားပြီး သွားထပ်လေးတွေပေါ်အောင်ပြုံးလိုက်တိုင်းမှာ အရမ်းကိုချစ်စရာကောင်းပါတယ်နော်။
လင်းဇာနည်ဇော်က သူမနဲ့တူတဲ့ချစ်စရာသမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးလေးအတွက်လည်း အစစအရာရာလိုလေသေးမရှိအောင် ထားပေးတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။လင်းဇာနည်ဇော်က ချစ်အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးတွေကိုလည်းလုပ်ဆောင်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်နော်။
လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်လုပ်တဲ့ ရွှေခေါက်ဆွဲကလည်း မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ အရမ်းရောင်းရပါတယ်နော်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က ဘယ်အလုပ်ကိုမဆို ကိုယ့်လက်ကိုယ့်ခြေနဲ့လုပ်ကိုင်တာဖြစ်ပြီး အခုဆိုရင်လည်း လင်းဇာနည်ဇော်က ရွှေခေါက်ဆွဲကို ကိုယ်တိုင်ပြင်ဆင်ပေးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။