ထပ္ဆင့္အကယ္ဒမီဒိတ္ဒိတ္ႀကဲ (၄)ေယာက္ ထိပ္တိုက္ေတြ႕ဆံုမယ့္ ညစ္တြန္း ရုပ္ရွင္ဇာတ္ကားႀကီး

” ညစ္တြန္း ” ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ သရုပ္ေဆာင္ဒါရုိက္တာ လူမင္းကိုယ္တိုင္ရုိက္ကူးထားတာျဖစ္ၿပီး ပါဝင္တဲ့အနုပညာရွင္ေတြကေတာ့ ဝါရင့္သရုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီဆုပိုင္ရွင္ေတြျဖစ္ၾကတဲ့ ေျပတီဦး ၊ အိျႏၵာေက်ာ္ဇင္ ၊ ခိုင္သင္းၾကည္တို႕အျပင္ လူမင္းကိုယ္တိုင္လည္းပါဝင္သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ဝါရင့္သရုပ္ေဆာင္ေတြအျပင္ အလွမယ္ ကေန သရုပ္ေဆာင္ အျဖစ္ကူးေျပာင္းလာတဲ့ ထက္ထက္ထြန္းလည္း ပါဝင္ထားတာပဲ ျဖစ္ပါတယ္။ အမိုက္စားေတြေပါင္းစပ္ထားတဲ့ကားေကာင္းတစ္ကားလို႕ ဆိုရမွာပါေနာ္။

” ညစ္တြန္း ” ရုပ္ရွင္ဇာတ္ကားႀကီးမွာ ေျပတီဦးကေတာ့ ” စိုးရကိုကို ” ဆိုတဲ့ ဇာတ္ေကာင္နဲ႕ ပါဝင္မွာ ျဖစ္ၿပီး လူမင္းကေတာ့ ” ေဇာ္ထက္ ” ဆိုတဲ့ Taxi ကားဆရာ တစ္ေယာက္ အျဖစ္ပါဝင္ထားတာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ကေတာ့ ” နႏၵာ ” ဆိုတဲ့ ဇာတ္ေကာင္နဲ႕ ပါဝင္မွာ ျဖစ္ၿပီး အိျႏၵာေက်ာ္ဇင္ကေတာ့ လူမင္းရဲ႕ ဇနီး ” ခင္သက္ေဝ” ဆိုတဲ့ ေက်ာင္းဆရာမေလးအျဖစ္ ပါဝင္ထားတယ္လို႕ သိရပါတယ္။ ညစ္တြန္းဆိုတဲ့ဇာတ္ကားႀကီးကို ပရိသတ္ေတြက အထူးစိတ္ဝင္စားေနတာ ျဖစ္ၿပီး သရုပ္ေဆာင္ပိုင္ႏုိင္လြန္းလွတဲ့ သူေတြပဲ ပါဝင္မွာေၾကာင့္ တင္ျပမႈေတြ ဆန္းသစ္ၿပီး ပရိသတ္ေတြအတြက္ Message ေကာင္းေကာင္းေတြဖန္တီးေပးမယ့္ ကားတစ္ကားလို႕ ဆိုရမွာပါ။

လြန္ခဲ့တဲ့ (၁၀) နွစ္ေလာက္က အိႏၵိယမွာ ရုိက္ကူးခဲ့တဲ့ ရုပ္ရွင္ကားတစ္ကားရဲ႕ ဇာတိညႊန္းကို တရားဝင္ခြင့္ျပဳခ်က္နဲ႕
တရားဝင္ဝယ္ယူၿပီး ရုိက္ကူးထားတယ္လို႕ သိရပါတယ္။ျမန္မာႏုိင္ငံကဇာတ္ညႊန္းေတြက နည္းနည္း အားနည္းတယ္လို႕ ထင္တဲ့အတြက္ အိႏၵိယက ဇာတ္လမ္းဇာတ္ညႊန္းေတြရဲ႕ အားေကာင္းမႈေတြကို ေလ့လာတဲ့သေဘာနဲ႕ရုိက္ကူးခဲ့တယ္လို႕ သိရပါတယ္။

