.“ခင်ဗျားကို ချွဲချင်တယ် ကိုကြီးရယ်”ဆိုပြီး ရွှေထူးကို အသည်းယားအောင်ပြော လိုက်တဲ့ ရွှေမှုံရတီ

ပရိသတ်ကြီးချစ်တဲ့ မင်းသမီးလေး ရွှေမှုံရတီက ဆယ်ကျော်သက် ဘဝတည်းက နိုင်ငံကျော်မင်းသမီးတစ်ယောက် ဖြစ်လာသူပါ။ ရွှေမှုံရတီက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ များစွာရိုက်ခဲ့ပြီး အကယ်ဒမီဆန်ကာတင်စာရင်း ဝင်နိုင် ခဲ့ပါတယ်။ ရွှေမှုံရတီက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက် ရှိပါတယ်။

ရွှေမှုံရတီက အဆိုတော် ရွှေထူး နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင် သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးကို စကားလုံးလှလှလေးနဲ့ ချွဲထားတာကို တွေ့ရပါတယ်။

ရွှေမှုံရတီက ” ခင်ဗျား ကိုချွဲ ချင်တယ် ကိုကြီးရယ် ” ဆိုပြီး ရွှေထူးက လွမ်းတဲ့ အကြောင်းတွေ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောပြထားတာကို တွေ့ရ ပါတယ်။

လက်ရှိ မှာတော့ ရွှေထူးက ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “စစ်ကား” ရုပ်ရှင် ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေသလို ရွှေမှုံရတီကလည်း “အောက်စီဂျင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်စီ ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက် ကို တစ်ယောက် သိပ်ချစ်ကြတဲ့နေရာမှာ စံချိန် တင်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။

crd : momolay