ဆာကူရာေဆး႐ုံတြင္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးေသဆံုးမႈႏွင့္ပတ္သက္၍ နစ္နာေၾကး သိန္း ၁ ေသာင္းခြဲရလိုမႈျဖင့္ ေဆး႐ုံအုပ္ႏွင့္ သားဖြားမီးယပ္ဆရာဝန္ကို တရားစြဲဆိုထား

zawgyi

ရန္ကုန္ၿမိဳ႕ရွိ ဆာကူရာပုဂၢလိက အထူးကုေဆး႐ံုတြင္ ၿပီးခဲ့သည့္ ဧၿပီလအတြင္း ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးတဦးေသဆံုးခဲ့မႈႏွင့္ပတ္သက္၍ ေသဆံုးသူ၏ခင္ပြန္းျဖစ္သူက ေဆး႐ုံအုပ္ႏွင့္ သားဖြားမီးယပ္ ဆရာဝန္တို႔အား နစ္နာေၾကးသိန္း ၁ ေသာင္းခြဲရလိုမႈျဖင့္ တရားစြဲဆိုထားေၾကာင္း သိရသည္။

၎၏ဇနီး ေဒၚေအးသႏၱာဝင္းသည္ မီးယပ္ႏွင့္သားဖြားအထူးကုဆရာဝန္ ေဒၚျမပြင့္ျဖဴထံ ဗိုက္အပ္ျပသထားခဲ့ ေၾကာင္း၊ ကိုယ္ဝန္ငါးပတ္ခန္႔တြင္ သေႏၶသားဆက္လက္မႀကီးထြားေတာ့သည့္အတြက္ ဧၿပီ ၂၂ ရက္တြင္ သားအိမ္ျခစ္ခဲ့ေၾကာင္း၊ ယင္းသို႔ သားအိမ္ျခစ္ၿပီးေနာက္ ႏွစ္ရက္အၾကာ ဧၿပီ ၂၂ ရက္တြင္ ဇနီးသည္ဆံုးပါးသြား ခဲ့ေၾကာင္း တရားလိုျဖစ္သူ ဦးသီဟကိုကိုက ေျပာသည္။
ထို႔အတြက္ ဦးသီဟကိုကိုက ေဆး႐ံုအုပ္ေဒါက္တာၿဖိဳးေဝလင္းႏွင့္ အထူးကု ဆရာဝန္ ေဒၚျမပြင့္ျဖဴတို႔ကို ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္၌ တရားစြဲဆိုထားၿပီး စက္တင္ဘာ ၄ ရက္တြင္ ၄ ႀကိမ္ေျမာက္ ႐ံုးခ်ိန္းကို စစ္ေဆးခဲ့သည္။

ဦးသီဟကိုကိုက မိမိအေနျဖင့္ တရားစြဲဆိုရန္ဆႏၵမရွိခဲ့ဘဲ လူမႈကြန္ရက္တြင္သာ အမ်ဳိးသမီးေသဆံုးသည့္ အေၾကာင္းကိုမွ်ေဝခဲ့ျခင္းသာျဖစ္ေၾကာင္း၊ ယင္းသို႔ျပဳလုပ္ခဲ့ေသာ္လည္း ေဆး႐ံုဘက္မွ လူမႈေရးအရ တစံုတရာ အေၾကာင္းျပန္ၾကားမႈမရွိခဲ့သည့္အတြက္ ေဆး႐ံုသို႔စာပို႔ခဲ့ေၾကာင္း၊ ယင္းသို႔ စာပို႔ခဲ့ေသာ္လည္း ေက်နပ္ေလာက္ သည့္ေတာင္းပန္မႈ တစံုတရာမျပဳခဲ့သည့္အတြက္ မိမိအေနျဖင့္ တရားစြဲဆိုရျခင္းျဖစ္ေၾကာင္း ေျပာသည္။

