ဆရာဝန္တစ္ေယာက္ျဖစ္ေအာင္ ကူညီေပးႏိုင္ခဲ့လို႔ ဝမ္းသာေနတဲ့ စိုးျမတ္သူဇာ

စိုးျမတ္သူဇာကေတာ့ သူမကိုယ္တိုင္ ေက်ာင္းထားေပးခဲ့တဲ့ ေက်ာင္းသူေလးဟာ ဆရာဝန္တစ္ေယာက္ျဖစ္လာတဲ့အတြက္ အရမ္းကို ဝမ္းသာေနတယ္လို႔ဆိုပါတယ္။ ဒါကလည္း အႏုပညာေမာင္ေလးျဖစ္သူ ေျပတီဦးေၾကာင့္ပါလို႔ ေျပာပါတယ္အကယ္ဒမီ သ႐ုပ္ေဆာင္ စိုးျမတ္သူဇာက ရန္ကုန္ေဆး႐ုံႀကီး ေဆးကုသေဆာင္(၁) မွာ အလုပ္သင္ဆရာဝန္အျဖစ္ ပညာေလ့လာေနတဲ့ ေဆးေက်ာင္းသူ ယုယုမြန္ကို ေဆးေက်ာင္းအတြက္ ေထာက္ပံ့ကူညီခဲ့တယ္လို႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’မႀကီးကေတာ့ေလ ဒီသမီးေလး ဆရာဝန္တစ္ေယာက္ျဖစ္လာတာကို တကယ္စိတ္ထဲမွာၾကည္ႏူးမိပါတယ္။ ပရဟိတလုပ္ငန္းကို အေစာႀကီးကတည္းကလည္း လုပ္ခ်င္တယ္။ လုပ္လည္း မလုပ္တတ္ဘူး။ ဦးလည္းမေဆာင္ႏိုင္ဘူးဆိုေတာ့ ဦးေဆာင္ႏိုင္တဲ့ လူရဲ႕ေနာက္မွာ ကိုယ္ႏိုင္သေလာက္ေလး ပါဝင္ခြင့္ရတာကို ဝမ္းလည္း ဝမ္းသာပါတယ္။ ကေလးေလးတစ္ေယာက္ ဆရာဝန္ျဖစ္လာတယ္ဆိုေတာ့ စိတ္ထဲမွာ တကယ္ကို ၾကည္ႏူးရတယ္’’ လို႔ သူကဆိုပါတယ္။

အဲဒီေနာက္ ကိုယ္တိုင္ကလည္း ပညာေရးမွာ စာေတာ္ခဲ့သူမဟုတ္တဲ့အတြက္ ဆရာဝန္တစ္ေယာက္ကို ေက်ာင္းၿပီးတဲ့ အထိ ေက်ာင္းထားေပးႏိုင္ခဲ့တဲ့အတြက္ ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။‘’ပညာဒါနလႉတာေပါ့မႀကီးက ပရဟိတအလုပ္ေလးေတြ လုပ္ခ်င္ပါတယ္။ အခုလို သမီးေလးက ဆရာဝန္ျဖစ္သြားၿပီျဖစ္တဲ့အတြက္ ပီတိလည္းျဖစ္ပါတယ္။ ဝမ္းလည္း ဝမ္းသာပါတယ္။ ဘယ္သူ႔ကိုမွလည္း ဆရာဝန္ျဖစ္တဲ့အထိ ေက်ာင္းမထားေပးဖူးေသးေတာ့ အရမ္းပီတိျဖစ္ရတယ္’’ စက္တင္ဘာလ ၁ ရက္ေန႔က ေျပတီဦးေဖာင္ေဒးရွင္းက ကေလးေတြနဲ႔ အလႉရွင္တို႔ရဲ႕ ေတြ႕ဆုံပြဲမွာ ေျပာခဲ့တာပါ။အဲဒီေနာက္ စိုးျမတ္သူဇာက သူမနဲ႔ ေျပတီဦးတို႔ရဲ႕ ရင္းႏွီးမႈေတြကိုလည္း ေျပာျပလာပါတယ္။ ေဖာင္ေဒးရွင္းႀကီးကို ဦးေဆာင္ေနသူျဖစ္တာေၾကာင့္လည္း ေလးစားမိတယ္လို႔ သူကဆိုပါတယ္။

‘’ တီတီကေတာ့ မႀကီးအတြက္ ေမာင္ေလးတစ္ေယာက္ဆိုလည္းမမွားဘူး၊ သားတစ္ေယာက္ဆိုလည္း မမွားဘူး။ တစ္ခါတေလဆိုရင္လည္း အစ္ကိုလိုျဖစ္တယ္၊ တစ္ခါတေလဆိုရင္လည္း အေဖလိုျဖစ္တယ္။ မႀကီးတို႔ ႐ုပ္ရွင္ေလာကထဲမွာ ဒီလိုမ်ိဳး ထဲထဲဝင္ဝင္နဲ႔ ေဖာင္ေဒးရွင္းႀကီးတစ္ခုကို တည္ေထာင္ဖို႔ဆိုတာ လြယ္ေတာ့ မလြယ္လွဘူး။ သူတို႔မွာလည္း အခက္အခဲေတြက အမ်ားႀကီးပဲ။ သူ႔နည္းသူ႔ဟန္နဲ႔ စိတ္ညစ္ရတာေတြေတာ့ အမ်ားႀကီးရွိမွာပဲ’’ ဆိုၿပီးေတာ့ ဆက္လက္ေျပာျပခဲ့ပါတယ္။

