



ချစ်သဲမေ – CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“အလှမယ်ဘွဲ (၂)ဆုကို ပိုင်ဆိုင်ရရှိထားတဲ့ ချစ်တူမလေးအတွက် ဝမ်းသာပီတိဖြစ်နေတဲ့ မြတ်ကေသီအောင်”

ဝါရင့်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေကြားမှာ အောင်မြင်မှုကို တခဲနက် ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ တစ်ချိန်က ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားပြီး နေရာအပြည့်ယူနိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ ဇာတ်လမ်းပိုင်းမှာ ကျရာကာရိုက်တာပိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် “ရင်ထဲက ဆောင်းရာသီ”ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်နဲ့ သိမ်းပိုက်နိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြတ်ကေသီအောင်ဟာ မေရိုး၊ နှာခေါင်း၊ နှုတ်ခမ်းတွေကို ပြုပြင်ထားတာဖြစ်ပြီးတော့ အရင်ကနဲ့မတူအောင်နုပျိုပြီး လှပနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြတ်ကေသီအောင်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး တူမဖြစ်သူအတွက်လည်း အနုပညာအလုပ်တွေကို အားပေးအားမြှောက်ပြုပေးနေပြီး လေးစားလောက်တဲ့ စီနီယာအန်တီတစ်ယောက်ဆိုလည်း မမှားပါဘူး။

လက်ရှိမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ဆု(၂)ဆုကို ပိုင်ဆိုင်ရရှိထားတဲ့ တူမဖြစ်သူအတွက် ဂုဏ်ယူပြီး ဝမ်းသာပီတိဖြစ်မိတယ်ဆိုတာကို “ချစ်တူမလေးပါ 2019 MISS ICONWORLD MYANMARYANGON(SOUTH) နဲ့BRAND PHOTO MODEL OF GOLD STAR ဆု (၂) ခု ရခဲ့ပါတယ်။ ဆုရအောင် ဝိုင်းပြီး ကူညီပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်း ချစ်သော အမများ FBမှ fri များနှင့် ကေ့ကို ချစ်ပြီး ကူညီပေးကြသူ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်နော်။ GRAND FINAL ပွဲတစ်ပွဲပြိုင်ဖို့ ကျန်ပါသေးတယ်။ အဲ့အခါကြရင်လည်း အားပေးကြပါဦး”ဆိုပြီးတော့ မြတ်ကေသီအောင်က သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်……။

Source :Myat Kay Thi Aung
ချစ်သဲမေ – CeleGabar