“အသည္းအဆီဖံုးေရာဂါအတြက္ လဲလူရြက္”

Zawgyi ျဖင့္ဖတ္၇န္

အသည္းအဆီဖံုးေရာဂါဟာ ေန့စဥ္စားေသာက္ေနတဲ့ အစားအစာေတြထဲမွာ အဆီအဆိမ့္မ်ားျခင္း၊ အထိုင္မ်ား၍ လွဳပ္ရွားမွဳနည္းပါးျခင္း၊ အအိပ္မ်ားျခင္း၊ ဇိမ္ခံလြန္းျခင္းစသည္တို့ေၾကာင့္ ျဖစ္ရပါတယ္။အသည္းအဆီဖံုးေရာဂါကိုခံစားေနရေသာ ေ၀ဒနာရွင္မ်ားမွ သဘာ၀ေဆးနည္းေလးျဖင့္ ကုသႏိုင္ရန္ မၾကာခဏ ေတာင္းဆိုလာၾကသည့္အတြက္ က်န္းမာေရးသတင္းမ်ားမွ မွ်ေ၀ေပးလိုက္ပါတယ္။

ျမန္မာ့ေဆးက်မ္းေတြက ဆိုရိုးစကားတစ္ခုရွိပါတယ္။ “အသည္း၊ အူ လဲလူ” တဲ့။အသည္းေရာဂါနဲ့ အူေရာဂါအတြက္ဆိုရင္ လဲလူရြက္ဟာ အေကာင္းဆံုး
သဘာ၀ေဆးတစ္မ်ိဳးျဖစ္ပါတယ္။

၁။ လဲလူပင္ဟာ အရြက္၊ အသီး၊ အပြင့္၊ အပင္၊ အျမွစ္ ပဥၥငါးပါးစလံုး ေဆးဖက္၀င္ပါတယ္။
၂။ အရြက္ႏုနဲ့ အညြန့္မ်ားကို ဟင္းရည္ခ်က္ေသာက္လုိ့ရပါတယ္။
၃။ အရြက္မ်ားကို ျပဳတ္၍ တို့စရာအျဖစ္ စားသံုးႏိုင္ပါတယ္။

၄။ အရြက္ႏုနဲ့ အညြန့္မ်ားကို ငါးရံ့နဲ့အတူ ခ်က္စားရင္ အရသာလည္း ပိုရွိသလို ေဆးဖက္လည္း ၀င္ပါတယ္။
၅။ ပၪၥငါးပါးစလံုးကို ေရစင္ေအာင္ေဆးျပီး ေရ ၃ ခြက္ ၁ ခြက္ျဖစ္ေအာင္ က်ိဳ၍ ေဆးအျဖစ္ ေသာက္ႏိုင္ပါတယ္။

လဲလူရြက္ဟာ အသည္းေရာင္၊ အသည္းၾကီး၊ အသည္းေျခာက္၊ အူသိမ္ အူမထဲမွာျဖစ္တဲ့ ေဂါရာမ်ား၊ အစာအိမ္ေရာဂါမ်ားကိုလည္း သက္သာေပ်ာက္ကင္းေစပါတယ္။

လဲလူရြက္ကို အဂၤလိပ္လို (Olax psittacorum) သို့မဟုတ္ (Olax scandens) လို့ေခၚျပီး အျခား ျမန္မာအေခၚအေ၀ၚမ်ားကေတာ့ လဲေလာပင္၊ ေတာင္လဲလူပင္လို့လည္း ေခၚေ၀ၚေၾကာင့္ ျမန္မာ့စြယ္စံုက်မ္းမွာ ဖြင့္ဆိုထားပါတယ္။ အဖိုပင္၊ အမပင္ဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။ ႏွစ္မ်ိဳးစလံုး
ေဆးဖက္၀င္ပါတယ္။

လဲလူပင္ဟာ အထက္အညာေဒသမွာ ေပါပါတယ္။ ဧရာ၀တီတိုင္း က်ိဳက္လတ္ဘက္မွာလည္း ေပါပါတယ္။ ရန္ကုန္ဆိုရင္ အနီးဆံုး လွည္းကူးမွာ ရွိပါတယ္။ အင္းစိတ္ ဒညွင္းကုန္းဘူတာေစ်းမွာ ရွိတတ္သလို ကုန္စိမ္းသည္မ်ားကို ၾကိဳတင္မွာယူလို့လည္း ရႏိုင္ပါတယ္။