”ေဆး႐ံုကို ကြၽန္ေတာ္အေနနဲ႔ေတာင္းဆိုတာ အမ်ားႀကီး မဟုတ္ပါဘူး။ သူတို႔မွားယြင္းစြာကုသခဲ့မိပါတယ္ဆိုတဲ့ ေတာင္းပန္မႈမ်ဳိး အဲဒါကိုပဲေတာင္းဆိုတာပါ။ ဒါေပမဲ့ သူတို႔ဘက္က ကြၽန္ေတာ္ေက်နပ္ေအာင္ တစံုတရာ ေတာင္းပန္ျခင္းမျပဳတဲ့အတြက္ အခုလိုတရားစြဲဆိုျခင္းျဖစ္ပါတယ္။ တရားစြဲဆိုတာကေတာ့ ဆာကူရာ ေဆး႐ံုအုပ္ ေဒါက္တာၿဖိဳးေဝလင္းနဲ႔ ေဒါက္တာျမပြင့္ျဖဴရယ္ကို စြဲဆိုတာပါ” ဟု ၎ကေျပာသည္။

ဇနီးျဖစ္သူ ကိုယ္ဝန္ရၿပီး ေလးပတ္အၾကာတြင္ ေဒါက္တာျမပြင့္ျဖဴထံ ကိုယ္ဝန္အပ္ခဲ့ေၾကာင္း၊ ဆရာဝန္မွ တလခြဲျခားၿပီးခ်ိန္းဆိုခဲ့ေသာ္လည္း ဇနီးျဖစ္သူမွာ ေသြးဆင္းသည့္အတြက္ ဧၿပီ ၁၈ ရက္တြင္ ဆရာဝန္ထံ ျပန္လည္ျပသခဲ့ေၾကာင္း၊ ထိုသို႔ ျပသခ်ိန္တြင္ သေႏၶသားမွာကိုယ္ဝန္ငါးပတ္တြင္ ဆက္လက္မႀကီးထြားေတာ့ သည့္အတြက္ သေႏၶမေအာင္ဘဲ သားအိမ္ျခစ္ရမည္ဟုေျပာဆိုသည့္အတြက္ ဧၿပီ ၂၂ ရက္တြင္ ဆာကူရာ ေဆး႐ုံ၌ သားအိမ္ျခစ္ခဲ့ေၾကာင္း၊

ဧၿပီ ၂၃ ရက္ နံနက္ပိုင္းတြင္ ေဒါက္တာျမပြင့္ျဖဴက လာေရာက္ ၾကည့္႐ႈခဲ့ၿပီးေနာက္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆရာဝန္ထံလႊဲအပ္ခဲ့ေၾကာင္း၊ လူနာမွာ ေသြးေပါင္းခ်ိန္ အလြန္အမင္းက်ဆင္းေနေသာေၾကာင့္ ခြဲစိတ္ရန္မျဖစ္ႏိုင္သည့္အတြက္ အထူးၾကပ္မတ္ေဆာင္တြင္ လႊဲေျပာင္းကုသမႈခံယူခဲ့ရေၾကာင္း၊ ဧၿပီ ၂၄ ရက္တြင္ ဇနီးသည္ဆံုးပါးသြားခဲ့ျခင္းျဖစ္ေၾကာင္း ဦးသီဟကိုကိုက ေျပာသည္။

