သနားစရာကောင်းလှတဲ့ Sinon Loresca ရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြလာတဲ့ ပတ်ထရစ်ရှာ

အခုလက်ရှိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေတဲ့ ဖိလစ်ပိုင် LGBT Model Sinon Loresca ကို အားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ နှလုံးသားလှပြီး ဖော်ရွေတဲ့ Sinon Loresca ကို ပရိသတ်တွေကသာမက အနုပညာရှင်တွေကပါ ချစ်ခင်စွာနဲ့ သွားရောက်ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Sinon Loresca ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ပတ်ထရစ်ရှာက အားလုံးစိတ်ဝင်စားနေကြတဲ့ Sinon Loresca ရဲ့ သနားစရာဘဝကို အခုလိုပဲ ပြောပြလာပါတယ်။

“Sinon Loresca ကို ဒီအခြောက်ကြီးကိုဘာလို့ ကြိုဆိုနေကြတာလဲ ဘာညာနဲ့ ဝေဖန်နေကြတဲ့လူတွေက Sinon ကိုအခုမှမြင်ပြီး Sinon အကြောင်းမသိကြသေးတဲ့လူတွေမို့လို့ဆိုတာယုံကြည်တယ်။ ကိုယ်ကတော့ Sinon ရဲ့ tone တွေပေါ်နေတဲ့ body အမိုက်စားနဲ့ Speedo ဝတ်ပြီး နည်းနည်းနောနောအမြင့်မဟုတ်တဲ့ ဒေါက်ဖိနပ်ကြီးကိုစီးပြီး catwalk ကိုကျွမ်းကျင်စွာလျှောက်ပြနေတဲ့ video file ကို အရင်တုန်းက social media မှာစသတိထားမိသွားပြီးသိလာတာ။

သူ့ Instagram ကို follow ထားတာဆို ၃ နှစ်ရှိပြီ။ သူ့ video တွေကြည့်လိုက်တိုင်းစိတ်ထဲပျော်သွားလို့ အရမ်းချစ်တယ်။”

“သူငယ်ငယ်တုန်းက သူ့မိဘတွေက သူ့ကို gay ဖြစ်နေလို့ဆိုပြီး အိမ်ပေါ်ကနေနှင်ချခဲ့တော့ ၁၈ လလောက်လမ်းပေါ်မှာပဲနေခဲ့ရပြီး ပလက်စတစ်ဗူးတို့ ဘာတို့တွေ လိုက်ကောက် စုဆောင်းရောင်းစားရင်း အသက်ဆက်ရှင်ခဲ့ရတယ်။ နောက်ပိုင်းမှ London မှာနေနေတဲ့ သူ့အစ်မက သူနဲ့လာနေဖို့ပြောတော့မှ London မှာ ၇ နှစ်လောက်သွားနေခဲ့ဖြစ်ရင်း အိမ်အကူတောင်လုပ်ပြီး အလုပ်ရှင်ရဲ့ psychical abuse လုပ်တာခံခဲ့ရတယ်။”

“သူရဲ့ talent ကိုပြောရမယ် ဆိုရင်တော့ သူ့ရဲ့ Catwalk skills ကအကြမ်းကြီး သူကပရဟိတစိတ်လည်း အလွန်ထက်သန်တဲ့ သူတစ်ယောက်ပါ။ သူ့အစ်မအတွက်လည်း ကျောက်ကပ်တစ်ခြမ်း လှူပေးထားတာပါ။ ၁၀ လက်မအမြင့်ရှိတဲ့ high heels ကြီးနဲ့ catwalk လျှောက်ရင်း ပိုက်ဆံရှာပြီး homeless တွေကိုထောက်ပံ့ပေးနေတဲ့သူပါ။ သူရတဲ့ပိုက်ဆံတွေနဲ့ donate လုပ်ထားတာတွေမှ အများကြီးပဲ”

“Philippines က နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့လည်း အလုပ်တွဲလုပ်သူပါ။ သူ့ကို ‘The King Of Catwalk’ ဆိုပြီး တစ်ကမ္ဘာလုံးကတောင်သိတဲ့ worldwide fame ကိုပိုင်ဆိုင်ထားတဲ့လူပါ။ သူလိုလူကိုယ့်နိုင်ငံလာတာကို ကိုယ်ကတော့ကျေးဇူးတောင်တင်သေးတယ်။ သူ့ကြောင့်ကိုယ်တွေမြန်မာနိုင်ငံကိုတစ်ကမ္ဘာလုံးကသူ့ followers တွေသိလာကြမှာ ချစ်တယ် ” ဆိုပြီး မျှဝေပြောပြထားပါတယ်။

ပတ်ထရစ်ရှာကတော့ သူမခချစ်တဲ့ Sinon Loresca ကို အပြင်မှာ ဆုံတွေ့ခဲ့ပြီး Sinon Loresca အတွက် လက်ဆောင်တွေလည်း ပေးခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာပြောတဲ့ Sinon Loresca ရဲ့ ဘဝဇာတ်ကြောင်းကိုသိပြီး Sinon Loresca ကို အရင်ကထက်တောင် ပိုချစ်သွားမယ် ထင်ပါတယ်နော်။

Rowena
Source: Sue Sha Naing’s fb