ဧကရာဇ် ဘုရင်မ တစ်ပါးလို အရူးအမူးဖြစ်သွားစေမယ့် အလှတွေ နဲ့ ဖမ်းစား ထားတဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချော တစ်ဦးဖြစ်တဲ့ ဖွေးဖွေးက ချစ်စရာကောင်းပြီး လှပလွန်း တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူလေး ဖြစ်ပါတယ်။ လူလေးလှရုံသာမက သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးလျွန်လွန်းတာကြောင့် အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ အကယ်ဒမီဆု သုံးဆုတိတိ ဆွတ်ခူး ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ ဖွေးဖွေးက ဒီနေ့မှာတော့ ဒီဇိုင်နာဖြိုးကို ဖန်တီးချုပ် လုပ်ထားတဲ့ ဝတ်စုံလေး နဲ့ ဧကရာဇ်ဘုရင်မ တစ်ပါးလို လှပနေတာ တွေ့ရပါတယ်။

ဝတ်စုံလေးက ဖွေးဖွေးရဲ့ ခန္ဓာကိုယ်လေးပေါ်မှာ ချပ်ချပ်ရပ်ရပ်လေး နဲ့ လှနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဒီပုံတွေကတော့ ဖွေးဖွေးက STUN Magazine Cover အတွက် ရိုက်ကူးပေးထား တာလို့ သိရပါတယ်။ ပရိသတ်ကြီးလည်း အခုပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် အတောက်ပဆုံးဖြစ်နေတာ ပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

crd : momolay