You are here
Home > အနုပညာ > ပထမဆုံးအႀကိမ္ ထီဆု ၃ ဆု ေပါက္ခဲ့လို႔ ေပ်ာ္ေနတဲ့ ဂ်ဴးဂ်ဴးေက

ပထမဆုံးအႀကိမ္ ထီဆု ၃ ဆု ေပါက္ခဲ့လို႔ ေပ်ာ္ေနတဲ့ ဂ်ဴးဂ်ဴးေက

For Zawgyi

ပထမဆုံးအႀကိမ္ ထီဆု ၃ ဆု ေပါက္ခဲ့လို႔ ေပ်ာ္ေနတဲ့ ဂ်ဴးဂ်ဴးေက

သ႐ုပ္ေဆာင္ဂ်ဴးဂ်ဴးေက ကေတာ့ ပထမဆုံးအႀကိမ္ ထီေပါက္လို႔ ဝမ္းသာပီတိ ျဖစ္ေနပါတယ္ ။ အလႉလုပ္ရင္း ခက္ခက္ခဲခဲ ရွာထိုးခဲ့ရတဲ့ ထီျဖစ္တာေၾကာင့္လည္း ပိုၿပီးေတာ့ ေပ်ာ္တယ္လို႔ သူကဆိုပါတယ္ ။

‘’ပထမဆုံးအႀကိမ္ ထီေပါက္ဖူးၿပီ ။ ၿပီးခဲ့တဲ့လက ပဲခူးမ်က္မျမင္ေက်ာင္းမွာ ” ထာဝရအလင္းအိမ္ ” မိသားစုဝင္မ်ားနဲ႔ အလႉသြားလုပ္တာ အျပန္မွာ နာေရးကားလည္း ( ၃ ) စီးေတြ႕တယ္ ။ စီးသြားတဲ့ကားကလည္း ကားဘီးေပါက္တယ္ ။ ေပါက္တဲ့ နိမိတ္ေတြေတာ့ျပေနၿပီ ၊ ထီထိုးမယ္ဆိုၿပီး အင္းတေကာ္မွာ မနည္းလိုက္ရွာၿပီး ထီစုထိုးခဲ့တာ ငါးေသာင္းဆု သုံးဆု ” ၁၅၀,၀၀၀ ” ေပါက္တယ္ေလ ။’’ ဆိုၿပီးေတာ့ စက္တင္ဘာလ ၃ ရက္ေန႔ မနက္ ၉ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္ ။

ထီေပါက္လို႔ရတဲ့ ေငြအကုန္လုံးကိုေတာ့ ‘’ထာဝရအလင္းအိမ္’’ ဆိုတဲ့ အလႉ အသင္းထဲကိုပဲ ျပန္ၿပီးေတာ့ ကုသိုလ္ယူခဲ့တယ္လို႔ ဆိုပါတယ္ ။ ‘’ခုႏွစ္ေယာက္လုံး အသင္း ရဲ႕ ေငြပေဒသာပင္ထဲ အကုန္ျပန္လႉၾကတယ္ ။ ေနာက္တစ္ခါအလႉကို တန္ေဆာင္မုန္း လျပည့္မွာ ျပင္ဦးလြင္မွာ ကထိန္ခင္းမယ္ ။ အဲ့အခါက်ရင္လဲ ထီထပ္ထိုးအုံးမယ္ ။ ဆုႀကီးႀကီးေပါက္ရင္ အလႉႀကီးႀကီး လုပ္ခ်င္တယ္’’ ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားခဲ့ပါေသးတယ္ ။

