
ပရဟိတသမားတွေ သူ့ဘာသာ ပြည့်စုံလာရင် အလှူငွေ အလွဲသုံးစားလုပ်သလို ရေးကြတဲ့အခါ သိပ်နာကျင်ရပါတယ်။ နာမည်လည်းတပ်မပြောကြပါဘဲ စွပ်စွဲရေးသားကြတဲ့အခါ ရှင်းရှင်းသန့်သန့်လုပ်သူတွေ ထိခိုက်ပါတယ်။
အတုတွေကို ဖယ်ရှားဖို့ ကျွန်မတို့မှာ လုပ်ပိုင်ခွင့်အာဏာမရှိပါဘူး။ ဒီတော့ စော်ကားကြသမျှ အံကြိတ်ကြရုံပါပဲ။ အချင်းချင်းစော်ကားရေးသားကြတာ မြင်ရင် လောက်တွေ ထိုင်ကြည့်ရသလို ပိုရွံပါတယ်။
မကောင်းသူကို ဖယ်တယ်ဆိုရင် နာမည်တပ်ပြီး ဖယ်ကြပါ။ ဟိုသူလိုလို ဒီသူလိုလိုတွေက ရေးပြီး ကိုယ်က တကယ့်သမာသမတ်သမားလို နေရာယူပြတာ စိတ်အားထက်သန်သူတွေကို ရိုက်ချိုးနေသလိုပါပဲ။
ဘယ်တော့မှ ဝင်ပြောလေ့မရှိပေမယ့် ပြောရင်လည်း အားနာတတ်သူမဟုတ်တဲ့ ခင်နှင်းကြည်သာဆိုတာ ဟောဒီက မုဆိုးတစ်ပိုင်းမိန်းမရိုင်း နာမည်ပါပဲ။ ဒီနေ့လည်း တစ်ယောက်ကို ရေးခဲ့ပါတယ်။
“လူတိုင်းမရိုးဖြောင့်တာကို လက်ခံပါတယ်။ ဒါပေမယ့် သူဘာစီးပွားရေးလုပ်သလဲဆိုတာ သူ့ပတ်ဝန်းကျင်အထိ သွားရောက်လေ့လာမှသာ ဖြစ်မှာပါ။ ဥပမာ ကျွန်မဆိုရင် ကျွန်မအကောင့်က
ပရဟိတကိစ္စရပ်တွေနဲ့ တခြားသော ကိစ္စရပ်များသာ တင်ဖို့ထားပါတယ်။ ကိုယ့်စီးပွားရေး၊ အလုပ်ကိစ္စ၊ ဝင်ငွေထွက်ငွေတွေကို တင်လေ့မရှိပါဘူး။ ဘယ်စီးပွားရေးသမားမှလည်း မတင်ပါဘူး။
ဒီလိုမတင်လို့ လူမမြင်တိုင်း သူအလုပ်မလုပ်ဘူးလို့ ပြောလို့မရပါဘူး။ ကိုယ်မသိတာသာလျင်ဖြစ်ပါတယ်။
နောက်တစ်ခုက ပရဟိတအစစ်မှန်ဆိုတာ နေ့ရောညပါ နေ့ရက်တိုင်းအချိန်ပေးလုပ်နေစရာမလိုအပ်ပါဘူး။ ဒီတော့ ကျန်တဲ့အချိန်တွေမှာ သူ့ဘဝသူ ကြိုးစားပိုင်ခွင့်ရှိပါတယ်။ ဒီလိုကြိုးစားသူတိုင်း
အသီးပွင့်ကို ခံစားနိုင်ပါတယ်။ ပရဟိတသမားတစ်ယောက် ပြည့်စုံနေတိုင်း အလှူငွေတွေ အလွဲသုံးနေတယ်လို့ မြင်တာ ကာယကံရှင်ကို ဘာမှမထိခိုက်ပေမယ့် သီလကောင်းတဲ့သူကို
မှားယွင်းထိခိုက်မိရင်တော့ ပြစ်မှားသူ ပိုထိပါတယ်။
နောက်တစ်ခုက သူ့နောက်က မိသားစုပါ။ ကျွန်မ မိသားစုနဲ့ ထပ်ပဲ နှိုင်းယှဉ်ပါမယ်။ ကျွန်မက လွန်ခဲ့သော ၁၃ နှစ်က ပရဟိတစလုပ်ပါတယ်။ လိုတဲ့ လမ်းစရိတ်အသုံးစရိတ်ကို
