You are here
Home > အနုပညာ > လေဖြတ်ထားတဲ့ ဦးကမ္ဘာကျော်ကို အိမ်အထိသွားပြီး အလှူငွေကန်တော့ခဲ့တဲ့ ခင်လှိုင်ရဲ့Live ဗီဒီယို

လေဖြတ်ထားတဲ့ ဦးကမ္ဘာကျော်ကို အိမ်အထိသွားပြီး အလှူငွေကန်တော့ခဲ့တဲ့ ခင်လှိုင်ရဲ့Live ဗီဒီယို

ဟာသအနုပညာရှင်တွေဆိုသည်မှာ ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေကို ဆောင်ကျဉ်းပေးသူတွေမို့ ချစ်ရတဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ အမြဲအမှတ်တရရှိနေကြမယ့် လူသားတွေပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလို့ အနုပညာအလုပ်တွေကို ဝါသနာပါလျှက်နဲ့ မလုပ်နိုင်တော့တဲ့ လူရွှင်တော်တွေလည်း ထုနဲ့ထေးပါပဲ။

အနုပညာရှင်အချင်းချင်း သတိတရနဲ့ ကူညီဖေးမတတ်တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ အသက်အရွယ်ကြီးလို့ ကျန်းမာရေးမကောင်းတော့တဲ့ ဟာသအနုပညာရှင်တွေကို လစဉ်လတိုင်း အလှူငွေတွေစုပြီး သွားရောက်ကူညီလေ့ရှိတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ ခင်လှိုင်က လေဖြတ်ထားတဲ့ ဦးကမ္ဘာကျော်ကို ရွှေပြည်သာ အိမ်အထိသွားပြီး အလှူငွေကန်တော့ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာကြောင့် ပရိသတ်တွေအားလုံး ပီတိဖြစ်နေရတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပေးကမ်းလှူဒါန်းသူတပည့်နဲ့ လက်ခံရယူသူဆရာတို့နှစ်ဦးရဲ့ကြည်နူးစရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်လှိုင်ကတော့ “ကျွန်တော်လေးစားချစ်ခင်ရသော ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ ဇ၀န ဖေါင်ဒေးရှင်းရဲ့ သက်ကြီးဟာသပညာရှင်ကြီးများကျမ္မာရေးစောင့်ရှောက်ရန်အတွက်
ရန်ကုန် မန္တလေး မြို့မှ ၆၅ နှစ်ပြည့်ပြီးသော သက်ကြီးဟာသပညာရှင်ကြီးများကိုလစဉ်မဲစနစ်ဖြင့်လှူဒါန်းခဲ့တာ ၇ ကြိမ်တိုင်ခဲ့ပါပြီ ၁. ၉.၂၀၁၉ နေ့က မဲနှိုက်ရွေးခြယ်ခဲ့ရာ ရန်ကုန်မြို့မှ လူရွှင်တော်ကြီး ဦးကမ္ဘာကျော် ကံထူးခဲ့ပါတယ်

ဟာသပညာရှင်ကြီး ဦးကမ္ဘာကျော်ဟာ လွန်ခဲ့သောနှစ်လကမှလေဖြတ်ဝေဒနာကိုခံစားနေရသူဖြစ်ပါတယ် အလှူရှင်ကြီးများကိုကျေးဇူးတင်ဂုဏ်ပြု တင်ပြအပ်ပါတယ်ခင်ဗျာ ပါဝင်လှူဒါန်းလိုသူများ 095501366 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ” ဆိုပြီး ပရိသတ်တွေကို ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

ဟာသပညာရှင်ကြီး ဦးကမ္ဘာကျော်ကို အလှူငွေသွားရောက်ပေးအပ်ခဲ့တဲ့ ခင်လှိုင်ရဲ့ဗီဒီယိုလိုအပ်တဲ့နေရာတွေမှာ လူမှုကူညီရေးအလုပ်တွေကို အားကြိုးမာန်တက်လုပ်လေ့ရှိတဲ့ ခင်လှိုင်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး အောင်မြင်မှုတွေ တိုးလာသူတစ်ဦးဆိုလည်း မမှားပါဘူး။

ဒီနေ့ခေတ်လူငယ်တွေနဲ့ ရွယ်တူသရုပ်ဆောင်လို့ရတဲ့အထိကို နုပျိုလွန်းတဲ့ ခင်လှိုင်ကတော့ ပျော်ပျော်နေတတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခင်လှိုင်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ဆက်ဆံရေးလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint MyatSource;Khin Hlaing’s Facebook

Top
//whoursie.com/4/3018672