နေရောင်ကို အံတုပြီးပွင့်တဲ့ နေကြာပန်းလေး လို တောက်ပစွာ လှနေတဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက အနုပညာလောက မှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အခုချိန်ထိတိုင် ထိပ်တန်း မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေဆဲပါ။ ဖွေးဖွေးက ကျရာဇာတ်ရုပ်အတိုင်း သူမ ကိုယ်သူမပြောင်းလဲပြီး သရုပ်ဆောင်နိုင်တာကြောင့် အနုပညာသက်တမ်း ဆယ်နှစ်ကျော် အတွင်းမှာ အကယ်ဒမီဆုကြီး (၃) ဆု တိတိကို ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။

ရှေးကုသိုလ်ကြောင့် အရုပ်မလေး လို ချစ်စရာကောင်းပြီး လှပလွန်းတဲ့ ဖွေးဖွေးကို ပရိသတ်တွေက မချစ်ပဲ မနေနိုင်ကြပါဘူး။

ဒီတစ်ခေါက်မှာလည်း ဖွေးဖွေးက ဒီဇိုင်နာဖြိုးကိုရဲ့ အဝါရောင်တောက်တောက် ဝတ်စုံလေးနဲ့ နေကြာပန်းလေးတစ်ပွင့်လို ငွင့်ငွင့်စွားစွား လှနေတာ ကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ပုံရိပ်တွေကို မျှဝေပေး လိုက်ပါတယ်နော်။

ဒီပုံတွေကတော့ ဖွေးဖွေးက STUN Magazine Cover အတွက် ရိုက်ကူးပေးထား တာလို့ သိရပါတယ်။ ပရိသတ်ကြီးလည်း အခုပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် ကြွေရုပ်ကလေး တစ်ရုပ်လို ထိရက်စရာ မရှိအောင် လှနေတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

crd : momolay