.လူငယ် ဆန်တဲ့ ဖက်ရှင်လေး နဲ့ ကျော့ရှင်းလှပစွာ ပွဲတက် လာတဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ.. မမြတ်လေး လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောအေးမြတ်သူကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကော်ျအနုပညာရှင်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။သရုပ်ဆောင်ကောင်းမှုတွေအပြင် ပရိသတ်တွေရဲ့အားပေး ဝန်းရံမှုတွေကို အခိုင်အမာ ရရှိထားကြပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာလည်း ပရိသတ်တွေတွေ့မြင်ရပါတယ်နော်..။

ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို အခမ်းအနား ပွဲတော်တော်များများ တက်ရောက်နေတဲ့ မမြတ်လေးကတော့ အခုတစ်ခါမှာလည်း အခမ်းအနားပွဲလေးတစ်ခုကို ချစ်စရာကောင်းစွာ တက်ရောက်လာခဲ့ပါတယ်..။လန်းဆန်းတတ်ကြွတဲ့ ခြေလှမ်းတွေနဲ့ အခမ်းအနားပွဲလေးကို လျှောက်လှမ်းတက်ရောက်လာတဲ့ မမြတ်လေး ရဲ့ ပုံရိပ်လေးတွေ ကတော့ အပြုံးချိုချိုလေးတွေ နဲ့ ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။

ချစ်စရာကောင်းစွာ လန်းဆန်းပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်လာတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကိုတော့ နာမည်ကျော် ဓာတ်ပုံဆရာ Nay Min Tun (Amazing Grace) က အမိုက်စား ရိုက်ကူးပေးတာပဲ ဖြစ်ပါတယ်..။ဒီကနေလေးမှာတော့ ချစ်ပရိသတ်တွေအတွက် မမြတ်လေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာ ပါတယ်နော်..။

Photo Credit – Amazing Grace,CRD_MYanmarload