ေတာ္႐ုံေယာက်ာ္းေလးေတြေတာင္မလုပ္ႏိုင္တဲ့ အၾကမ္းစားေလ့က်င့္ခန္းေတြလုပ္ေနတဲ့ စမိုင္းလ္ရဲ႕ Video

ေပ်ာ္႐ႊင္မႈေတြနဲ႔ျပည့္ႏွက္ေနတဲ့ မိသားစုဘဝေလးမွာ သူမကိုသိပ္ခ်စ္တဲ့ခင္ပြန္းအျပင္ ခ်စ္စရာေကာင္းတဲ့သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ေဟာင္းစမိုင္းလ္ ကေတာ့ ပုံမွန္ထက္အနည္းငယ္ပိုေနတဲ့ ကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ဖို႔အတြက္ ေလ့က်င့္ခန္းေတြ အျပတ္အသတ္လုပ္ေနတာပဲျဖစ္ပါတယ္။ ခ်စ္စဖြယ္သမီးငယ္ေလးႏွစ္ေယာက္ကို လူ႔ေလာကထဲ ေခၚေဆာင္ခဲ့တဲ့ သူရဲေကာင္းေမေမဟာ သူမရဲ႕လွပတဲ့ခႏၶာကိုယ္ကို စေတးၿပီးေနာက္မွာေတာ့ အရင္လိုျပန္လည္လွပေအာင္ အခုလိုၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။

မၾကာခဏဆိုသလို အလွဴၾကီးေတြေပးတတ္ျပီး သူမကိုယ္တိုင္လည္း မိသားစုနဲ႔အတူတူ အေပ်ာ္ခရီးေတြထြက္ကာ ဘဝကို ေပ်ာ္ေပ်ာ္ၾကီးျဖတ္သန္းေနသူတစ္ေယာက္ပါ။ ခ်စ္ခင္ပြန္းနဲ႔ အျပန္အလွန္ Surprise လုပ္တတ္ၾကျပီး အိမ္ေထာင္သက္ ၂၅ ႏွစ္ေက်ာ္ ၾကာတဲ့အထိ ခ်စ္လက္စေတြမကုန္ႏိုင္မခမ္းႏိုင္ပံုက တကယ့္ကိုအားက်စရာပဲေနာ္။ အရင္က ခႏၶာကိုယ္အေလးခ်ိန္ ေပါင္ ၂၀၀ ေက်ာ္ ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့သူမရဲ႕ၾကိဳးစားအားထုတ္မွဳေတြေၾကာင့္ အေတာ္ေလးကို ကိုယ္ရည္စစ္သြားခဲ့ျပီပဲျဖစ္ပါတယ္။

အနည္းငယ္သာပိုေနတဲ့ ခႏၶာကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ဖို႔အတြက္ စမိုင္းလ္ကေတာ့ Gym မွာ Plank ေထာက္ေနရင္း ေက်ာေပၚမွာ ခန္႔မွန္းေျခ 20Kg ေလာက္ရွိတဲ့ အေလးျပားကိုလည္း တင္ထားပါေသးတယ္။ ပံုမွန္ Plank ေထာက္ရင္ေတာင္ တစ္မိနစ္ေလာက္ထိကို ေတာင့္ခံဖို႔ အေတာ္ေလးပင္ပန္းမွာျဖစ္ျပီး အခုလို ဝိတ္ျပားတင္တဲ့အထိကေတာ့ တကယ့္ကိုအၾကမ္းစား ေလ့က်င့္ခန္းလို႔ေတာင္ ဆိုႏိုင္ ပါရဲ႕ပရိသတ္ၾကီးေရ။ ေမေမစမိုင္းလ္တစ္ေယာက္ မၾကာခင္မွာ အရမ္းကိုလွလာေတာ့မယ္ဆိုတာ အေသအခ်ာပါပဲ။

Video Source – စမိုင္းလ္ Smile
Happy – CeleGabar

(ယူနီကုဒ္ျဖင့္ဖတ္ရန္)

” တော်ရုံယောကျာ်းလေးတွေတောင်မလုပ်နိုင်တဲ့ အကြမ်းစားလေ့ကျင့်ခန်းတွေလုပ်နေတဲ့ စမိုင်းလ်ရဲ့ Video ”

ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့ မိသားစုဘဝလေးမှာ သူမကိုသိပ်ချစ်တဲ့ခင်ပွန်းအပြင် ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်ဟောင်းစမိုင်းလ် ကတော့ ပုံမှန်ထက်အနည်းငယ်ပိုနေတဲ့ ကိုယ်အလေးချိန်ကိုလျော့ချဖို့အတွက် လေ့ကျင့်ခန်းတွေ အပြတ်အသတ်လုပ်နေတာပဲဖြစ်ပါတယ်။ ချစ်စဖွယ်သမီးငယ်လေးနှစ်ယောက်ကို လူ့လောကထဲ ခေါ်ဆောင်ခဲ့တဲ့ သူရဲကောင်းမေမေဟာ သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကို စတေးပြီးနောက်မှာတော့ အရင်လိုပြန်လည်လှပအောင် အခုလိုကြိုးစားနေတာပဲဖြစ်ပါတယ်။

မကြာခဏဆိုသလို အလှူကြီးတွေပေးတတ်ပြီး သူမကိုယ်တိုင်လည်း မိသားစုနဲ့အတူတူ အပျော်ခရီးတွေထွက်ကာ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူတစ်ယောက်ပါ။ ချစ်ခင်ပွန်းနဲ့ အပြန်အလှန် Surprise လုပ်တတ်ကြပြီး အိမ်ထောင်သက် ၂၅ နှစ်ကျော်ကြာတဲ့အထိ ချစ်လက်စတွေမကုန်နိုင်မခမ်းနိုင်ပုံက တကယ့်ကိုအားကျစရာပဲနော်။ အရင်က ခန္ဓာကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာတော့သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် အတော်လေးကို ကိုယ်ရည်စစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

အနည်းငယ်သာပိုနေတဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလျော့ချဖို့အတွက် စမိုင်းလ်ကတော့ Gym မှာ Plank ထောက်နေရင်း ကျောပေါ်မှာ ခန့်မှန်းခြေ 20Kg လောက်ရှိတဲ့ အလေးပြားကိုလည်း တင်ထားပါသေးတယ်။ ပုံမှန် Plank ထောက်ရင်တောင် တစ်မိနစ်လောက်ထိကို တောင့်ခံဖို့ အတော်လေးပင်ပန်းမှာဖြစ်ပြီး အခုလို ဝိတ်ပြားတင်တဲ့အထိကတော့ တကယ့်ကိုအကြမ်းစား လေ့ကျင့်ခန်းလို့တောင်ဆိုနိုင်ပါရဲ့ပရိသတ်ကြီးရေ။ မေမေစမိုင်းလ်တစ်ယောက် မကြာခင်မှာ အရမ်းကိုလှလာတော့မယ်ဆိုတာ အသေအချာပါပဲ။

Video Source – စမိုင်းလ် Smile
Happy – CeleGabar