နိုင်ငံခြားက ပြန်ရောက်ရောက်ချင်း ပုဂံ မှာ ပိုင်တံခွန် နဲ့ ကြော်ငြာသွားရိုက် ခဲ့တဲ့ ပိုင်ဖြိုးသု

မီ ဇာတ်ရုပ် နဲ့ ပရိသတ်တွေကြား မှာ နာမည်ကြီး နေတဲ့ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဟာဆိုရင် သရုပ်ဆောင် ပီပြင်လွန်းတာကြောင့် သူမကို ချစ်တဲ့ ပရိသတ် အခိုင်အမာရှိနေတာပါ။ ပိုင်ဖြိုးသုက ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး နဲ့ အနုပညာအလုပ်တွေကြိုးစား လုပ်ရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက New York မှာကျောင်းသွားတက်နေရာမှ မြန်မာပြည်ကို ပြန်လာတာပဲ ဖြစ်ပါတယ်။

New York မှာကျောင်းတက်နေစဉ် တုန်းက လည်း ပိုင်ဖြိုးသု က ချစ်ရတဲ့ ခင်ပွန်းကို လွမ်းနေတဲ့ အကြောင်းကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြ ခဲ့ပါသေးတယ်။

ဒီတစ်ခါမှာတော့ ပိုင်ဖြိုးသု က ကျောင်းပြီးလို့ မြန်မာပြည်ကို ပြန်လာတာဖြစ်ပြီး မြန်မာပြည်ကို ရောက်ရောက်ချင်း မှာပဲ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် နဲ့ ပုဂံမှာ ကြော်ငြာသွားရိုက် ခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသု ရဲ့ ပုံရိပ် ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။

crd : momolay