ဂ်ဴးဂ်ဴးေကဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္လ္တစ္ေယာက္ အေနနဲ႔ စတင္ဝင္ေရာက္ခဲ့သူ ျဖစ္ပါတယ္ ။ အဲ့ဒီေနာက္ တေယာကို ကြၽမ္းကြၽမ္းက်င္က်င္ တီးခတ္ႏိုင္တဲ့ သူမရဲ႕ ပညာေၾကာင့္လည္း ပရိသတ္ေတြက ပိုသတိထားမိခဲ့ၾကပါတယ္ ။ ဂ်ဴးဂ်ဴးေကဟာ မၾကာေသးခင္က ဒါ႐ိုက္တာ ခရစၥတီးနားခီ ႐ိုက္ကူးတဲ့ ‘’Now & Ever ‘’(ထာဝရေႏွာင္ႀကိဳး) ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္ ။ လက္ရွိမွာေတာ့ ႐ုပ္သံဇာတ္လမ္းတြဲလည္း ႐ိုက္ကူးေနတာ ေတြ႕ရသလို အလႉအတန္းေတြလည္း လုပ္ျဖစ္ေနတာကိုေတြ႕ရပါတယ္ ။

Source – celeyatkwat

For Unicode

ပထမဆုံးအကြိမ် ထီဆု ၃ ဆု ပေါက်ခဲ့လို့ ပျော်နေတဲ့ ဂျူးဂျူးကေ

သရုပ်ဆောင်ဂျူးဂျူးကေ ကတော့ ပထမဆုံးအကြိမ် ထီပေါက်လို့ ဝမ်းသာပီတိ ဖြစ်နေပါတယ် ။ အလှူလုပ်ရင်း ခက်ခက်ခဲခဲ ရှာထိုးခဲ့ရတဲ့ ထီဖြစ်တာကြောင့်လည်း ပိုပြီးတော့ ပျော်တယ်လို့ သူကဆိုပါတယ် ။

‘’ပထမဆုံးအကြိမ် ထီပေါက်ဖူးပြီ ။ ပြီးခဲ့တဲ့လက ပဲခူးမျက်မမြင်ကျောင်းမှာ ” ထာဝရအလင်းအိမ် ” မိသားစုဝင်များနဲ့ အလှူသွားလုပ်တာ အပြန်မှာ နာရေးကားလည်း ( ၃ ) စီးတွေ့တယ် ။ စီးသွားတဲ့ကားကလည်း ကားဘီးပေါက်တယ် ။ ပေါက်တဲ့ နိမိတ်တွေတော့ပြနေပြီ ၊ ထီထိုးမယ်ဆိုပြီး အင်းတကော်မှာ မနည်းလိုက်ရှာပြီး ထီစုထိုးခဲ့တာ ငါးသောင်းဆု သုံးဆု ” ၁၅၀,၀၀၀ ” ပေါက်တယ်လေ ။’’ ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ် ။

ထီပေါက်လို့ရတဲ့ ငွေအကုန်လုံးကိုတော့ ‘’ထာဝရအလင်းအိမ်’’ ဆိုတဲ့ အလှူ အသင်းထဲကိုပဲ ပြန်ပြီးတော့ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ် ။ ‘’ခုနှစ်ယောက်လုံး အသင်း ရဲ့ ငွေပဒေသာပင်ထဲ အကုန်ပြန်လှူကြတယ် ။ နောက်တစ်ခါအလှူကို တန်ဆောင်မုန်း လပြည့်မှာ ပြင်ဦးလွင်မှာ ကထိန်ခင်းမယ် ။ အဲ့အခါကျရင်လဲ ထီထပ်ထိုးအုံးမယ် ။ ဆုကြီးကြီးပေါက်ရင် အလှူကြီးကြီး လုပ်ချင်တယ်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ် ။

ဂျူးဂျူးကေဟာ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက် အနေနဲ့ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ် ။ အဲ့ဒီနောက် တယောကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ သူမရဲ့ ပညာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့ကြပါတယ် ။ ဂျူးဂျူးကေဟာ မကြာသေးခင်က ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’Now & Ever ‘’(ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးနေတာ တွေ့ရသလို အလှူအတန်းတွေလည်း လုပ်ဖြစ်နေတာကိုတွေ့ရပါတယ် ။

Source – celeyatkwat

Top
//doruffleton.com/4/3018672