သူမ ရဲ့ အနုပညာကိစ္စတွေ ဆောင်ရွက်ဖို့ မန်နေဂျာ ခန့်လိုက်ပြီ ဆိုတဲ့ ဖြူဖြူထွေး

တမူထူးခြားတဲ့ ခပ်ဆန်းဆန်း ကကွက်တွေ နဲ့ ပရိသတ်တွေ ရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ ဖြူဖြူထွေးကတော့ စိတ်ထားကောင်းတာကြောင့်ရော သူမရဲ့အနုပညာပါရမီကြောင့်ပါ အခုဆိုရင် အနုပညာလောကထဲမှာ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဖြူထွေးက သူမရဲ့ကိုယ်ပိုင် မန်နေဂျာတစ်ယောက် ခန့်အပ်လိုက်ပြီဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မန်နေဂျာရှိသွားပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ အနုပညာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေအားလုံးကို မန်နေဂျာမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ဖို့အတွက်လည်း ပြောထား ပါသေးတယ်။

ချစ်ပရိသတ်တွေအတွက် မင်းသမီးတစ်ဦးအနေနဲ့ အနုပညာ ကိစ္စတွေကို စီမံဆောင်ရွက်ဖို့ မန်နေဂျာ ခန့်အပ်လိုက်ပြီဆိုတဲ့ ဖြူဖြူထွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ဖြူဖြူထွေးကတော့ “သမီးဖြူဖြူထွေးမှ မန်နေဂျာအသစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါသည် အနုပညာနှင့်ပတ်သတ်သောကိစ္စရပ်များ အားလုံးကို မန်နေဂျာမှတဆင့် ဆက်သွယ်ဆောင်ရွက်စေလိုပါသည် လူကြီးမင်းတို့မှလုပ်ငန်းနှင့်ပတ်သတ်သောကိစ္စရပ်များ ကြေငြာကိစ္စရပ်များအား မိမိ၏မန်နေဂျာမှ ဆွေးနွေးညှိုနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
အသိပေးအကြောင်းကြားအပ်ပါ သည်ရှင် Manager Mobile : 09966444822” ဆိုပြီး သူမရဲ့မန်နေဂျာ ဖုန်းနံပါတ်နဲ့အတူ ပရိသတ်တွေရော လုပ်ငန်းရှင်တွေကိုပါ အသိပေးထားတာပါ။

ဖြူဖြူထွေးကတော့ လတ်တလော မှာ အနုပညာအလုပ်တွေရော၊ သူမတတ်နိုင်တဲ့ လူမှုကူညီရေးလေးတွေပါ လုပ်ကိုင်ရင်း ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပါ။ မိဘကို သိတတ်တဲ့ သမီးချောလေး ဖြူဖြူထွေးကတော့ သူမရဲ့အချစ်ရေးကို စိတ်ဝင်စားသေးပဲ မိဘအတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အလုပ်အတွက် မန်နေဂျာ ခန့်အပ်လိုက်ပြီဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် ဒီထက်ပိုပြီး အောင်မြင်မှုတွေ တိုးပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

CRD-Momolay