မိသားစုလိုက် ခိုစာကျွေးရင်း ကုသိုလ်ယူနေကြတဲ့ မြင့်မြတ်တို့မိသားစုရဲ့ ဗီဒီယို

နိုင်ငံကျော် ထိပ်တန်းမင်းသား တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ကောင်းပြီး လူကြိုက်များလှတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် “အမှောင်မှာရွာချတဲ့မိုးတိမ်’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးတစ်ဆု ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေက မြင့်မြတ်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုသာမက မြင့်မြတ်ရဲ့ မိသားစုလေးကိုပါ ချစ်ခင်အားကျနေရတာ ဖြစ်ပါတယ်။ မြင့်မြတ်က မန္တလေးသူလေး မခင်သူအောင်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သားလေး မြတ်သူကို မွေးဖွားထားတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ပရိသတ်ကြီးချစ်တဲ့ မြင့်မြတ်တို့ မိသားစုလေးက ခိုစာတွေကျွေးရင်း ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မြင့်မြတ်တို့ မိသားစုရဲ့ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ခိုစာကျွေးရင်း ကုသိုလ်ယူနေကြတဲ့ မြင့်မြတ်တို့ မိသားစု

မြင့်မြတ်တို့ မိသားစုလေးက ပကာသနတွေမပါပဲ တကယ်ကို အေးချမ်းလှပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုလေးရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

RowenaSource: Myat Wai Tun’s fb