အနုပညာကြေးအများဆုံးမင်းသမီးလို့ ပြောတဲ့အပေါ် ဖြေရှင်းလာတဲ့ ဝတ်မှုံရွှေရည်







Credit to Can’t wait to say

UNICODE

ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေကာ မိန်းကလေးရော ယောက်ျားလေးပါ အားလုံးက ချစ်ကြပြီး မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေကစ်လေး ဝတ်မှုံရွှေရည် ကတော့ သူ့ကို မြန်မာနိုင်ငံရဲ့ အနုပညာကြေးအများဆုံးမင်းသမီးလို့ ပြောကြတဲ့အပေါ် 8daysရဲ့ အင်တာဗျူးကနေပြန်လည် ရှင်းသွားခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က “အဲ့လိုလည်းမဟုတ်ပါဘူး ကောလာဟလတွေနေမှာပါ။ အဓိကတော့ ခေတ်ကအမြဲပြောင်းနေတာပေါ့နော်။ ခေတ်ရေစီးကြောင်းလည်းပြောင်းတယ် ပြိးတော့ ပရိသတ်ကလည်း အမြဲတမ်း အကြိုက်ကပြောင်းနေတယ် အဲ့အပေါ်မှာမှ ကိုယ်ကတော့ဘယ်လိုခေါ်မလဲ ခေတ်ကို ကြိုပြီးတော့ တွေးထားရတာပေါ့နော်။ ဘာပြီးရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာမျိုးလေးတွေကို မျက်စိပိတ်နားပိတ်နေနေလို့မရဘူးပေါ့ ပရိသတ်တွေက ရုပ်ရှင်ကြည့်တဲ့လူတွေက အရင်ကဆို မြန်မာကားသိပ်မကြည့်ကြဘူး။

နိုင်ငံခြားကားကြည့်တာများတယ်။ မြန်မာကားကြည့်ဖို့အတွက်ကိုယ်တွေက ဘယ်လိုအားထုတ်ရမလဲစဉ်းစားရတာပေါ့ မြန်မာကားကို ကြည့်ချင်လာအောင်။ ဇာတ်ကားတွေဆိုလည်ူ အကုန်လုံးက ခေတ်မှီနေပြီ။ နိုင်ငံခြားကားကြည့်မလား မြန်မာကားကြည့်မလားဆိုရင် မြန်မာကားကို ပိုပြီးတော့ ကြည့်ချင်လာအောင်လို့တော့ ကြိုးစားရတာပေါ့။”လို့ပြောသွားခဲ့ပါတယ်။ပရိသတ်တွေ ပုံလေးတွေ အမြဲတမ်း တင်ပေးဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း “ပရိသတ်တွေက ပုံမတင်ရင် အရမ်းပြောတယ်။ သူတို့က ပုံမတင်သေးဘူးလား ပစ်ထားတာလား။ အမှန်တော့ ကစ်က ပုံမတင်ဖြစ်ဘူးဆိုရင်လည်း မအားလို့ မတင်ဖြစ်တာပေါ့နော်။ အဲ့တာကို ပရိသတ်တွေ ပြောတဲ့အခါကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ပေးတယ် သတိရတယ်ဆိုတာမျိုးလေးဖြစ်အောင်လို့တော့ အားတဲ့အချိန်လေး ပုံတင်ပေးပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး “တိမ်တွေပေါ်က ပန်း ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မှာ ထပ်ပြီး ရိုက်ပါမယ်ပေါ့နော်။ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေလည်းရှိပါတယ် ပြောပါမယ်။ပြီးတော့ အားပေးနေတဲ့ ပရိသတ်ကြီးကို အမြဲတမ်းကျေးဇူးလည်းတင်ပါတယ် ချစ်လည်းချစ်ပါတယ်။”လို့ ပရိသတ်တွေအတွက် နှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေကာ မိန်းကလေးရော ယောက်ျားလေးပါ အားလုံးက ချစ်ကြပြီး မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေကစ်လေး ဝတ်မှုံရွှေရည် ကတော့ သူ့ကို မြန်မာနိုင်ငံရဲ့ အနုပညာကြေးအများဆုံးမင်းသမီးလို့ ပြောကြတဲ့အပေါ် 8daysရဲ့ အင်တာဗျူးကနေပြန်လည် ရှင်းသွားခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က “အဲ့လိုလည်းမဟုတ်ပါဘူး ကောလာဟလတွေနေမှာပါ။ အဓိကတော့ ခေတ်ကအမြဲပြောင်းနေတာပေါ့နော်။ ခေတ်ရေစီးကြောင်းလည်းပြောင်းတယ် ပြိးတော့ ပရိသတ်ကလည်း အမြဲတမ်း အကြိုက်ကပြောင်းနေတယ် အဲ့အပေါ်မှာမှ ကိုယ်ကတော့ဘယ်လိုခေါ်မလဲ ခေတ်ကို ကြိုပြီးတော့ တွေးထားရတာပေါ့နော်။ ဘာပြီးရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာမျိုးလေးတွေကို မျက်စိပိတ်နားပိတ်နေနေလို့မရဘူးပေါ့ ပရိသတ်တွေက ရုပ်ရှင်ကြည့်တဲ့လူတွေက အရင်ကဆို မြန်မာကားသိပ်မကြည့်ကြဘူး။

နိုင်ငံခြားကားကြည့်တာများတယ်။ မြန်မာကားကြည့်ဖို့အတွက်ကိုယ်တွေက ဘယ်လိုအားထုတ်ရမလဲစဉ်းစားရတာပေါ့ မြန်မာကားကို ကြည့်ချင်လာအောင်။ ဇာတ်ကားတွေဆိုလည်ူ အကုန်လုံးက ခေတ်မှီနေပြီ။ နိုင်ငံခြားကားကြည့်မလား မြန်မာကားကြည့်မလားဆိုရင် မြန်မာကားကို ပိုပြီးတော့ ကြည့်ချင်လာအောင်လို့တော့ ကြိုးစားရတာပေါ့။”လို့ပြောသွားခဲ့ပါတယ်။ပရိသတ်တွေ ပုံလေးတွေ အမြဲတမ်း တင်ပေးဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း “ပရိသတ်တွေက ပုံမတင်ရင် အရမ်းပြောတယ်။ သူတို့က ပုံမတင်သေးဘူးလား ပစ်ထားတာလား။ အမှန်တော့ ကစ်က ပုံမတင်ဖြစ်ဘူးဆိုရင်လည်း မအားလို့ မတင်ဖြစ်တာပေါ့နော်။ အဲ့တာကို ပရိသတ်တွေ ပြောတဲ့အခါကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ပေးတယ် သတိရတယ်ဆိုတာမျိုးလေးဖြစ်အောင်လို့တော့ အားတဲ့အချိန်လေး ပုံတင်ပေးပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး “တိမ်တွေပေါ်က ပန်း ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မှာ ထပ်ပြီး ရိုက်ပါမယ်ပေါ့နော်။ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေလည်းရှိပါတယ် ပြောပါမယ်။ပြီးတော့ အားပေးနေတဲ့ ပရိသတ်ကြီးကို အမြဲတမ်းကျေးဇူးလည်းတင်ပါတယ် ချစ်လည်းချစ်ပါတယ်။”လို့ ပရိသတ်တွေအတွက် နှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။