လဲလူႏွင့္ပတ္သက္ျပီး အေရွ့တိုင္း၊ အေနာက္တိုင္းေဆးပညာရပ္မ်ားကို စံုႏိုင္သမွ်ေလ့လာထားသည္ကို ေ၀ဒနာရွင္မ်ား သက္သာေပ်ာက္ကင္းပါေစေၾကာင္း ေစတနာမ်ားစြာျဖင့္ မွ်ေ၀ေပးလိုက္ရပါသည္။

credit : ေစာႏြဲ ့ေနဆိုင္(ပူတာအို)

Unicodeဖြင့်ဖတ်ရန်

အသည်းအဆီဖုံးရောဂါဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆီအဆိမ့်များခြင်း၊ အထိုင်များ၍ လှုပ်ရှားမှုနည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်းစသည်တို့ကြောင့် ဖြစ်ရပါတယ်။အသည်းအဆီဖုံးရောဂါကိုခံစားနေရသော ဝေဒနာရှင်များမှ သဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆိုလာကြသည့်အတွက် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။

မြန်မာ့ဆေးကျမ်းတွေက ဆိုရိုးစကားတစ်ခုရှိပါတယ်။ “အသည်း၊ အူ လဲလူ” တဲ့။အသည်းရောဂါနဲ့ အူရောဂါအတွက်ဆိုရင် လဲလူရွက်ဟာ အကောင်းဆုံး
သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။

၁။ လဲလူပင်ဟာ အရွက်၊ အသီး၊ အပွင့်၊ အပင်၊ အမြှစ် ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်ပါတယ်။
၂။ အရွက်နုနဲ့ အညွန့်များကို ဟင်းရည်ချက်သောက်လို့ရပါတယ်။
၃။ အရွက်များကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။

၄။ အရွက်နုနဲ့ အညွန့်များကို ငါးရံ့နဲ့အတူ ချက်စားရင် အရသာလည်း ပိုရှိသလို ဆေးဖက်လည်း ဝင်ပါတယ်။
၅။ ပဉ္စငါးပါးစလုံးကို ရေစင်အောင်ဆေးပြီး ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ ဆေးအဖြစ် သောက်နိုင်ပါတယ်။
လဲလူရွက်ဟာ အသည်းရောင်၊ အသည်းကြီး၊ အသည်းခြောက်၊ အူသိမ် အူမထဲမှာဖြစ်တဲ့ ဂေါရာများ၊ အစာအိမ်ရောဂါများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

လဲလူရွက်ကို အင်္ဂလိပ်လို (Olax psittacorum) သို့မဟုတ် (Olax scandens) လို့ခေါ်ပြီး အခြား မြန်မာအခေါ်အဝေါ်များကတော့ လဲလောပင်၊ တောင်လဲလူပင်လို့လည်း ခေါ်ဝေါ်ကြောင့် မြန်မာ့စွယ်စုံကျမ်းမှာ ဖွင့်ဆိုထားပါတယ်။ အဖိုပင်၊ အမပင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံး
ဆေးဖက်ဝင်ပါတယ်။

လဲလူပင်ဟာ အထက်အညာဒေသမှာ ပေါပါတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်း ပေါပါတယ်။ ရန်ကုန်ဆိုရင် အနီးဆုံး လှည်းကူးမှာ ရှိပါတယ်။ အင်းစိတ် ဒညှင်းကုန်းဘူတာဈေးမှာ ရှိတတ်သလို ကုန်စိမ်းသည်များကို ကြိုတင်မှာယူလို့လည်း ရနိုင်ပါတယ်။

လဲလူနှင့်ပတ်သက်ပြီး အရှေ့တိုင်း၊ အနောက်တိုင်းဆေးပညာရပ်များကို စုံနိုင်သမျှလေ့လာထားသည်ကို ဝေဒနာရှင်များ သက်သာပျောက်ကင်းပါစေကြောင်း စေတနာများစွာဖြင့် မျှဝေပေးလိုက်ရပါသည်။
credit : စောနွဲ့နေဆိုင်(ပူတာအို)