အမႈႏွင့္ပတ္သက္၍ ဆာကူရာေဆး႐ံုအုပ္ေဒါက္တာၿဖိဳးေဝလင္းႏွင့္ ေဒါက္တာျမပြင့္ျဖဴတို႔၏ေရွ႕ေန တရားလႊတ္ေတာ္ေရွ႕ေနဦးေအာင္ေဇာ္မင္းက ”တရားလို ဦးသီဟကိုကိုက သူ႕ဇနီး ဒီေဆး႐ံုမွာေသ ဆံုးရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေပါ့ေပါ့ဆဆေဆာင္ရြက္တယ္ေပါ့။ ဒီလုိစြပ္စြဲၿပီးေတာ့ ဒီတရားလႊတ္ေတာ္မွာ တရားစြဲထားတယ္။ ဒီလုိေပါ့ဆစြာေဆာင္ရြက္တဲ့အတြက္ က်ပ္သိန္းေပါင္း တေသာင္းငါးေထာင္ရလိုမႈနဲ႔ တရားစြဲထားတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ သူတို႔ရဲ႕အဆိုကို ကြၽန္ေတာ္တို႔က ဖတ္႐ႈပါတယ္။ အဆိုလႊာကေတာ့ တရားမဥပေဒအရ သူတို႔အဆိုလႊာတခ်ဳိ႕က ထင္ျမင္ခ်က္ေတြ ေပါ့။ အဲဒီအေပၚမွာ ကြၽန္ေတာ့္ေမးခြန္းေပါ့။ ေမးခြန္းဆိုတာက ႏႈတ္နဲ႔ေမးတာမဟုတ္ဘူး။ စာနဲ႔ေမးတာေပါ့။ ေမးခြန္း ၈ ခုေမးထားတယ္။ သူတို႔ဘက္ကေတာ့ ဒီေမးခြန္း ၈ ခုကို ေမးခြင့္မေပးပါနဲ႔လုိ႔ ကန္႔ကြက္ထားတယ္။ လာမယ့္ ၃ဝ ရက္ေန႔ ၁ နာရီမွာေတာ့ ေျဖသင့္၊ မေျဖသင့္အမိ္န္႔ခ်မွတ္ မယ္”ဟု ေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ သားဖြားမီးယပ္အထူးကုဆရာဝန္ ေဒါက္တာျမပြင့္ျဖဴက ၎အေနျဖင့္ လူနာကို အေကာင္းဆံုးကုသေပးခဲ့ေၾကာင္း၊ ကုသမႈကိုေကာင္းမြန္စြာျပဳလုပ္ခဲ့ေၾကာင္း အေထာက္အထားမ်ားရွိေၾကာင္း ႐ုံးခ်ိန္းမွအထြက္တြင္ မီဒီယာမ်ားသို႔ ေျပာၾကားသည္။

”ကြၽန္မကလည္း ကြၽန္မလူနာတေယာက္ကြယ္လြန္သြားတဲ့အတြက္ တကယ္ကိုစိတ္မေကာင္းပါဘူး။ အတတ္ ႏိုင္ဆံုးကိုယ့္ဘက္ကလည္း အေကာင္းဆံုးကုသမႈေပးခဲ့ပါတယ္။ ဒါေပမဲ့ လူနာရွင္ဘက္က အထင္အျမင္ လြဲမွားတယ္။ တရားစြဲဆိုတယ္။ ဒါကို ကြၽန္မတို႔က ဥပေဒေၾကာင္းအရ ရင္ဆိုင္သြားမွာပါ။ ကြၽန္မတို႔မွာ ခိုင္လံုတဲ့အေထာက္အထားနဲ႔ေကာင္း မြန္စြာျပဳလုပ္ေပးခဲ့တယ္ဆိုတဲ့အေထာက္အထားေတြ အားလံုးရွိပါတယ္” ဟု ေျပာသည္။

တရားခံေရွ႕ေနဘက္မွ ေမးျမန္းထားသည့္ေမးခြန္းမ်ားတြင္ ေဆးပညာေဝါဟာရမ်ားပါဝင္သည့္အတြက္ တရားလိုဘက္မွကန္႔ကြက္ထားၿပီး လာမည့္စက္တင္ဘာ ၃ဝ ရက္ ၅ ႀကိမ္ေျမာက္ ႐ုံးခ်ိန္း၌ ၎ေမးခြန္းမ်ားကို ေျဖၾကားခြင့္ျပဳ၊ မျပဳ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။

Unicode

zawgyi

ရန်ကုန်မြို့ရှိ ဆာကူရာပုဂ္ဂလိက အထူးကုဆေးရုံတွင် ပြီးခဲ့သည့် ဧပြီလအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ သေဆုံးသူ၏ခင်ပွန်းဖြစ်သူက ဆေးရုံအုပ်နှင့် သားဖွားမီးယပ် ဆရာဝန်တို့အား နစ်နာကြေးသိန်း ၁ သောင်းခွဲရလိုမှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

