တာချီလိပ်ရောက် အမှတ်တရပုံရိပ်လေးတွေကို ပြသလာတဲ့ သင်ဇာဝင့်ကျော်

ပြည်တွင်းနာမည်ကြီး မင်းသမီးတွေကြားမှာ နာမည်တစ်ခုစိုက်ထူနိုင်ခဲ့ပြီး ယနေ့အထိထိပ်တန်းစာရင်ဝင်နေတဲ့ သင်ဇာဝင့်ကျော်ကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ အနုပညာအလုပ်များစွာကို လုပ်ကိုင်လျှက်ရှိပြီး ကြော်ငြာနဲ့ ပွဲတွေမှာလည်း မကြာခဏတွေ့ရလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အမိုက်စားခန္ဓာကိုယ်အလှနဲ့အတူ ထိပ်တန်းလောကကို ရောက်ရှိနေပြီး ပုရိသတွေရဲ့ ဝန်းရံမှုကို ပိုမိုရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

—-

—-

—-

လက်တလော သင်ဇာဝင့်ကျော်ကတော့ ကြော်ငြာရိုက်ကူးမှုတွေနဲ့အတူ ပွဲတွေကို ပိုမိုတက်ရောက်လျှက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း တာချီလိပ်မြို့ရှိ ကျင်းလုံဟိုတယ် ကိုရောက်ရှိနေပြီး ဖွင့်ပွဲအတွက် သွားရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဟိုတယ်ဖွင့်ပွဲမှာလည်း အမိုက်စားဖက်ရှင်နဲ့အတူ တက်ရောက်လာသူတွေကြားမှာ အလှပိုနေပြီး ပရိသတ်တွေနဲ့အတူ အမှတ်တရဓာတ်ပုံများစွာရိုက်ကူးခဲ့ပါတယ်။

—-

ရိုးရာဝတ်စုံအလှမယ်လေးတွေနဲ့ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေ၊ ချစ်စရာကလေးငယ်များနဲ့ ပုံရိပ်တွေအပြင် အမှတ်တရဓာတ်ပုံများစွာကိုလည်း သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြန်လည်ပြသထားတာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သင့်ဇာဝင့်ကျော်ရဲ့ ဒီကနေ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photo credit – thin Zar Wint Kyaw’s FB,credit – myanmarload