” ေဝဖန္မႈ စိန္ေခၚမႈေတြျပည့္ႏွက္ေနတဲ့ သရုပ္ေဆာင္ တစ္ေယာက္ ဘဝကို ေက်နပ္တယ္ဆိုတဲ့ ေရဝတီေလး “

နန္းစႏၵာလွထြန္းကေတာ့ ပရိသတ္ေတြက သဘာဝဇာတ္လမ္းတြဲ မင္းသမီးအျဖစ္သတ္မွတ္ထားတဲ့ ႐ွမ္းတိုင္းရင္းသူေလးတစ္ေယာက္ ျဖစ္ၿပီး Miss World Myanmar ( 2015 )Second Runner Up အလွမယ္တစ္ဦးျဖစ္ပါတယ္။ ေယာက်ာ္းေလးပရိသတ္ေတြ အသည္းစြဲ အားေပးၾကတဲ့အျပင္ မိန္းကေလးပရိသတ္ေတြကပါ သူ ႔ရဲ႕ အျပဳအမူအေျပာေလးေတြကို ႏွစ္သက္သေဘာ က်ခံရတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။

ပထမဆံုးသူမ႐ုိက္ကူးခဲ့တဲ့ဇာတ္လမ္းတြဲ ျဖစ္တဲ့ ပဥၥလက္ရြာ ဇာတ္လမ္းတြဲ မွ ေရဝတီ ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ ႔ ပရိသတ္ေတြတစ္ခဲနက္ အားေပးမႈကိုရ႐ွိခဲ့သူေလးပဲ ျဖစ္ပါတယ္။ ထပ္မံ ၿပီး ”အရိပ္” ဇာတ္လမ္းတြဲမွာလည္း နာ့စ္ဆရာမေလး သက္သက္ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္အသည္းကို ထပ္မံေႁခြခဲ့သူေလးျဖစ္ပါတယ္။ ဘယ္ဇာတ္႐ုပ္မဆို သဘာဝက်က် ပီျပင္ေအာင္ စိတ္ႏွစ္ ႐ုိက္ကူးတတ္တာဟာ သူမရဲ႕ ပံုစံ ပါပဲေနာ္။”ဝကၤပါရွင္းတမ္း” ဇာတ္လမ္းတြဲ မွာလည္း ” ဟန္နီ” ဆိုတဲ့ဇာတ္ေကာင္နဲ႕ ပရိသတ္ေတြကို ထပ္မံဆြဲေဆာင္နုိင္ခဲ့သူေလး ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နယ္ဘက္မွာ ရုပ္ရွင္ရုိက္ကူးဖို႕ ေရာက္ရွိေနတာျဖစ္ၿပီး သူမရဲ႕လႈပ္ရွားမႈေတြကို ပရိသတ္ေတြနဲ႕ အဆက္မျပတ္ေအာင္ အျမဲမွ်ေဝေနတာပဲ ျဖစ္ပါတယ္။ထို႕အျပင္သူမရဲ႕ သရုပ္ေဆာင္အလုပ္အေပၚ ခံစားခ်က္ေလးကို ” ကၽြန္မအလုပ္ကို က်မအရမ္းခ်စ္တယ္ …

ကၽြန္မရဲ႕အလုပ္ထဲမွာပဲ မျဖစ္ဘူးတာ မၾကံဳဖူးတာ မလုပ္ဖူးတာေတြ လုပ္ရတယ္ … အဲ့ဒါေတြကိုက်မခ်စ္တယ္ … သ႐ုပ္ေဆာင္တစ္ေယာက္ အေနနဲ ႔ ကိုယ့္ရဲ႕ဘဝအျပင္ တျခားလူေတြရဲ႕ဘဝ ေတြလည္း လုပ္ခြင့္ရလို႔ ျဖစ္ခြင့္ရလို ႔ ကၽြန္မေက်နပ္တယ္ … ဘယ္လိုပဲဘဝမ်ိဳးစံုေနပါေစ ကၽြန္မေက်နပ္တယ္ … အဲ့လိုလုပ္ခြင့္ရေနတဲ့အရာေလးေတြကိုကၽြန္မတန္ဖိုးထားတယ္ …” ဆိုၿပီး သူမရဲ႕ ခံယူခ်က္ေလးကို ပရိသတ္ေတြသိေအာင္ ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ေရဝတီေလးရဲ႕ အေတြးနဲ႕ ခံယူခ်က္ေလးကို သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Nan Sandar Hla Htun
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဝေဖန်မှု စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ သရုပ်ဆောင် တစ်ယောက် ဘဝကို ကျေနပ်တယ်ဆိုတဲ့ ရေဝတီလေး ”

နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ်သတ်မှတ်ထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး Miss World Myanmar ( 2015 )Second Runner Up အလှမယ်တစ်ဦးဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူ့ရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘော ကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ ထပ်မံ ပြီး ”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး သက်သက် ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေခဲ့သူလေးဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ ပုံစံ ပါပဲနော်။”ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။

လက်ရှိမှာတော့ နယ်ဘက်မှာ ရုပ်ရှင်ရိုက်ကူးဖို့ ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အမြဲမျှဝေနေတာပဲ ဖြစ်ပါတယ်။ထို့အပြင်သူမရဲ့ သရုပ်ဆောင်အလုပ်အပေါ် ခံစားချက်လေးကို ” ကျွန်မအလုပ်ကို ကျမအရမ်းချစ်တယ် … ကျွန်မရဲ့အလုပ်ထဲမှာပဲ မဖြစ်ဘူးတာ မကြုံဖူးတာ မလုပ်ဖူးတာတွေ လုပ်ရတယ် … အဲ့ဒါတွေကိုကျမချစ်တယ် …

သရုပ်ဆောင်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ဘဝအပြင် တခြားလူတွေရဲ့ဘဝ တွေလည်း လုပ်ခွင့်ရလို့ ဖြစ်ခွင့်ရလို့ ကျွန်မကျေနပ်တယ် … ဘယ်လိုပဲဘဝမျိုးစုံနေပါစေ ကျွန်မကျေနပ်တယ် … အဲ့လိုလုပ်ခွင့်ရနေတဲ့အရာလေးတွေကိုကျွန်မတန်ဖိုးထားတယ် …” ဆိုပြီး သူမရဲ့ ခံယူချက်လေးကို ပရိသတ်တွေသိအောင် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ရေဝတီလေးရဲ့ အတွေးနဲ့ ခံယူချက်လေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Nan Sandar Hla Htun
Shwe Poe – CeleGabar