



Source: Myo Minn Soe

NORA – CeleGabar

(Unicode ဖြင့်ဖတ်ရန်)

ရွှေအစစ်နဲ့လုပ်ထားတဲ့ ထိုင်မသိမ်းလေးနဲ့ တော်ဝင်နန်းဆန်စွာ လှနေကြတဲ့ မအေးသောင်းနဲ့ နန်းစု

အနုပညာလောကကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ နန်းဆန်တဲ့ မင်းသမီးချောလေးဖြစ်တဲ့ မအေးသောင်းကတော့ ကိုကို မောင်မောင်တွေရဲ့ ဝန်းရံအားပေးမှုတွေကိုများစွာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ပထမဦးဆုံးပြန်လည် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတင်အောင်မြင်မှုတွေကို ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့သူလေးပါ။ နာမည်လေးနဲ့ လိုက်အောင် နန်းဆန်လှတဲ့ နန်းစုကလည်း အမာခံပရိသတ်တွေနဲ့ အလားတူ အောင်မြင်မှုတွေကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။

လှပကျော့ရှင်းတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ အသွင်အပြင်လေးတွေကြောင့် နှစ်ယောက်လုံးက ထူးခြားတဲ့ အလှကိုယ်စီနဲ့ ပရိသတ်တွေကြားမှာ ထင်ပေါ်နေတဲ့ သူတွေဖြစ်ပါတယ်။ မအေးသောင်းရဲ့ အလှက တည်ငြိမ်ရင့်ကျက်တဲ့ မမတစ်ယောက်ကဲ့သို့ ပရိသတ်ရဲ့ ရင်ကို ကြည်လင်အေးမြစေတဲ့ ခံစားမှုကို ပေးနိုင်သလို နန်းစုရဲ့ အလှကလည်း ကလေးတစ်ယောက်လို ချစ်စရာကောင်းပြီး ငေးမောရလောက်အောင် လှတဲ့ အလှမျိုးကို ပိုင်ဆိုင်သူလေးပါ။

ယခုတစ်ခေါက်မှာတော့ မြန်မာဆန်စွာနဲ့ ကိုယ်ရောင်တောက်ပစွာ တော်ဝင်နန်းဆန်တဲ့ မအေးသောင်းနဲ့ နန်းစုတို့ရဲ့ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေထိုင်မသိမ်းလေးနဲ့ အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ မအေးသောင်းနဲ့ အဝါရောင် ဝတ်စုံလေးကို ဆင်မြန်းထားတဲ့ နန်းစုတို့ မင်းသမီးနှစ်ယောက်ရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။