စိုးျမတ္သူဇာရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ခန႔္ရွိၿပီျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္အထိ ပရိသတ္အခိုင္အမာ ရရွိထားသူ တစ္ေယာက္ပါ။ အႏုပညာေလာကထဲကိုေတာ့ ‘’ ဆုံရပ္ ကႏၲာရဝတီ’’ ဆိုတဲ့ ႐ုပ္သံဇာတ္လမ္း ႐ိုက္ကူးရင္း အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာတာျဖစ္ပါတယ္။ ဒါကေတာ့ သူမအတြက္ ပထမဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးပါ။ အဲဒီေနာက္ ၁၉၉၄ ခုႏွစ္မွာ ‘’ေနာ္ရင္ေမႊး’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပထမဆုံး အကယ္ဒမီဆုကို ရရွိပိုင္ဆိုင္ခဲ့သူပါ။

CRD-Duwun

UNICODE

စိုးမြတ်သူဇာကတော့ သူမကိုယ်တိုင် ကျောင်းထားပေးခဲ့တဲ့ ကျောင်းသူလေးဟာ ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့အတွက် အရမ်းကို ဝမ်းသာနေတယ်လို့ဆိုပါတယ်။ ဒါကလည်း အနုပညာမောင်လေးဖြစ်သူ ပြေတီဦးကြောင့်ပါလို့ ပြောပါတယ်အကယ်ဒမီ သရုပ်ဆောင် စိုးမြတ်သူဇာက ရန်ကုန်ဆေးရုံကြီး ဆေးကုသဆောင်(၁) မှာ အလုပ်သင်ဆရာဝန်အဖြစ် ပညာလေ့လာနေတဲ့ ဆေးကျောင်းသူ ယုယုမွန်ကို ဆေးကျောင်းအတွက် ထောက်ပံ့ကူညီခဲ့တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’မကြီးကတော့လေ ဒီသမီးလေး ဆရာဝန်တစ်ယောက်ဖြစ်လာတာကို တကယ်စိတ်ထဲမှာကြည်နူးမိပါတယ်။ ပရဟိတလုပ်ငန်းကို အစောကြီးကတည်းကလည်း လုပ်ချင်တယ်။ လုပ်လည်း မလုပ်တတ်ဘူး။ ဦးလည်းမဆောင်နိုင်ဘူးဆိုတော့ ဦးဆောင်နိုင်တဲ့ လူရဲ့နောက်မှာ ကိုယ်နိုင်သလောက်လေး ပါဝင်ခွင့်ရတာကို ဝမ်းလည်း ဝမ်းသာပါတယ်။ ကလေးလေးတစ်ယောက် ဆရာဝန်ဖြစ်လာတယ်ဆိုတော့ စိတ်ထဲမှာ တကယ်ကို ကြည်နူးရတယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ကိုယ်တိုင်ကလည်း ပညာရေးမှာ စာတော်ခဲ့သူမဟုတ်တဲ့အတွက် ဆရာဝန်တစ်ယောက်ကို ကျောင်းပြီးတဲ့ အထိ ကျောင်းထားပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။‘’ပညာဒါနလှူတာပေါ့မကြီးက ပရဟိတအလုပ်လေးတွေ လုပ်ချင်ပါတယ်။ အခုလို သမီးလေးက ဆရာဝန်ဖြစ်သွားပြီဖြစ်တဲ့အတွက် ပီတိလည်းဖြစ်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဘယ်သူ့ကိုမှလည်း ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းမထားပေးဖူးသေးတော့ အရမ်းပီတိဖြစ်ရတယ်’’ စက်တင်ဘာလ ၁ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်းက ကလေးတွေနဲ့ အလှူရှင်တို့ရဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

အဲဒီနောက် စိုးမြတ်သူဇာက သူမနဲ့ ပြေတီဦးတို့ရဲ့ ရင်းနှီးမှုတွေကိုလည်း ပြောပြလာပါတယ်။ ဖောင်ဒေးရှင်းကြီးကို ဦးဆောင်နေသူဖြစ်တာကြောင့်လည်း လေးစားမိတယ်လို့ သူကဆိုပါတယ်။‘’ တီတီကတော့ မကြီးအတွက် မောင်လေးတစ်ယောက်ဆိုလည်းမမှားဘူး၊ သားတစ်ယောက်ဆိုလည်း မမှားဘူး။ တစ်ခါတလေဆိုရင်လည်း အစ်ကိုလိုဖြစ်တယ်၊ တစ်ခါတလေဆိုရင်လည်း အဖေလိုဖြစ်တယ်။ မကြီးတို့ ရုပ်ရှင်လောကထဲမှာ ဒီလိုမျိုး ထဲထဲဝင်ဝင်နဲ့ ဖောင်ဒေးရှင်းကြီးတစ်ခုကို တည်ထောင်ဖို့ဆိုတာ လွယ်တော့ မလွယ်လှဘူး။ သူတို့မှာလည်း အခက်အခဲတွေက အများကြီးပဲ။ သူ့နည်းသူ့ဟန်နဲ့ စိတ်ညစ်ရတာတွေတော့ အများကြီးရှိမှာပဲ’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။