(၁၉) ႏွစ္ျပည့္ ေမြးေန႔မွာ ကလီစာေတြ ပ်က္သည္အထိ အုပ္စုဖြဲ႕ အဓမၼက်င့္ ခံရတဲ့ မိန္းကေလး

Zawgyi

(၁၉) ႏွစ္ျပည့္ ေမြးေန႔မွာ ကလီစာေတြ ပ်က္သည္အထိ အုပ္စုဖြဲ႕ အဓမၼက်င့္ ခံရတဲ့ မိန္းကေလး

အိႏၵိယႏုိင္ငံ၊ မြန္ဘုိင္းၿမိဳ႕မွာ အသက္ (၁၉) ႏွစ္အရြယ္ ေကာင္မေလး တစ္ေယာက္ဟာ ေနအိမ္ တစ္ခုမွာ ေမြ႕ေန႔ကိတ္ လွီးေနစဥ္၊ လူေလးေယာက္ အုပ္စုဖြဲ႕အဓမၼက်င့္တာကို ခံခဲ့ ရတယ္လုိ႔ Mirror သတင္းဌာနက ေဖာ္ျပထား ပါတယ္။ သူမကုိ အဓမၼက်င့္သူေတြ ကေတာ့ သူမရဲ႕ သူငယ္ခ်င္းေတြ ပါတဲ့။

သူမဟာ (၁၉) ႏွစ္ျပည့္ ေမြးေန႔ ကိတ္ကုိ လွီးေနတုန္းမွာပဲ ႀကိဳတင္ တုိင္ပင္ထားတဲ့ သူငယ္ခ်င္းေလးေယာက္က သူမကို ဝုိင္းၿပီး အဓမၼက်င့္ ခဲ့တာျဖစ္ၿပီး၊ ကလီစာေတြ ပ်က္သည္ အထိ အဓမၼ က်င့္ခံခဲ့ရလုိ႔၊ ရရွိခဲ့တဲ့ ဒဏ္ရာေတြနဲ႔ပဲ အဲဒီေကာင္မေလး ေသဆုံးသြား ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဇူလုိင္ (၇) ရက္က ျဖစ္ခဲ့တာ ဆုိေပမယ့္၊ အခုအခ်ိန္ရဲက တရားခံေတြကုိ ေျခရာခံႏုိင္ျခင္း မရွိေသးပါဘူး။ သတင္းအရေတာ့ အဆုိပါ ေကာင္မေလးဟာ Aurangabad မွာ ေနထုိင္ၿပီး၊ သူမရဲ႕ ေမြးေန႔ကို မြန္ဘုိင္းမွာ က်င္းပမွာ ျဖစ္ေၾကာင္း၊ ရင္းနီးတဲ့ ေကာင္ေလး သူငယ္ခ်င္း (၄) ဦးကုိသာ ဖိတ္ခဲ့တာပါ။

ေမြးေန႔ပြဲအတြက္ သူငယ္ခ်င္းေကာင္ေလး တစ္ဦးရဲ႕အိမ္မွာ စုစည္းခဲ့ တာပါ။ သူမရဲ႕ ဇာတိ Aurangabad နဲ႔ မုိင္ (၂၀၀) ေဝးတဲ့ ေနရာမွာ သူမက ထူးျခားတဲ့ ေမြးေန႔ပြဲကုိ ဆင္ႏႊဲဖုိ႔ ႀကိဳးစားခဲ့ ပါတယ္။ သူမ အဓမၼက်င့္ ခံရၿပီးေနာက္ ဘယ္ကိုမွ မဆက္သြယ္ခဲ့ ပါဘူး။

ေနာက္ ရက္ အေတာ္ၾကာေတာ့ ဒဏ္ရာေတြ မသက္သာလုိ႔ ေဆး႐ုံျပခဲ့ တာပါ။ ဆရာဝန္ေတြက သူမဟာ အဓမၼက်င့္ခံထားရမွန္း သိခဲ့ၿပီး၊ ရဲကုိ သတင္းပုိ႔ခဲ့ ပါတယ္။ အဲဒီေတာ့မွ သူမက ျဖစ္စဥ္ကို ဝန္ခံခဲ့တာပါ။ သူမဟာ ေဆး႐ုံေရာက္ၿပီး သိပ္မၾကာမီမွာပဲ ကုိယ္တြင္း အဂၤါေတြ ပ်က္စီး ပုပ္သုိးၿပီး ေသဆုံးသြား ပါေတာ့တယ္။

မိဘေတြကို အေလာင္းျပန္ အပ္ေတာ့ မိဘေတြက လက္မခံခဲ့ ပါဘူး။ သမီးျဖစ္သူကို အဓမၼက်င့္ ခဲ့သူေတြ မမိမခ်င္း သူတုိ႔ သမီး အေလာင္းကို လက္မခံႏုိင္ဘူးလုိ႔ အေၾကာင္းျပခဲ့ ပါတယ္။ လက္ရွိခ်ိန္ထိေတာ့ ရဲတပ္ဖြဲ႕က တရားခံေတြ အျမန္ဆုံး ဖမ္းႏုိင္ေရး ေဆာင္ရြက္ေနသည္ ဆုိေသာ္လည္း၊ မုဒိမ္းသမားေတြ ဘယ္ဆီေရာက္ေနတယ္ ဆုိတာေတာင္ သတင္းအစအန မရရွိေသး ပါဘူး။