မိဘက ထောက်ပံ့ပါတယ်။ နောက်အလုပ်ကနေရတဲ့ လခကို သုံးပါတယ်။ နောက်ပိုင်း အိမ်ထောင်ကျတော့ အိမ်ထောင်ဘက်ရှာတဲ့ဝင်ငွေနဲ့တင် ကျွန်မ အေးအေးဆေးဆေး ပရဟိတလုပ်နေလို့ရပါတယ်။
ပြည့်စုံအောင်လည်း သူက ထားပေးပါတယ်။ ဒါကို အလုပ်မလုပ်ဘဲ ပရဟိတဘဲလုပ်နေတယ်။ ပြည့်စုံနေတယ်။ ဒါဆို အလှူငွေတွေ ဘုန်းနေတယ်လို့ ပြောရင် တစ်ခုလေးပါပဲ။
အချိန်အားရင် သိချင်တဲ့အဖွဲ့တွေရဲ့ အလှူငွေရသုံးစာရင်းတွေ စစ်ဆေးလို့ရပါတယ်။ မပြနိုင်တဲ့အဖွဲ့မှသာ နာမည်တပ်ပြီး ပြောကြပါ။ ပရဟိတသမားတွေရယ်လို့ လုံးပြီး မပြောစေချင်ပါဘူး။
အားလုံးက ကိုယ့်သိက္ခာ၊ ကိုယ့်မိသားစု သိက္ခာနဲ့ရင်းပြီး ကိုယ့်အတွက် ဘာမှမရဘဲ စေတနာတစ်ခုတည်းနဲ့ လုပ်ပေးနေလို့ပါပဲ။ ကျွန်မက တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်ဥက္ကဋ္ဌ မခင်နှင်းကြည်သာပါ။ ကျွန်မအဖေက စာရေးဆရာကြည်မင်းပါ။”
ဘာကိုမှ ထပ်မပြောချင်လောက်အောင် စိတ်ရှုပ်ရပါတယ်။ ကျွန်မတို့ လက်ထဲ ငွေသိန်းရာချီပါတယ်။ မရှုပ်ထွေးရအောင်၊ မမှားရအောင် ဂရုစိုက်ရတာ တစ်ဖက်၊ စာရင်းလုပ်ရတာတစ်ဖက်၊
အကြောင်းပြန်ရတာတစ်ဖက်။ လုပ်ငန်းက တိကျသေချာတဲ့ နေရာဆီရောက်ဖို့ အချက်အလက်စုဆောင်းရတာတစ်ဖက်။ လုပ်ပိုင်ခွင့်အာဏာမရှိဘူး။ နယ်ပယ်က မကျယ်ပြန့်ဘူး။ ဥပဒေပေါင်းများစွာ၊
ထောင်ချောက်ပေါင်းများစွာကို ရှောင်ရှားရတာက တစ်ဖက်။ အဆဲခံရတာကို ကြံ့ကြံ့ခံရတာတစ်ဖက်။ အချင်းချင်းစောင်းမြောင်းနေတာကို အံတုရတာက တစ်ဖက်။ စိတ်ထဲမထားနဲ့
ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတာ အပြောလွယ်ပေမယ့် မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာက တစ်ဖက်၊ ဒီဘက်က အဆဲခံရတာကို အံတုပြီး ကိုယ်နိုင်တာလေး ကူညီရတာက
တစ်ဖက်။ မလွယ်ပါဘူး။ မလွယ်ပေမယ့် နိုင်သလောက်ကြိုးစားလျက်ပဲ။ ဒါပါပဲ။
ခင်နှင်းကြည်သာ
လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
The post ပရဟိတသမားများ အလှူငွေ အလွဲသုံးစားလုပ်သလို ရေးကြတဲ့ကိစ္စ ခင်နှင်းကြည်သာ ပြောပြီ appeared first on VPS – Shweman Online Media.