Unicode Version
ရင်သားအကျိတ် နှင့် အနာကို စိန်ခေါ်လိုက်တဲ့ “ဆေးဘက်ဝင် စေတီဂမုန်း”
“ဆေးဘက်ဝင် စေတီဂမုန်း(ရင်သားအကျိတ် နှင့် အနာ)”
ဦးစွာစေတီဂမုန်းပင်အကြောင်းပြောပါမည်။ဂမုန်းဝါသနာပါသူများ စိုက်ပျိုးသည်။စေတီအမည်ဖြစ်နေ၍တချို့စိုက်ကြသည်။ပင်စည်က ဖေါင်းဖေါင်းရိုးတန်ရှည်ရွက်တွန့် မျိုးဖြစ်သည်စေတီပုံဖြင့်တူနေသဖြင့် စေတီဂမုန်းဟုခေါ်ကြသည်တခုျို့က တပင်ရွှေထီးဟုလည်းခေါ်သည်။စေတီဂမုန်း၏ထူးခြားချက်ကဥလိုထင်ရသည့်ပင်စည်ဖြစ်သည်။
ပင်စည်ကိုမြေမြှု တ်ထားပါက ထိပ်မှအတက်ထွက်ကာ အရွက်များထွက်လာပြီး ပင်စည်ဖေါင်းဖေါင်းကြီးဖြစ်သွားသည်။နွေရာသီတွင် အရွက်များခြောက်သွားပြီးစေတီပုံ ပင်စည်တွေဖြစ်နေသည်။နွေရာသီတွင် ရေလောင်းစရာမလိုပါ။
ဆေးဘက်ဝင်ပုံရင်သားတဝိုက် နို့ အကျိတ်များအနာပေါက်အဖုအကျိတ်များအားလုံး ပျောက်ကင်းသည်။ကုသပုံကတော့အကျိတ်အနာများ၏ အနာဝအားချန်လှပ်ပြီး အရွက်ကိုမီးအုံပေးကာ အုံပေးခြင်းဖြင့် ကိုက်ခဲခြင်း နာကျင်ခြင်းများအတွက် နာရီပိုင်းအတွင်း သက်သာသွားသည်။ရင်သားအကျိတ်အနာသည်ကင်ဆာအကျိတ်ကိုဆိုလိုခြင်းမဟုတ်ပါ။ကင်ဆာအကျိတ်က အများအားဖြင့်နာကျင်မှု မရှိပါအကျိတ်အနာက စဖြစ်ကတည်းက နာကျင်သည်။
Credit: ဆေးနည်း ဦးဘရှင်
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