ခရစ္ဒက္ — D Nae Khit

Unicode

(၁၉) နှစ်ပြည့် မွေးနေ့မှာ ကလီစာတွေ ပျက်သည်အထိ အုပ်စုဖွဲ့ အဓမ္မကျင့် ခံရတဲ့ မိန်းကလေး

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ အသက် (၁၉) နှစ်အရွယ် ကောင်မလေး တစ်ယောက်ဟာ နေအိမ် တစ်ခုမှာ မွေ့နေ့ကိတ် လှီးနေစဉ်၊ လူလေးယောက် အုပ်စုဖွဲ့အဓမ္မကျင့်တာကို ခံခဲ့ ရတယ်လို့ Mirror သတင်းဌာနက ဖော်ပြထား ပါတယ်။ သူမကို အဓမ္မကျင့်သူတွေ ကတော့ သူမရဲ့ သူငယ်ချင်းတွေ ပါတဲ့။

သူမဟာ (၁၉) နှစ်ပြည့် မွေးနေ့ ကိတ်ကို လှီးနေတုန်းမှာပဲ ကြိုတင် တိုင်ပင်ထားတဲ့ သူငယ်ချင်းလေးယောက်က သူမကို ဝိုင်းပြီး အဓမ္မကျင့် ခဲ့တာဖြစ်ပြီး၊ ကလီစာတွေ ပျက်သည် အထိ အဓမ္မ ကျင့်ခံခဲ့ရလို့၊ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ပဲ အဲဒီကောင်မလေး သေဆုံးသွား ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဇူလိုင် (၇) ရက်က ဖြစ်ခဲ့တာ ဆိုပေမယ့်၊ အခုအချိန်ရဲက တရားခံတွေကို ခြေရာခံနိုင်ခြင်း မရှိသေးပါဘူး။ သတင်းအရတော့ အဆိုပါ ကောင်မလေးဟာ Aurangabad မှာ နေထိုင်ပြီး၊ သူမရဲ့ မွေးနေ့ကို မွန်ဘိုင်းမှာ ကျင်းပမှာ ဖြစ်ကြောင်း၊ ရင်းနီးတဲ့ ကောင်လေး သူငယ်ချင်း (၄) ဦးကိုသာ ဖိတ်ခဲ့တာပါ။

မွေးနေ့ပွဲအတွက် သူငယ်ချင်းကောင်လေး တစ်ဦးရဲ့အိမ်မှာ စုစည်းခဲ့ တာပါ။ သူမရဲ့ ဇာတိ Aurangabad နဲ့ မိုင် (၂၀၀) ဝေးတဲ့ နေရာမှာ သူမက ထူးခြားတဲ့ မွေးနေ့ပွဲကို ဆင်နွှဲဖို့ ကြိုးစားခဲ့ ပါတယ်။ သူမ အဓမ္မကျင့် ခံရပြီးနောက် ဘယ်ကိုမှ မဆက်သွယ်ခဲ့ ပါဘူး။

နောက် ရက် အတော်ကြာတော့ ဒဏ်ရာတွေ မသက်သာလို့ ဆေးရုံပြခဲ့ တာပါ။ ဆရာဝန်တွေက သူမဟာ အဓမ္မကျင့်ခံထားရမှန်း သိခဲ့ပြီး၊ ရဲကို သတင်းပို့ခဲ့ ပါတယ်။ အဲဒီတော့မှ သူမက ဖြစ်စဉ်ကို ဝန်ခံခဲ့တာပါ။ သူမဟာ ဆေးရုံရောက်ပြီး သိပ်မကြာမီမှာပဲ ကိုယ်တွင်း အင်္ဂါတွေ ပျက်စီး ပုပ်သိုးပြီး သေဆုံးသွား ပါတော့တယ်။

မိဘတွေကို အလောင်းပြန် အပ်တော့ မိဘတွေက လက်မခံခဲ့ ပါဘူး။ သမီးဖြစ်သူကို အဓမ္မကျင့် ခဲ့သူတွေ မမိမချင်း သူတို့ သမီး အလောင်းကို လက်မခံနိုင်ဘူးလို့ အကြောင်းပြခဲ့ ပါတယ်။ လက်ရှိချိန်ထိတော့ ရဲတပ်ဖွဲ့က တရားခံတွေ အမြန်ဆုံး ဖမ်းနိုင်ရေး ဆောင်ရွက်နေသည် ဆိုသော်လည်း၊ မုဒိမ်းသမားတွေ ဘယ်ဆီရောက်နေတယ် ဆိုတာတောင် သတင်းအစအန မရရှိသေး ပါဘူး။

ခရစ်ဒက် — D Nae Khit