၎င်း၏ဇနီး ဒေါ်အေးသန္တာဝင်းသည် မီးယပ်နှင့်သားဖွားအထူးကုဆရာဝန် ဒေါ်မြပွင့်ဖြူထံ ဗိုက်အပ်ပြသထားခဲ့ ကြောင်း၊ ကိုယ်ဝန်ငါးပတ်ခန့်တွင် သန္ဓေသားဆက်လက်မကြီးထွားတော့သည့်အတွက် ဧပြီ ၂၂ ရက်တွင် သားအိမ်ခြစ်ခဲ့ကြောင်း၊ ယင်းသို့ သားအိမ်ခြစ်ပြီးနောက် နှစ်ရက်အကြာ ဧပြီ ၂၂ ရက်တွင် ဇနီးသည်ဆုံးပါးသွား ခဲ့ကြောင်း တရားလိုဖြစ်သူ ဦးသီဟကိုကိုက ပြောသည်။
ထို့အတွက် ဦးသီဟကိုကိုက ဆေးရုံအုပ်ဒေါက်တာဖြိုးဝေလင်းနှင့် အထူးကု ဆရာဝန် ဒေါ်မြပွင့်ဖြူတို့ကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားစွဲဆိုထားပြီး စက်တင်ဘာ ၄ ရက်တွင် ၄ ကြိမ်မြောက် ရုံးချိန်းကို စစ်ဆေးခဲ့သည်။

ဦးသီဟကိုကိုက မိမိအနေဖြင့် တရားစွဲဆိုရန်ဆန္ဒမရှိခဲ့ဘဲ လူမှုကွန်ရက်တွင်သာ အမျိုးသမီးသေဆုံးသည့် အကြောင်းကိုမျှဝေခဲ့ခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ပြုလုပ်ခဲ့သော်လည်း ဆေးရုံဘက်မှ လူမှုရေးအရ တစုံတရာ အကြောင်းပြန်ကြားမှုမရှိခဲ့သည့်အတွက် ဆေးရုံသို့စာပို့ခဲ့ကြောင်း၊ ယင်းသို့ စာပို့ခဲ့သော်လည်း ကျေနပ်လောက် သည့်တောင်းပန်မှု တစုံတရာမပြုခဲ့သည့်အတွက် မိမိအနေဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ပြောသည်။

”ဆေးရုံကို ကျွန်တော်အနေနဲ့တောင်းဆိုတာ အများကြီး မဟုတ်ပါဘူး။ သူတို့မှားယွင်းစွာကုသခဲ့မိပါတယ်ဆိုတဲ့ တောင်းပန်မှုမျိုး အဲဒါကိုပဲတောင်းဆိုတာပါ။ ဒါပေမဲ့ သူတို့ဘက်က ကျွန်တော်ကျေနပ်အောင် တစုံတရာ တောင်းပန်ခြင်းမပြုတဲ့အတွက် အခုလိုတရားစွဲဆိုခြင်းဖြစ်ပါတယ်။ တရားစွဲဆိုတာကတော့ ဆာကူရာ ဆေးရုံအုပ် ဒေါက်တာဖြိုးဝေလင်းနဲ့ ဒေါက်တာမြပွင့်ဖြူရယ်ကို စွဲဆိုတာပါ” ဟု ၎င်းကပြောသည်။

ဇနီးဖြစ်သူ ကိုယ်ဝန်ရပြီး လေးပတ်အကြာတွင် ဒေါက်တာမြပွင့်ဖြူထံ ကိုယ်ဝန်အပ်ခဲ့ကြောင်း၊ ဆရာဝန်မှ တလခွဲခြားပြီးချိန်းဆိုခဲ့သော်လည်း ဇနီးဖြစ်သူမှာ သွေးဆင်းသည့်အတွက် ဧပြီ ၁၈ ရက်တွင် ဆရာဝန်ထံ ပြန်လည်ပြသခဲ့ကြောင်း၊ ထိုသို့ ပြသချိန်တွင် သန္ဓေသားမှာကိုယ်ဝန်ငါးပတ်တွင် ဆက်လက်မကြီးထွားတော့ သည့်အတွက် သန္ဓေမအောင်ဘဲ သားအိမ်ခြစ်ရမည်ဟုပြောဆိုသည့်အတွက် ဧပြီ ၂၂ ရက်တွင် ဆာကူရာ ဆေးရုံ၌ သားအိမ်ခြစ်ခဲ့ကြောင်း၊

ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဒေါက်တာမြပွင့်ဖြူက လာရောက် ကြည့်ရှုခဲ့ပြီးနောက် အစာအိမ်နှင့် အူလမ်းကြောင်းဆရာဝန်ထံလွှဲအပ်ခဲ့ကြောင်း၊ လူနာမှာ သွေးပေါင်းချိန် အလွန်အမင်းကျဆင်းနေသောကြောင့် ခွဲစိတ်ရန်မဖြစ်နိုင်သည့်အတွက် အထူးကြပ်မတ်ဆောင်တွင် လွှဲပြောင်းကုသမှုခံယူခဲ့ရကြောင်း၊ ဧပြီ ၂၄ ရက်တွင် ဇနီးသည်ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း ဦးသီဟကိုကိုက ပြောသည်။

