You are here
Home > Health > “ေျမြအဆိပ္ကို ေျခဖ်က္ႏိုင္ေသာ ေခြးေလွးယားသီးနက္ေစ့”

“ေျမြအဆိပ္ကို ေျခဖ်က္ႏိုင္ေသာ ေခြးေလွးယားသီးနက္ေစ့”

Zawgyi ျဖင့္ဖတ္၇န္

ေအာက္ျမန္မာျပည္ ေဆးသုေတသနဦးစီးဌာနမွ ေဆးသုေတသီမ်ားသည္ ေခြးေလွးယားသီးေစ့ျဖင့္ ေျမြေပြး၏ အဆိပ္ကို ေျခဖ်က္ႏိုင္ေၾကာင္း စမ္းသပ္ေဖာ္ထုတ္၍ မွတ္တမ္းတင္ႏိုင္ခဲ့သည္။

ထိုစမ္းသပ္မွဳကို ဓါတ္ခြဲခန္းသံုး ၾကြက္ျဖဴမ်ားျဖင့္ စနစ္တက် စမ္းသပ္ခဲ့သည္။ ေခြးေလွးယားသီအေစ့၏ အႏွစ္ရည္ ၀ ဒသမ ၂၁ မီလီဂရမ္သည္ လူကိုေသေစႏုိင္ေသာ ေျမြေပြး အဆိပ္ရည္မ်ားကို ေျခဖ်က္ေပးႏိုင္စြမ္းရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ႏိုင္ဂ်ီးရီးယားႏိုင္ငံတို့မွ ေျမႊအကိုက္ခံရေသာ လူနာတို့အား ေဆးျမီးတိုအျဖစ္ ေခြးေလွးယားသီးအေစ့ျဖင့္ လက္ေတြစမ္းသပ္ကုသခဲ့ရာ မ်ားစြာထိေရာက္ ေအာင္ျမင္ခဲ့ေၾကာင္းလည္း
ေဖာ္ျပထားသည္။

ေဆးျမီးတိုျဖင့္ အေရးေပၚကုသနည္း

(၁) ေခြးေလွးယားသီးေစ့ကို အမွဳန့္ၾကိတ္၍ ေျမြအကိုက္ခံထားရေသာ
ေနရာအား ထည့္ေပးပါ။
(၂) သို့မဟုတ္ ၄င္းအမွဳန့္ကို အရည္ေဖာ္၍ လိမ္းေပးပါ။
(၃) အေစ့ ၂ ေစ့ခန့္ကို မီးဖုတ္၍ အခြံခြါကာ အဆန္ကို ၀ါးစားေပးပါ။

ေခြးေလွယားသီး(၂)မ်ိဳး

ေခြးေလွးယားသီးသည္ အရိုင္းသီး၊ အယဥ္သီးဟူ၍ ႏွစ္မ်ိဳးရွိသည္။ အယဥ္သီးမ်ိဳးသည္ ပို၍ ေဆးဖက္၀င္သည္။ အေစ့သည္ အနက္ေရာင္ ျဖစ္သည္။ အရိုင္းသီးသည္ အေမြးပါသည္။ ယားတတ္သည္။ အေစ့သည္ ၀ါဖတ္ဖတ္အေရာင္ ရွိသည္။ အယဥ္သီးသည္ ေျမြဆိပ္၊ ကင္းဆိပ္စသည့္ အဆိပ္မ်ိဳးစံုကို ႏိုင္သည္။ အျခားေရာဂါမ်ားအတြက္လည္း အသံုးျပဳႏိုင္သည္။

ေဆးရံုေဆးခန္းႏွင့္ေ၀းလံေသာ ေတာရြာေဒသတို့တြင္ အေရးၾကံဳလာပါက ေဆးျမီးတိုနည္းျဖင့္ တန္ဖိုးရွိလွေသာ လူ့အသက္ကို ကယ္တင္ႏိုင္ၾကပါေစ။
( ဒီပို့စ္ကိုလည္း မိမိတို့လက္လွမ္းမီသေလာက္ လက္ဆင့္ကမ္း မွ်ေ၀ေပးႏိုင္ၾကပါသည္)
ဦးေစာႏြဲ့ေနဆိုင္ (တိုင္းခမ္းတီ)

Unicodeဖြင့်ဖတ်ရန်

အောက်မြန်မာပြည် ဆေးသုတေသနဦးစီးဌာနမှ ဆေးသုတေသီများသည် ခွေးလှေးယားသီးစေ့ဖြင့် မြွေပွေး၏ အဆိပ်ကို ခြေဖျက်နိုင်ကြောင်း စမ်းသပ်ဖော်ထုတ်၍ မှတ်တမ်းတင်နိုင်ခဲ့သည်။
ထိုစမ်းသပ်မှုကို ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများဖြင့် စနစ်တကျ စမ်းသပ်ခဲ့သည်။ ခွေးလှေးယားသီအစေ့၏ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် လူကိုသေစေနိုင်သော မြွေပွေး အဆိပ်ရည်များကို ခြေဖျက်ပေးနိုင်စွမ်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့မှ မြွှေအကိုက်ခံရသော လူနာတို့အား ဆေးမြီးတိုအဖြစ် ခွေးလှေးယားသီးအစေ့ဖြင့် လက်တွေစမ်းသပ်ကုသခဲ့ရာ များစွာထိရောက် အောင်မြင်ခဲ့ကြောင်းလည်း
ဖော်ပြထားသည်။
ဆေးမြီးတိုဖြင့် အရေးပေါ်ကုသနည်း

(၁) ခွေးလှေးယားသီးစေ့ကို အမှုန့်ကြိတ်၍ မြွေအကိုက်ခံထားရသော
နေရာအား ထည့်ပေးပါ။
(၂) သို့မဟုတ် ၎င်းအမှုန့်ကို အရည်ဖော်၍ လိမ်းပေးပါ။
(၃) အစေ့ ၂ စေ့ခန့်ကို မီးဖုတ်၍ အခွံခွါကာ အဆန်ကို ဝါးစားပေးပါ။

ခွေးလှေယားသီး(၂)မျိုး
ခွေးလှေးယားသီးသည် အရိုင်းသီး၊ အယဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ အယဉ်သီးမျိုးသည် ပို၍ ဆေးဖက်ဝင်သည်။ အစေ့သည် အနက်ရောင် ဖြစ်သည်။ အရိုင်းသီးသည် အမွေးပါသည်။ ယားတတ်သည်။ အစေ့သည် ဝါဖတ်ဖတ်အရောင် ရှိသည်။ အယဉ်သီးသည် မြွေဆိပ်၊ ကင်းဆိပ်စသည့် အဆိပ်မျိုးစုံကို နိုင်သည်။ အခြားရောဂါများအတွက်လည်း အသုံးပြုနိုင်သည်။

ဆေးရုံဆေးခန်းနှင့်ဝေးလံသော တောရွာဒေသတို့တွင် အရေးကြုံလာပါက ဆေးမြီးတိုနည်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။
( ဒီပို့စ်ကိုလည်း မိမိတို့လက်လှမ်းမီသလောက် လက်ဆင့်ကမ်း မျှဝေပေးနိုင်ကြပါသည်)
ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)

Top
//nossairt.net/4/3018672