ဘဝသမားေတြရဲ႕ ေန႕စဥ္လႈပ္ရွားမႈေတြအျပင္ ေန႕စဥ္လႈပ္ရွားေနၾကတဲ့ လူေတြအကုန္လံုးက စိတ္ညစ္စရာေတြ လူတိုင္းလူတိုင္းႀကံဳေတြ့ေနရတာေၾကာင့္ စိတ္ညစ္စရာေတြၾကံုေနလည္းပဲ ညစ္တြန္းတြန္းကာ အသက္ရွင္ေနထိုင္ၾကတဲ့ လူေတြ အေၾကာင္းကို အေျခခံကာ ရုိက္ကူးထားတာေၾကာင့္ ပရိသတ္ေတြ ၾကည့္ရတာ တန္ဖိုးရွိမယ့္ကားတစ္ကားပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း စက္တင္ဘာ (၁၉)ရက္ေန႕မွာ ျပသေတာ့မယ့္ ” ညစ္တြန္း ” ရုပ္ရွင္ဇာတ္ကားႀကီးကို ၾကည့္ရွဴ႕ ဖို႕ အဆင္သင့္ျဖစ္ၿပီလား ပရိသတ္ႀကီး…..။

Source:” ညစ္တြန္း ” ရုပ္ရွင္ဇာတ္ကားႀကီး
Shwe Poe – CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ထပ်ဆင့်အကယ်ဒမီဒိတ်ဒိတ်ကြဲ (၄)ယောက် ထိပ်တိုက်တွေ့ဆုံမယ့် ညစ်တွန်း ရုပ်ရှင်ဇာတ်ကားကြီး ”

” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ သရုပ်ဆောင်ဒါရိုက်တာ လူမင်းကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး ပါဝင်တဲ့အနုပညာရှင်တွေကတော့ ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင်တွေဖြစ်ကြတဲ့ ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည်တို့အပြင် လူမင်းကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်တွေအပြင် အလှမယ် ကနေ သရုပ်ဆောင် အဖြစ်ကူးပြောင်းလာတဲ့ ထက်ထက်ထွန်းလည်း ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ အမိုက်စားတွေပေါင်းစပ်ထားတဲ့ကားကောင်းတစ်ကားလို့ ဆိုရမှာပါနော်။

” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦးကတော့ ” စိုးရကိုကို ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်မှာ ဖြစ်ပြီး လူမင်းကတော့ ” ဇော်ထက် ” ဆိုတဲ့ Taxi ကားဆရာ တစ်ယောက် အဖြစ်ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ ” နန္ဒာ ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်မှာ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ လူမင်းရဲ့ ဇနီး ” ခင်သက်ဝေ” ဆိုတဲ့ ကျောင်းဆရာမလေးအဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။ ညစ်တွန်းဆိုတဲ့ဇာတ်ကားကြီးကို ပရိသတ်တွေက အထူးစိတ်ဝင်စားနေတာ ဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်လွန်းလှတဲ့ သူတွေပဲ ပါဝင်မှာကြောင့် တင်ပြမှုတွေ ဆန်းသစ်ပြီး ပရိသတ်တွေအတွက် Message ကောင်းကောင်းတွေဖန်တီးပေးမယ့် ကားတစ်ကားလို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က အိန္ဒိယမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတိညွှန်းကို တရားဝင်ခွင့်ပြုချက်နဲ့
တရားဝင်ဝယ်ယူပြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံကဇာတ်ညွှန်းတွေက နည်းနည်း အားနည်းတယ်လို့ ထင်တဲ့အတွက် အိန္ဒိယက ဇာတ်လမ်းဇာတ်ညွှန်းတွေရဲ့ အားကောင်းမှုတွေကို လေ့လာတဲ့သဘောနဲ့ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဘဝသမားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေအပြင် နေ့စဉ်လှုပ်ရှားနေကြတဲ့ လူတွေအကုန်လုံးက စိတ်ညစ်စရာတွေ လူတိုင်းလူတိုင်းကြုံတွေ့နေရတာကြောင့် စိတ်ညစ်စရာတွေကြုံနေလည်းပဲ ညစ်တွန်းတွန်းကာ အသက်ရှင်နေထိုင်ကြတဲ့ လူတွေ အကြောင်းကို အခြေခံကာ ရိုက်ကူးထားတာကြောင့် ပရိသတ်တွေ ကြည့်ရတာ တန်ဖိုးရှိမယ့်ကားတစ်ကားပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း စက်တင်ဘာ (၁၉)ရက်နေ့မှာ ပြသတော့မယ့် ” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှူ့ ဖို့ အဆင်သင့်ဖြစ်ပြီလား ပရိသတ်ကြီး…..။

Source:” ညစ်တွန်း ” ရုပ်ရှင်ဇာတ်ကားကြီး
Shwe Poe – CeleGabar