အာစရိယပူဇော်ပွဲမှာ ပါဝင်ဖျော်ဖြေပေးခဲ့တဲ့ ဘုန်းသီရိကျော်




Source:ဖုန်းသီရိကျော်,CRD-Shwemom

UNICODE

ဘုန်းသီရိကျော်ကတော့ အဆိုတော် ဇော်ပိုင်ရဲ့ “ပြည့်စုံလွန်း” သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလူသိများ လာခဲ့တာပါ။ဒီသီချင်းထဲမှာတော့ သူမက ပေါ့ပေါ့ပါးပါးလေးပဲ သရုပ်ဆောင်ထားပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ သရုပ်ဆောင်တဲ့ ပုံစံလေးက ပရိသတ်တွေ ကြားမှာ အရမ်းကို ရေပန်းစားခဲ့တာပါ။အဲ့ဒီ MV လေးကတော့ ဘုန်းသီရိ ကျော်ကို နာမည်ကြီးစေခဲ့တဲ့ ဗီဒီယိုဖိုင်လေးပါ။

ဘုန်းသီရိ ကျော်ကတော့အခုဆိုရင် သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝကို နှုတ်ဆက်ရတော့မှာပါ။သူမကတော့ စိတ်ပညာ မေဂျာကို သင်ယူနေသူလေးပါ။ပဉ္စမနှစ် ဥပဒေကျောင်းသား၊ကျောင်းသူတွေရဲ့ အာစရိပူဇော်ပွဲနဲ့ နှုတ်ဆက်ပွဲ လေးကိုတော့ ပျော်ပျော်ပါးပါးကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲလေးမှာတော့ သူမရဲ့ အနုပညာနဲ့ အားဖြည့်ပါဝင်ပေးခဲ့ပါတယ်။

ဖုန်းသီရိကျော်ကတော့ ပြီးခဲ့တဲ့ရက်တုန်းကလည်း Diploma in Corporate & Business Law (DBL) ဘွဲ့ယူ ခဲ့ပါသေးတယ်။