You are here
Home > အနုပညာ > အသက်ရှူရပ်သွားသလိုခံစားနေရချိန်မှာ ကလေးနှစ်ယောက်အတွက်ကိုစိုးရိမ်မိခဲ့တယ်ဆိုတဲ့ ချစ်သက်

အသက်ရှူရပ်သွားသလိုခံစားနေရချိန်မှာ ကလေးနှစ်ယောက်အတွက်ကိုစိုးရိမ်မိခဲ့တယ်ဆိုတဲ့ ချစ်သက်

ဟိုတစ်လောလေးက ကျန်းမာရေးအခြေအနေ ဆိုးရွာခဲ့လို့ ဆေးရုံတောင် တက်ခဲ့ရတယ်ဆိုတဲ့ အကယ်ဒမီ သက်မွန်မြင့်ဟာ ယခုအချိန်မှာတော့ ကျန်းမာရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားနေတယ်လို့လဲသိရပါတယ်။ သူမဟာ သရုပ်ဆောင်အရမ်းကောင်းသလို အကယ်ဒမီ ဆုတွေလဲ ရရှိထားသူဖြစ်ပါတယ်။ သူမ ဟာ ချစ်စရာကောင်းတဲ့ သားတစ်ယောက် သမီးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး ခင်ပွန်ကောင်း ကိုလဲ ရရှိထားတာကြောင့် သူမအနေနဲ့ အရမ်းကိုကံကောင်းခဲ့ပါတယ်။

သက်မွန်မြင့်ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရင်ဘက်တွေအောင့်ပြီး အသက်ရှု့မ၀တော့တာကြောင့် ဆေးရုံကို အသည်းအသန်ပြေးခဲ့ရကြောင်းနဲ့ သားနဲ့ သမီးအပေါ် စိုးရိမ်မိတဲ့အကြောင်းတွေကို ပြောပြလာပါတယ်။ သူပြောခဲ့တာကတော့ “ လှဲနေတာကနေထလိုကတဲ့ အချိန်မှာ ရင်ဘက်အရမ်းအောင့်သွားတယ်။

လေအောင့်တာဘဲ ထင်ပြီးလေဆေးသောက်လိုက်တာ အနေအထိုင်ဆင်ချင်လိုက်တယ်ပေါ့ ညဖက်ကြတော့ ပိုဆိုးလာတယ် လှုပ်လို့မရတော့ဘူး အသက်ရှူရင်ကိုအောင့်တယ် ဆေးရုံသွားဖို့တောင် လမ်းမလျှောက်နိုင်တော့တာဆိုတော့ နည်နည်းတော့လန့်သွားတယ် ။ ကလေးတွေက ငယ်သေးတဲ့ အခါကြတော့ စိတ်ပူသွားတယ် ။ ငါအသက်ရှုရပ်သွား မလားပေါ့နော် စိတ်ပူသွားတယ်”

“ တကယ်တမ်းပြောလိုက်ရင် ကလေးတွေက ငယ်သေးတော့ ကိုယ်တွေးမိလိုက်တာက ငါ ဒီအချိန်မှာ တစ်ခုခုဖြစ်သွားခဲ့ရင် ကလေးတွေက ငယ်သေးတယ်။ အမေဆုံးရှုံးသွားမယ်၊ အမေ မရှိတဲ့ဘဝကို သူတို့ ဖြတ်သန်းရမယ် ဆိုတဲ့ အတွေးက ဝင်လာတယ်။ အရင်ကတည်းက လည်း ဒီလို အတွေးရှိတာကြောင့် နေမကောင်းမှာ အရမ်းကြောက်တယ်။ ကိုယ်နေမကောင်းတဲ့အချိန် ကလေးတွေကို မချီနိုင်ဘူး၊ လှည့်မကြည့်နိုင်ဘူးဆိုရင်တောင်မှ စိတ်မကောင်းဖြစ်ရတာလေ။ အပြီးထွက်သွားမယ်ဆိုရင် သူတို့အတွက် ပိုအားတင်းရမှာပေါ့နော်။ အဲဒါကို စိုးရိမ်ပြီး ဆေးရုံတန်းသွားလိုက်တာ’’

“ အခုနောက်ပိုင်း ကျန်းမာရေးက အငယ်လေး ကိုယ်ဝန်က စပြီးတော့ တံမြက်စည်းလှည်းလို့လည်း မရတော့ဘူး။ ဖုန်နဲ့လည်း မတည့်တော့ဘူး။ အရမ်း ဖြစ်လွယ်လွန်းတယ်။ အရင်တုန်းကဆိုရင် သက်မွန်တို့ နေ့နေ့ညည ဇာတ်ကားတွေရိုက်တယ် ဘာမှ မဖြစ်ဘူး။ နားရက်လုံးဝ မရှိလည်း ရိုက်နိုင်တယ်။ အခုကျတော့ တစ်ရက် နှစ်ရက်လောက်ရိုက်ရင်တောင် လဲချင်နေပြီ။ ကျန်းမာရေးကို ပိုဂရုစိုက်လာရပြီ’’

“ပရိသတ်တွေကတော့ ၀လဲချစ်တယ်လို့ပြောကြတယ် ။ တကယ်တမ်း တော့ သက်မွန် ၀ိတ်ချလို့မဟုတ်ဘူး အစားအသောက်လဲ ပုံမှန်စားတယ် ကိုယ်ခံအားလျော့သွားတာပေါ့နော်။ ဂျင်တွေဘာတွေသွားရင်လဲ အရမ်းစိတ်ပါပြီး ဆော့လိုက်ရင်နောက်ရက်မသွားနိုင်တော့ဘူး အာ့ကြောင့် ပုံမှန်လုပ်နိုင်အောင် ကျန်းမာရေးကောင်းအောင် ဂရုစိုက်ရတယ် ။ အမျိုးသားကတော့ အရမ်း ဂရုစိုက်တယ်။ တစ်ခါတလေ ပိန်ချင်လို့ဆိုပြီးတော့ အစားလေးကို လျှော့ရင် မရဘူးသူက စား မိန်းမ၊ ပရိသတ်တွေကိုလည်း သူကပြောတယ် ငါ့ မိန်းမ ကျန်းမာဖို့အရေးကြီးတယ် ဆိုပြီး

“ အစားအသောက်ပိုင်းကိုလဲ ဂရုစိုက်ပေးတယ် ပြီးတော့ ဆေးရုံတက်တုန်းကလည်း သူပဲ အိပ်ရေးပျက်ခံပြီး လိုက်လုပ်ပေးတယ်။ အဲဒီညမှာ လဝန်းလေးကလည်း နှာခေါင်းကို အရုပ်နဲ့ထိုးမိသွားတယ်။ တစ်ယောက်တည်း ဗျာများပြီး အိပ်ရေးပျက်သွားရှာတယ်။ သူက မိသားစုကို အရမ်းဂရုစိုက်တတ်တဲ့ ယောက်ျားပါ’’ လို့ ဆိုကာ Brands ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ မီဒီယာတွေကို ဖြေကြားပေးခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်ကြီးကလဲ သက်မွန်အတွက် စိတ်ပူနေကြမယ်ထင်ပါတယ်။ သူမပြောပြတဲ့ အကြောင်းအရာလေးတွေကို နားထောင်ပြီး နေကောင်းနေပြီဖြစ်တဲ့ သက်မွန် အတွက် အားပေးစကားလေးတွေ ပြောကြားပေးခဲ့ပါအုံးနော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Top
//mordoops.com/4/3018672