စကားေျပာယဥ္ေက်းလြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္ျခင္းကို ခံေနရတဲ့ အဆိုေတာ္ ေဇာ္ပိုင္ရဲ႕ သားေလး ေရႊပိုင္

အဆိုေတာ္ ေဇာ္ပိုင္ ကေတာ့ အထူးမိတ္ဆက္ေပးစရာမလိုေလာက္ေအာင္ ပရိသတ္ေတြရင္းနွီးျပီးသားျဖစ္တဲ့ ၀ါရင့္အဆိုေတာ္တစ္ေယာက္ ျဖစ္ျပီး VCD တစ္ေခတ္လံုးမွာ သွ်မ္းသွ်မ္းေတာက္ေရပန္းစားခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ ယေန႕ခ်ိန္ထိ လည္း ပရိသတ္ေတြၾကိဳက္နွစ္သက္မဲ့ သီခ်င္းေတြကို တင္ဆက္ရင္း အဆိုေတာ္တစ္ေယာက္ အျဖစ္ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနဆဲျဖစ္သလို တစ္ဖက္မွာလည္း သာယာေအးခ်မ္းတဲ့ မိသားစုေလးကို တည္ေဆာက္ထားနိုင္တဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္လည္းျဖစ္ပါတယ္။

ေဇာ္ပိုင္ ရဲ႕ ကိုယ္ပြား ပံုတူေလးလို႕ ဆိုရေအာင္ ရုပ္ခ်င္းဆင္တူတဲ့ သားေခ်ာေလးတစ္ေယာက္ ရွိျပီး သားသားေလးနာမည္ကေတာ့ ေရႊပိုင္ ျဖစ္ပါတယ္။ လက္ရွိမွာ အသက္(၇) နွစ္ရွိျပီျဖစ္တဲ့ ေရအပိုင္ေလးဟာ အေဖျဖစ္သူလိုပဲ အနုပညာအလုပ္ကို လုပ္ကိုင္ရတာ ၀ါသနာပါလာသူေလးျဖစ္ျပီး ေၾကာ္ျငာေလးေတြကို လက္လွမ္းမိသေလာက္ စတင္လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

အနုပညာအလုပ္ေတြကို လုပ္ေဆာင္ေနျပီျဖစ္တဲ့ သားသားေလး ေရႊပိုင္ဟာ မၾကာခဏဆိုသလို အင္တာဗ်ဴးေတြကို ေျဖၾကားေနျပီျဖစ္ျပီး ပရိသတ္ေတြ သူ႕ကိုခ်စ္လာေအာင္ သတိထားမိေစခဲ့တဲ့ အရာတစ္ခုကေတာ့ စကားေျပာ ယဥ္ေက်းျပီး နူးညံ႕တာေလးျဖစ္ပါတယ္။ သူ႕ထက္ အသက္အရြယ္ၾကီးတဲ့ သူေတြက နုတ္ဆက္စကားေျပာသည္ျဖစ္ေစ ၊အင္တာေ်ဴးေမးျမန္းသည္ျဖစ္ေစ ျပန္ေျဖခ်ိန္မွာ “ဟုတ္ကဲ့ … ခင္ဗ်” ဆိုတဲ့ အသံုးအႏႈန္းေလးကို စကားလံုးတုိင္းမွာ သံုးနႈန္းေျပာဆိုတတ္ျပီး တခ်ိဳ႕ ပရိသတ္ေတြကေတာင္ ေရႊပိုင္လို သားေလးမ်ိဳး လိုခ်င္တယ္လို႕ ေတာင္ မွတ္ခ်က္ေပးခဲ့ၾကတာျဖစ္ပါတယ္။

Source:Zaw Paing
Khin Mi Mi- CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

စကားပြောယဉ်ကျေးလွန်းတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို ခံနေရတဲ့ အဆိုတော် ဇော်ပိုင်ရဲ့ သားလေး ရွှေပိုင်

အဆိုတော် ဇော်ပိုင် ကတော့ အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ ဝါရင့်အဆိုတော်တစ်ယောက် ဖြစ်ပြီး VCD တစ်ခေတ်လုံးမှာ သျှမ်းသျှမ်းတောက်ရေပန်းစားခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ယနေ့ချိန်ထိ လည်း ပရိသတ်တွေကြိုက်နှစ်သက်မဲ့
သီချင်းတွေကို တင်ဆက်ရင်း အဆိုတော်တစ်ယောက် အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်သလို တစ်ဖက်မှာလည်း သာယာအေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်ပါတယ်။

ဇော်ပိုင် ရဲ့ ကိုယ်ပွား ပုံတူလေးလို့ ဆိုရအောင် ရုပ်ချင်းဆင်တူတဲ့ သားချောလေးတစ်ယောက် ရှိပြီး သားသားလေးနာမည်ကတော့ ရွှေပိုင် ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၇) နှစ်ရှိပြီဖြစ်တဲ့ ရေအပိုင်လေးဟာ အဖေဖြစ်သူလိုပဲ အနုပညာအလုပ်ကို လုပ်ကိုင်ရတာ ဝါသနာပါလာသူလေးဖြစ်ပြီး ကြော်ငြာလေးတွေကို လက်လှမ်းမိသလောက် စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီဖြစ်တဲ့ သားသားလေး ရွှေပိုင်ဟာ မကြာခဏဆိုသလို အင်တာဗျူးတွေကို ဖြေကြားနေပြီဖြစ်ပြီး ပရိသတ်တွေ သူ့ကိုချစ်လာအောင် သတိထားမိစေခဲ့တဲ့ အရာတစ်ခုကတော့ စကားပြော ယဉ်ကျေးပြီး နူးညံ့တာလေးဖြစ်ပါတယ်။ သူ့ထက် အသက်အရွယ်ကြီးတဲ့ သူတွေက နုတ်ဆက်စကားပြောသည်ဖြစ်စေ ၊အင်တာေျူးမေးမြန်းသည်ဖြစ်စေ ပြန်ဖြေချိန်မှာ “ဟုတ်ကဲ့ … ခင်ဗျ” ဆိုတဲ့ အသုံးအနှုန်းလေးကို စကားလုံးတိုင်းမှာ သုံးနှုန်းပြောဆိုတတ်ပြီး တချို့ ပရိသတ်တွေကတောင် ရွှေပိုင်လို သားလေးမျိုး လိုချင်တယ်လို့ တောင် မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။

Source:Zaw Paing
Khin Mi Mi- CeleGabar