အမှုနှင့်ပတ်သက်၍ ဆာကူရာဆေးရုံအုပ်ဒေါက်တာဖြိုးဝေလင်းနှင့် ဒေါက်တာမြပွင့်ဖြူတို့၏ရှေ့နေ တရားလွှတ်တော်ရှေ့နေဦးအောင်ဇော်မင်းက ”တရားလို ဦးသီဟကိုကိုက သူ့ဇနီး ဒီဆေးရုံမှာသေ ဆုံးရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပေါ့ပေါ့ဆဆဆောင်ရွက်တယ်ပေါ့။ ဒီလိုစွပ်စွဲပြီးတော့ ဒီတရားလွှတ်တော်မှာ တရားစွဲထားတယ်။ ဒီလိုပေါ့ဆစွာဆောင်ရွက်တဲ့အတွက် ကျပ်သိန်းပေါင်း တသောင်းငါးထောင်ရလိုမှုနဲ့ တရားစွဲထားတယ်။ ဒီနေ့ရုံးချိန်းမှာ သူတို့ရဲ့အဆိုကို ကျွန်တော်တို့က ဖတ်ရှုပါတယ်။ အဆိုလွှာကတော့ တရားမဥပဒေအရ သူတို့အဆိုလွှာတချို့က ထင်မြင်ချက်တွေ ပေါ့။ အဲဒီအပေါ်မှာ ကျွန်တော့်မေးခွန်းပေါ့။ မေးခွ

န်းဆိုတာက နှုတ်နဲ့မေးတာမဟုတ်ဘူး။ စာနဲ့မေးတာပေါ့။ မေးခွန်း ၈ ခုမေးထားတယ်။ သူတို့ဘက်ကတော့ ဒီမေးခွန်း ၈ ခုကို မေးခွင့်မပေးပါနဲ့လို့ ကန့်ကွက်ထားတယ်။ လာမယ့် ၃ဝ ရက်နေ့ ၁ နာရီမှာတော့ ဖြေသင့်၊ မဖြေသင့်အမိန့်ချမှတ် မယ်”ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမြပွင့်ဖြူက ၎င်းအနေဖြင့် လူနာကို အကောင်းဆုံးကုသပေးခဲ့ကြောင်း၊ ကုသမှုကိုကောင်းမွန်စွာပြုလုပ်ခဲ့ကြောင်း အထောက်အထားများရှိကြောင်း ရုံးချိန်းမှအထွက်တွင် မီဒီယာများသို့ ပြောကြားသည်။

”ကျွန်မကလည်း ကျွန်မလူနာတယောက်ကွယ်လွန်သွားတဲ့အတွက် တကယ်ကိုစိတ်မကောင်းပါဘူး။ အတတ် နိုင်ဆုံးကိုယ့်ဘက်ကလည်း အကောင်းဆုံးကုသမှုပေးခဲ့ပါတယ်။ ဒါပေမဲ့ လူနာရှင်ဘက်က အထင်အမြင် လွဲမှားတယ်။ တရားစွဲဆိုတယ်။ ဒါကို ကျွန်မတို့က ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာပါ။ ကျွန်မတို့မှာ ခိုင်လုံတဲ့အထောက်အထားနဲ့ကောင်း မွန်စွာပြုလုပ်ပေးခဲ့တယ်ဆိုတဲ့အထောက်အထားတွေ အားလုံးရှိပါတယ်” ဟု ပြောသည်။

တရားခံရှေ့နေဘက်မှ မေးမြန်းထားသည့်မေးခွန်းများတွင် ဆေးပညာဝေါဟာရများပါဝင်သည့်အတွက် တရားလိုဘက်မှကန့်ကွက်ထားပြီး လာမည့်စက်တင်ဘာ ၃ဝ ရက် ၅ ကြိမ်မြောက် ရုံးချိန်း၌ ၎င်းမေးခွန်းများကို ဖြေကြားခွင့်ပြု၊ မပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

Source : News Watch